စစ်ကိုင်းတိုင်း၊ ကလေးခရိုင်း၊ မင်းကင်မြို့၊ အမှတ်(၂)ရပ်ကွက်တွင် ယခုလ၂၁ ရက် ညနေ ၅ နာရိအချိန်က ကွမ်းယာရောင်း သူလေး၏ နုတ်ဆက်အပြုံးကို ကွမ်းယာလာဝယ်သူက စိတ်မထိန်းနိုင်ဘဲ ပွေ့ဖက် နမ်းရှုံ့လိုက် သည့်အတွက် မင်းကင်းမြို့မရဲ စခန်းက ကွမ်းယာဝယ်သူကို အမှုဖွင့်အရေးယူလိုက်ကြောင်း တာဝန်ကျ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
အသက်(၂၉)နှစ်အရွယ် မ.... ဆိုသူသည် သူမ၏ ဈေးဆိုင်၌ ဈေးရောင်းနေစဉ် မင်းကင်းမြို့နယ်၊ လက် သမား ချောင်ကျေးရွာနေ ကို.... အသက်(၂၃)နှစ်ဆိုသူမှ ထိုဈေးဆိုင်သို့ ကွမ်ယာ ငါးကျပ်ဖိုး ၀ယ်ယူရန်ရောက် ရှိလာခြင်း ဖြစ်သည်။
ထို့နောက် ကွမ်းယာရောင်းသူမှ ကွမ်းများကိုယာနေချိန်တွင် ထိုဈေးဆိုင်ရှေ့မှ ဆိုင်ကယ်စီး၍ ဖြတ်သန်း သွားသည့် ကွမ်းယာရောင်းသူ၏ အသိမတ်ဆွေများကို ကွမ်းယာရောင်းသူမှ ပြုံးပြ၍နုတ်ဆက်နေစဉ် ကွမ်းယာ လာရောက်ဝယ်ယူသူမှ ကွမ်းယာရောင်းသူအား ပွေ့ဖက် နမ်းရှုံ့ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းက မှတ်တမ်းများရယူထားသည်ဟု သိရသည်။
ထို့ကြောင့် ကွမ်းယာရောင်းသူ မ.... ဆိုသူက သူမအား ပွေ့ဖက်နမ်းရှုံ့ခဲ့သူ ကို... အား ဥပဒေအရ အရေး ယူပေးရန် ရဲစခန်းသို့သွားရောက်တိုင်တန်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ တိုင်တန်းချက်အား မင်းကင်းမြို့မရဲစခန်းက(ပ) ၉/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၅၄အရ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိ ကြောင်း သိရှိရသည်။
သတင်း၊ ကိုတိုးကြီး
From: Thit Htoo Lwin
Time in Rangoon


0 comments:
Post a Comment