Saturday, January 25, 2014

သြစတြေးလျအိုးပင်းတင်းနစ် အမျိုးသမီးပွဲစဉ်တွင် တရုတ်တင်းနစ်မယ် လီနာ ဗိုလ်စွဲ

Posted by drmyochit Saturday, January 25, 2014, under | No comments


အသက် ၃၁ နှစ်အရွယ် လီနာသည် သြစတြေလျးအိုးပင်းဆုဖလားကို ပထမဆုံးအကြိမ် ရယူနိုင် ခဲ့ခြင်း ဖြစ်သည်။

သြစတြေးလျအိုးပင်း တင်းနစ်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ယနေ့ ယှဉ်ပြိုင်ကစားခဲ့ရာ တရုတ်တင်းနစ်မယ် လီနာက ဆလိုဗက်ကီးယားသူ ဒိုမီနီကာ စီဘယ်ကိုဗာကို ၇-၆၊ ၆-၀ ဖြင့် အနိုင်ရရှိကာ ဆုဖလားဆွတ်ခူးသွားသည်။ အသက် ၃၁ နှစ်အရွယ် လီနာသည် သြစတြေလျးအိုးပင်းဆုဖလားကို ပထ မဆုံး အကြိမ် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ်နှင့် ယမန်နှစ် သြစတြေးလျအိုးပင်းတွင် ဒုတိယနေ ရာဖြင့်သာ ကျေနပ်ခဲ့ရသည်။

လီနာသည် ၂၀၀၁ ခုနှစ် သြစတြေးလျအိုးပင်း ဗိုလ်လုပွဲတွင် ကမ်ကလိုက်စတားကို ရှုံးနိမ့်ခဲ့ပြီး ဒုတိယ ဆုသာ ရရှိခဲသည်။ ထို့အတူ ယမန်နှစ် ပြိုင်ပွဲတွင်လည်း ဗိုလ်လုပွဲတွင် ဗစ်တိုးရီးယား အဇာရင်ကာကို ရှုံးနိမ့် ခဲ့သည်။ ယခုနှစ်တွင်မူ ရှာရာပိုဗာ၊ ဆရီနာဝီလျံ၊ အိုင်ဗန်နိုဗစ်၊ အဇာရင်ကာ အစရှိသည့် နာမည်ကြီး တင်းနစ် မယ်များ ပြိုင်ပွဲမှ စောစီးစွာ ထွက်ခွာခဲ့ရခြင်းကလည်း လီနာအတွက် ဆုဖလားဆွတ်ခူးနိုင်ရေး အခွင့် အလမ်းကောင်းဖြစ်ခဲ့သည်။

လီနာသည် ယခုနှစ် သြစတြေးလျအိုးပင်း ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့သဖြင့် ကမ္ဘာ့တင်းနစ်အားကစားတွင် အဓိကကျသော ဂရင်းဆလင်းပြိုင်ပွဲ ဆုဖလားကို ၂ ကြိမ် ရရှိခဲ့ပြီဖြစ်သည်။ ၎င်းသည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ် အိုးပင်း ဆုဖလားကိုလည်း ရရှိထားသည်။ လီနာနှင့် ဗိုလ်လုပွဲတွင် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရသည့် အသက် ၂၄ နှစ်အရွယ် ဆလိုဗက်ကီးယား တင်းနစ်မယ်လေးမှာ ဂရင်းဆလင်းပြိုင်ပွဲကြီးများ၏ ဗိုလ်လုပွဲ စဉ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သူဖြစ်သည်။

From: Planet Myanmar Network











0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်