Friday, February 14, 2014

ကွင်တားနား ပြန်ထွက်သွားဟု စစ်တွေဒေသခံတို့ကြိုဆို

Posted by drmyochit Friday, February 14, 2014, under | No comments


မြန်မာနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေများကို လာရောက်လေ့လာရန် မြန်မာပြည်ရောက်ရှိလာသည့် မစ္စတာ ကွင်တာနားမှာ ဖေဖော်ဝါရီလ(၁၄)ရက်နေ့၌ စစ်တွေလေဆိပ်သို့ ရောက်ရှိရာဒေသခံ (၃၀) ၀န်း ကျင် က ကန့်ကွက်ဆန္ဒထုတ်ဖော်မှုများ ပြုလုပ် ခဲ့ကြောင်း စစ်တွေဒေသခံများထံမှ သိရှိရသည်။

မစ္စတာကွင်တားနား၏ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း စစ်တွေအကျဉ်းထောင်နှင့် ဒုက္ခသည်စခန်းများသို့ သွားရောက် မည် ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင်တစ်ဦးထံမှ သိရှိရသည်။

“ လေဆိပ်အပြင်မှာ ဒေသခံ(၃၀)က အလိုမရှိ ကန့်ကွက်ကြောင်း မစ္စတာကွင်တားနားကို ဆန္ဒ ထုတ်ဖော် ခဲ့ကြ တာပါ၊ ကွင်တားနားအလိုမရှိ Get out ၊ Get out လို့အော်ပြီးဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ” ဟု စစ်တွေမြို့ခံ တစ်ဦးက ပြောသည်။

Tomas Ojea Quintana မှာ ဖေဖော်ဝါရီလ ၁၄ ရက်မှ ၁၉ ရက်နေ့အထိ မြန်မာနိုင်ငံသို့ လာရောက် မည်ဖြစ် သည်ဟု UN မှ သတင်းထုတ်ပြန်ထားသည်။

Mr. Ojea Quintana သည် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ သီလ၀ါစက်မှုဇုန် အခြေ အနေ များကို လာရောက်လေ့လာသည့် ခရီးစဉ်တစ်ခုဖြစ်ကြောင်း အဆိုပါခရီးစဉ်မှ တွေ့ရှိမှုများကို UN သို့ လူ့အခွင့် အရေး အစီရင်ခံစာ ပြန်လည်တင်ပြရမည်ဖြစ်ပြီး ၄င်းမှာ ကရင်ပြည်နယ်သို့ လာရောက်ရန် ဖိတ်ကြားခံထားရကြောင်းကိုလည်း သိရသည်။

“ ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ ကျွန်တော့်အနေနဲ့ အစိုးရက ဘာတွေလုပ်နေပြီး လူ့အခွင့် အရေး အရ ပြည်သူတွေ ဘာ တွေ နစ်နာနေလဲဆိုတာကို လေ့လာနိုင်မယ် ထင်ပါတယ်။” ဟု လူ့အခွင့်အရေး အထူး ကျွမ်းကျင်သူ တစ်ဦး ကဆိုသည်။

ဖေဖော်ဝါရီလ-၁၉ ရက်နေ့တွင် ၄င်း၏ ခရီးစဉ်များ ပြီးဆုံးပါက Mr.Quintana မှ ရှာဖွေတွေ့ရှိချက်များအား ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်၌ ညနေ (၆း၁၅)နာရီ၌ သတင်းစာ ရှင်းလင်း ပွဲပြုလုပ်မည် ဟူ၍ လည်းကြေ ညာထားသည်။

၎င်း၏ အစီရင်ခံစာ အပြည့်အစုံကို မတ်လ ၁၇ ရက်နေ့တွင် လူ့အခွင့်အရေး စောင့်ကြည့်ရေးကောင်စီသို့ အပြီး သတ် တင်ရမည် ဖြစ်သည်။

မစ္စတာကွင်တားနား၏ ပြီးခဲ့သည့် မြန်မာပြည်ခရီးစဉ်အတွင်းကလည်း ၄င်းကို ဘက်လိုက်သည်ဟု ဆိုကာ ရန်ကုန်၊ မိတ္တီလာနှင့် စစ်တွေဒေသခံများအပြင် အချို့မြို့များ၌လည်း ၄င်းကိုကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသေးသည်။

မိုးဝေ-ရခိုင်ပြည်နယ် ( မြစ်မခ ) 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်