Saturday, January 25, 2014

" ယာဉ်မတော်တဆမှုအတွက် သတိပေးနေသော်လည်း ရန်ကုန်-မန္တလေး အမြန်လမ်း၌ ယာဉ်တိမ်းမှောက် သေဆုံးမှု လျော့နည်းလာခြင်းမရှိ"

Posted by drmyochit Saturday, January 25, 2014, under | No comments


ယာဉ်မတော်တဆ ဖြစ်နိုင်သည့်အတွက်သတ်မှတ်အရှိန်နှုန်းဖြင့်မောင်း နှင်ကြရန် သတိပေးထားသော် လည်း အမြန်လမ်းတွင် ကားတိမ်းမှောက်၍ သေဆုံး မှုလျော့ နည်းလာခြင်း မရှိဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဦးနေဝင်း က ပြောသည်။

”လစဉ် အမှုက ၁၅၊ ၂ဝ၊ ၂၅ ဒီလို ပဲသွားနေတယ်။ လျော့သွားတယ်ရယ် လို့ မရှိဘူး” ဟု ရဲမှူးကြီးက ပြောသည်။

၂ဝဝ၉ ခုနှစ် မတ်လတွင် ကား စတင် ဖြတ်သန်းခွင့်ပြုပြီးနောက် ကား ဖြတ်သန်းမောင်းနှင်ခဲ့သည့် ကြိမ်ရေ ၈ သန်းရှိခဲ့သည်။

ဖြစ်စဉ်များ အားလုံးကို ခြုံ၍ ကြည့်ပါက ယာဉ်မောင်းများ၏ ပေါ့ဆမှု ကြောင့်ဖြစ်ပြီး အရှိန်ပြင်းစွာမောင်းနှင် ခြင်းကြောင့်လည်း ပါဝင်သည်ဟု ရဲမှူး ကြီးက မှတ်ချက်ပြု သည်။

ရဲမှူးကြီး နေဝင်းက ”ကျွန်တော်တို့ ရဲ့ ဥပဒေအရ ကားတွေကို စည်းကမ်း တကျ လွပ်လပ်စွာ သွားခွင့်ပေးထားပါ တယ်။ သို့သော်လည်း စည်းကမ်းမဲ့ ဖြစ် တာတွေေ ကြာင့်အမှုတွေက မလျော့သေး ဘူး” ဟု ပြောသည်။

၁ နာရီ ကီလိုမီတာ ၁ဝဝ ကျော် ပါက အန္တရာယ်ရှိနိုင်ကြောင်း သတိပေး ဆိုင်းဘုတ်များဖြင့် ပြသခြင်း၊ သတ်မှတ် အရှိန်အတိုင်း မောင်း/မမောင်း ကို ရွေ့ လျားစက် များဖြင့် လိုက်စစ်ခြင်းများ ကို ရဲတပ်ဖွဲ့က အမြန်လမ်း၌ ပြုလုပ် သော်လည်းလုံလောက်မှုရှိပြီဟု မပြော နိုင်သေးကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

”ရပ်သင့်တဲ့အချိန်၊ နားသင့်တဲ့အချိန် တွေမှာရပ်နားရပါ့မယ်။ စွတ်မောင်းတော့ တာယာတွေမခံနိုင်ဘူး။ ဒါနဲ့ မှောက် ရော” ဟု၎င်းကဖြည့်စွက်ပြောသည်။

အမြန်လမ်းရဲတပ်ဖွဲ့ စာရင်းအရ ယာဉ်မတော်တဆ ဖြစ်မှုတွင် ယာဉ်ကြီး ထက် ကိုယ်ပိုင်ယာဉ်ငယ်များက အများ ဆုံးဖြစ်ကြောင်း တွေ့ရသည်။

ထိုထဲတွင် အရှိန်ပြင်းမောင်းမှု ကြောင့် ရှေ့ကားကို နောက်ကားမှ တိုက်သောအမှုမှာတစ်လလျှင် ၃ မှုနှုန်း ခန့်လည်း ရှိနေသည်။

PN-051
Popular Myanmar News Journal

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်