Saturday, January 25, 2014

UWSA ``၀´´ အဖွဲ့မှ လားဟူ၊ အင်၊ လွယ်တိုင်းရင်းသားများအား အတင်းအဓမ္မ လူသစ်စုဆောင်းနေ

Posted by drmyochit Saturday, January 25, 2014, under | No comments


Saturday, January 25, 2014

မိုင်းကာဒေသအတွင်းရှိ ကျေးရွာများ၌ နေထိုင်သော လားဟူ၊ အင်၊ လွယ်တိုင်းရင်းသားများအား ဇန်န၀ါရီ ဒုတိယပတ်မှစ၍ ``၀´´ ပြည်သွေး စည်းညီညွတ်ရေးတပ်မတော် UWSA အဖွဲ့မှ အတင်းအဓမ္မ လူသစ်စု ဆောင်းနေမှုကြောင့် အခြားမြို့ရွာများသို့ ပြောင်းရွှေ့ရန် စီစဉ်နေရကြောင်း ယင်းဒသခံများ ထံမှ သိရသည်။

UWSA ``၀´´အဖွဲ့မှ အဆိုပါ ကျေးရွာများ၌ အိမ်ထောင်စု ၁ စုလျှင် ယောက်ျားတစ်ဦးနှုန်း``၀´´ တပ်ဖွဲ့ဝင် အဖြစ် မ၀င်မနေရ တာဝန်ထမ်းဆောင်ရမည်ဟုပြောကာ အတင်းအဓမ္မလာရောက် ဖမ်းဆီးခေါ်ဆောင်နေ ကြောင်း ဒေသခံလားဟူလူမျိုးကို ကျမူးက ဆိုသည်။

``UWSA `၀´ နယ်မြေဆိုတော့ သူတို့ အနိုင်ကျင့်တာကို ခံနေရတာပေါ့၊ နေချင်စိတ်လည်း မရှိတော့ပါဘူး။ အစိုးရအုပ်ချုပ်တဲ့ နယ်မြေထဲကို ပြောင်းဖို့ လုပ်နေကြပါတယ်´´ ဟု ယင်းက ဆက်လက်ပြောကြားသွားသည်။

အဆိုပါတိုင်းရင်းသားအနေဖြင့် `၀´၏ ထိန်းချုပ်နယ်မြေတွင် အတင်းအဓမ္မလူသစ်စုဆောင်းမှုများကြောင့် မနေလိုတော့ဘဲ အခြားမြို့ရွာများသို့ ပြောင်းရွှေ့ချင်သော်လည်း UWSA `၀´ခေါင်းဆောင်များ၏ ထိန်းချုပ်မှု ကြောင့် အခက်
ကြုံနေရကြောင်း သိရသည်။

``ပြောင်းချင်ရင် ပြောင်းလို့ရတယ်။ ဒါပေမယ့် အိမ်နဲ့ပိုင်ဆိုင်သမျှ ပစ္စည်းတွေ ဘာတစ်ခုမှ ယူမသွားရဘူး ဆိုတော့ ကျွန်မတို့က ဘယ်လိုလုပ်ပြောင်းလို့ရတော့မလဲ။ ဘာပစ္စည်းမှ မပါဘဲနဲ့ ဘယ်နားသွားနေရမလဲ´´ ဟု ဒေါ်နန်းအွန်က ပြောသည်။

UWSA ``၀´´အဖွဲ့မှ ရွာသားများပြောင်းရွှေ့ပါက မည်သည့်ပစ္စည်းမှ ယူဆောင်ခွင့်မပြုကြောင်း အမိန့် ထုတ်ထားသဖြင့် ရွာသူ ရွာသားများအနေဖြင့် အတင်းအဓမ္မလူသစ်စုဆောင်းမှု ကို ရှောင်လွှဲ လို၍ ပြောင်းရွှေ့ လိုသော်လည်း ``၀´´ ခေါင်းဆောင်များ၏ အနိုင်ကျင့်ကန့်သတ်ထားမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိ ကြောင်း သိရှိရပါသည်။

စိုင်းအောင်ခမ်း
Shan News

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်