Saturday, January 25, 2014

သားမြတ်ကင်ဆာ ကာကွယ်နိုင်တဲ့ နည်း

Posted by drmyochit Saturday, January 25, 2014, under | No comments


လွန်ခဲ့တဲ့၁၀ နှစ်ကထက်စာရင်သားမြတ်ကင်ဆာ ဖြစ်နှုန်းဟာ နှစ်စဉ်နှစ်တိုင်း ကျဆင်းလျက် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရောဂါကို ကာကွယ်နိုင်တဲ့ အချက်တွေကလည်း ပိုမိုလွယ်ကူလာတယ်လို့ သုတေသီတွေက ဆိုပါတယ်။ အောက်ပါ နည်းလမ်းတွေဟာ သုတေသီတွေက အသစ်တွေ့ရှိထားတဲ့ သားမြတ်ကင်ဆာ ကာကွယ်နိုင်တဲ့ နည်းတွေပါ။

၁။ ကလီစာများရှောင်ပြီး ရောဂါမဖြစ်အောင် ကာကွယ်ပါ...

အသည်းနဲ့ ကျောက်ကပ်လိုမျိုး ကလီစာတွေဟာ Cadmium ခေါ်တဲ့ ခန္ဓာကိုယ်ကို ဒုက္ခပေးတဲ့ သတ္တု ဓာတ်တွေ ပေါကြွယ်ဝတဲ့ အစာတွေပါ။ သူတို့ကိုစားမိရင် သင့်ခန္ဓာကိုယ်ရဲ့ တစ်သျှူးအတွင်းမှာ စုဆောင်းနေ တတ်ပါတယ်။ ဒီ Cadmium တွေနဲ့ ထိတွေ့သူတွေဟာ သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၇ ရာခိုင်နှုန်း ပိုများတယ်လို့ ကယ်လီဖိုးနီးယား တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ Cadmium ဟာ ပုံမှန် မဟုတ်တဲ့ ဆဲလ်တွေကို ပိုမိုထကြွစေပြီး ကြီးထွားမှုကိုလည်း မြန်ဆန်စေကာ ရောဂါပျံ့နှံ့ နှုန်းလည်း မြန်ဆန်နိုင်ပါတယ်။

Tips!ဆေးလိပ်သောက်ခြင်းကြောင့်လည်း Cadmium တွေ အများအပြား ရရှိနိုင်ပါတယ်။

၂။ ဂေါ်ဖီထုပ်စားပြီး ရောဂါဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်းကို လျှော့ချပါ...

ဂေါ်ဖီထုပ်မှာ ဆာဖိုရဖိန်းနဲ့ အင်ဒိုးထရီးကာဗီနော (I 3C) တွေ အများအပြား ပါဝင်တာကြောင့် ပိုလျှံနေတဲ့ အီစထရိုဂျင်တွေ သားမြတ်တစ်သျှူးကို မဖျက်ဆီးနိုင်ခင်မှာ ဖြိုခွဲပစ်နိုင်ပါတယ်။ ကိုက်လန်၊ ပန်းဂေါ်ဖီပွင့်၊ ဘရိုကိုလီ တွေမှာလည်း ကင်ဆာကို ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိတွေ ရှိပါတယ်။

၃။ စပျစ်သီးဖျော်ရည် သောက်ပြီး ခုခံအားစနစ် ကောင်းမွန်အောင် လုပ်ဆောင်ပါ...

စပျစ်သီးဖျော်ရည်မှာ တခြားဖျော်ရည်တွေထက် ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်း လေးဆ ပိုမိုပါဝင်ပါတယ်။ ဒါ့အပြင် သူ့မှာ ခုခံစွမ်းအားစနစ် မြင့်တက်စေနိုင်တဲ့ အန်သိုဆိုင်ရာနင် အမျိုးအစား ၃၁ မျိုး ပါဝင်ပါတယ်။ နေ့စဉ် စပျစ်သီး ဖျော်ရည်တစ်ခွက် သောက်တာကြောင့် တစ်ပတ်အတွင်း ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထွားမှုကို ပိတ်ပင်နိုင်ပြီး သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၉ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။

၎။ ကြက်သွန်ဖြူကို မီးဖုတ်ပြီးစားကာ ဆဲလ်များကို ကာကွယ်ထားပါ...

မီးဖုတ်ထားတဲ့ ကြက်သွန်ဖြူမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း အများအပြား ပါဝင်ပြီး ပုံမှန်မဟုတ်တဲ့သားမြတ်ဆဲလ်တွေ ချေဖျက်ပစ်နိုင်ပါတယ်။ နေ့စဉ် ကြက်သွန်ဖြူနှစ်ဥ စားတာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို ၂၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်တယ်လို့ ဝါရှင်တန် တက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

၅။ ဆီးသီးခြောက်စားပြီး ရောဂါ ဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ချပါ...

လက်တစ်ဆုပ်စာ ဆီးသီးခြောက်ကို နေ့စဉ် စားသုံးတာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၅၀ ရာခိုင်နှုန်း အထိ လျှော့ချနိုင်တယ်လို့ သုတေသန ပြုလုပ်ချက်အရ တွေ့ရှိခဲ့ပါတယ်။ ခွက်တစ်ဝက်စာ ဆီးသီးခြောက်မှာ ဘီတာကယ်ရိုတင်း ၂၃၄၂ အိုင်ယူ ပါဝင်ပါတယ်။ ဘီတာကယ်ရိုတင်းဟာ ဗီတာမင်အေ အမျိုး အစားဖြစ်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ခုခံအား ဆဲလ်ထုတ်လုပ်မှုကို ၃၃ ရာခိုင်နှုန်းထိ မြင့်တက်စေနိုင် ပါတယ်။ ကန်စွန်းဥ၊ ဟင်းနုနယ်ရွက်၊ မုန်လာဥနီ ဒါမှမဟုတ် သခွားသီး ခွက်တစ်ဝက်စာ ကို လည်း ဆီးသီးခြောက်အစား စားသုံးနိုင်ပါတယ်။

Tips!
၁။ အနီရောင်ဝိုင်ကို နေ့စဉ်တစ်ခွက် သောက်တာကလည်း သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင် ပါတယ်။ အီစထရိုဂျင် အဆင့်တွေကို နိမ့်ကျစေပြီး တက်စထရိုစတီရုန်း အဆင့်ကို မြင့်တက်စေနိုင်လို့ပါ။

၂။ ဗီတာမင်ဒီဟာလည်း သားမြတ်တစ်သျှူးအတွင်း ကင်ဆာကို တွန်းလှန်နိုင်တဲ့ ကယ်စီထရိုင်ရောအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။ နေ့စဉ် ဗီတာမင်ဒီ ၂၀၀၀ IU မှီဝဲတာကြောင့် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၂၅ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။

>>>လူသားပီသစွာဖြင့် ဆောင်းပါးရှင်အမည်ကို ပြောင်းလဲခြင်း/ချန်လှပ်ထားခြင်းမျိုး မပြုလုပ်ကြပါရန် မေတ္တာရပ်ခံပါသည်<<<

By ဒေါက်တာခင်မိုးမိုး(Good health)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်