Saturday, January 25, 2014

(၂၀၁၄-၂၀၁၅)ပညာသင်နှစ်မှစတင်ပြီး နိုင်ငံခြားဖြစ်စက္ကူများဖြင့် ပြောင်းလဲပုံနှိပ်သွားမည့် ကျောင်းသုံးစာအုပ်များ

Posted by drmyochit Saturday, January 25, 2014, under | No comments


Saturday 25th January 2014

(၂၀၁၄-၂၀၁၅)ပညာသင်နှစ်ကစပြီး နိုင်ငံခြားဖြစ်စက္ကူများနဲ့ ကျောင်းသုံးစာအုပ်များကို
 ပြောင်းလဲ ပုံနှိပ် သွားရန် ရှိတယ်လို့ ပြည်သူ့လွှတ်တော်အစည်းဝေးမှ သတင်းများအရသိရပါတယ်။အခုလိုဆောင်ရွက်ရာမှာ(၂၀၁၁-၂၀၁၂)ပညာသင်နှစ်မှစပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသုံးစာအုပ်များအား နိုင်ငံတော်မှအခမဲ့ထောက်ပံ့ပေးခဲ့တာဖြစ်ပြီး ဒီလိုထောက်ပံ့ပေးမှုတွေအပြင် ကျောင်းသုံးစာအုပ်အဖုံးအား ပြည်တွင်းဖြစ် Local Duplex အစားမူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စိတ်ဝင်စားမှုရှိလာစေရန်အတွက် နိုင်ငံခြားဖြစ်စက္ကူ Foreign Duplex  ကို ပြောင်းလဲပုံနှိပ်ထုတ်လုပ်ခဲ့တာ ဖြစ်တယ်လို့သိရပါတယ်။

အဆိုပါပုံနှိပ်ထုတ်လုပ်မှုတွေအပြင် (၂၀၁၄-၂၀၁၅)ပညာသင်နှစ်မှလည်းစတင်ပြီး အခြေခံပညာမူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းသုံး စာအုပ်များကိုအတွင်းသား စက္ကူအား နိုင်ငံခြားဖြစ်စက္ကူ Wood Free (ဖြူ/ချော)နဲ့ စာအုပ်အဖုံးအား နိုင်ငံခြားဖြစ် စက္ကူ Art Card (ကြွေချော)ဖြင့် ပြောင်းလဲပုံနှိပ်ထုတ်လုပ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

ဒီလိုပုံနှိပ်ထုတ်လုပ်ရာမှာလည်း ပညာရေးဝန်ကြီးဌာနအနေနဲ့ (၂၀၁၄-၂၀၁၅)ပညာသင်နှစ်စတင်ပြီး အခြေခံပညာမူလတန်းအဆင့် ကျောင်းသုံးစာအုပ်(၂၂)မျိုးကို ပြန်ကြားရေးဝန်ကြီးဌာနသို့အပ်နှံပြီး အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသုံးစာအုပ်(၅၉)မျိုးကို ပုဂ္ဂလိကပုံနှိပ်တိုက်များကိုအပ်နှံကာ အရည်အသွေးမြင့် နိုင်ငံခြားစက္ကူနဲ့ ပုံနှိပ်ထုတ်ဝေသွားမှာ ဖြစ်တယ်လို့သိရပါတယ်။

From: MRTV 4

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်