Saturday, January 25, 2014

(၁၁)လသား ကလေးကို ရိုက်နှက်ပြီး သေမတတ်ဒဏ်ရာရနေတာကို ဓာတ်ပုံရိုက်ခဲ့တဲ့ မိခင်အား ထောင်ဒဏ်တစ်သက် ချမှတ်

Posted by drmyochit Saturday, January 25, 2014, under | No comments





(၁၁)လသားကလေးကို  သေမတတ်ရိုက်နှက်ပြီး သူကိုယ်တိုင်နဲ့တွဲ ဓာတ်ပုံရိုက်ခဲ့တဲ့ အကြမ်းဖက်မိခင် ကို ထောင်ဒဏ် တစ်သက် ချမှတ်လိုက်ပါတယ်။

မိခင်ဖြစ်သူဟာ အသက်၂၅နှစ်အရွယ်ရှိ Emma Wilsonဖြစ်ပြီး ကလေးကတော့ Callum Wilson ဖြစ်ပါတယ်။ Emma Wilsonဟာ Callumလေးကို အသေရိုက်နှက်တာကြောင့် Callumလေးဟာ အမြင်အာရုံကွယ်၊ အရိုး (၁၁)ချောင်းကျိုးသွားပြီး ကုမရတဲ့ ဦးနှောက်ထိခိုက်မှုလည်း ရရှိခဲ့ပါတယ်။ ရိုက်နှက်တာ ကြမ်းလွန်းလို့ အောက်ထပ်က မျက်နှာကျက်တောင် တုန်ခါနေခဲ့တယ်လို့ သိရပါတယ်။

Callum လေးရဲ့ ထိခိုက်ဒဏ်ရာတွေဟာ Callumရဲ့ အစ်ကို (နှစ်နှစ်သား)က မနာလိုလို့လုပ်တာလို့ဆိုပြီး ကလေးကို အပြစ်တင်ဖို့ ကြိုးစားပါသေးတယ်။

Emma Wilsonကို ပထမတော့ ထောင်ဒဏ် ၁၄နှစ် အနည်းဆုံးဆိုပြီး ချမှတ်ခဲ့ပါတယ်။ Old Baileyမှာလုပ်ခဲ့တဲ့ တရားခွင် ၅ပတ်လုံး Emma Wilsonဟာ ဘာခံစားမှ မပြခဲ့ဘူးလို့ တရားသူကြီး Stephen Kramer QC ကပြောပါတယ်။

နောက်တော့ Callumလေး အသည်းအသန် ဝေဒနာခံစားနေရတယ်ဆိုတာကို တရားရုံးက ကြားခဲ့ပါတယ်။ နောက်တစ်ပတ်နှစ်ပတ်မှာပဲ Callumလေးဟာ သေဆုံးသွားခဲ့ရပါတယ်။ အဲ့ဒီ့ရက်သတ္တပတ်တွေ အတွင်းမှာ ကလေးနဲ့သူ့ရဲ့ “မတိုင်ခင်” နဲ့ “နောက်ပိုင်း” ဆိုပြီး ပုံတွေတွဲရိုက်နေတော့တာပါပဲ။

“နောက်ပိုင်း” ပုံတွေမှာတော့ Emma Wilson ဟာ သွားပေါ်အောင်ရယ်ထားပြီး သူမဘေးမှာတော့ မျက်နှာမှာ အပြင်းအထန် ဒဏ်ရာရထားတဲ့ ငိုနေတဲ့သားငယ်ကို တွေ့ရပါတယ်။

“မင်းဟာ ကောင်းမွန်တဲ့၊ ချစ်စဖွယ်ကောင်းတဲ့၊ အထောက်အပံ့ရတဲ့ မိသားစုကြီးက လာခဲ့တာပါ။ သားနှစ်ယောက် ရှိတဲ့နေရာမှာ တခြားသားတစ်ယောက်အတွက် မိခင်ကောင်းတစ်ယောက် ဖြစ်ခဲ့ပေမဲ့ Callum လေးကိုတော့ အကြောင်းတချို့ကြောင့် ပစ်ပယ်ခဲ့တယ်။ ကလေးနှစ်ယောက်ကို စောင့်ရှောက်ရတာ မနိုင်နင်းဘူးဆိုလည်း မင်းမိသားစုနဲ့ ကျန်းမာရေးပညာရှင်တွေ ရှိနေတာပဲ။ တရားခွင်တလျှောက်လုံးလဲ ဘာစိတ်ခံစားချက်မှ မပြဘူး။ ဒီအမှုမှာ အဲ့ဒါ ပြဿနာအသွင်တစ်ခုပဲပေါ့။”လို့ တရားသူကြီးက Emma Wilson ကိုပြောခဲ့ပါတယ်။

Ref:www.mirror.co.uk
From: Trend Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်