Monday, February 10, 2014

ဗြိတိန်က ငွေထုတ်စက်မှာ ဓါးပြတိုက်ခံရ

Posted by drmyochit Monday, February 10, 2014, under | No comments


ဗြိတိန်နိုင်ငံ အနောက်မြောက်ပိုင်း Devon က ငွေထုတ်စက် တစ်ခုမှာ ဓားပြ တိုက်မှု တစ်ခု ဖြစ်ခဲ့ ပါတယ်။ ငွေထုတ်နေ တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုး သမီးငယ်ကို ဓားနဲ့ ထောက်ပြီး ငွေတောင်းခံခြင်း ဖြစ် ပါတယ်။

ဒါနဲ့ပဲ လတ်လတ်လောလော ထုတ်ထားတဲ့ ဗြိတိန်ပေါင် ၁၀၀ ကို ကြောက် အား လန့်အားနဲ့ ပေးလိုက်ရ ပါတယ်။ ယင်း ဓားပြတိုက်မှု ကိုမှတ်တမ်း တင်ထားတဲ့ စီစီတီဗီ ကင်မရာမှ ဗီဒီယိုကို Dailymail မှ အွန်လိုင်းပေါ် တင်ခဲ့ ပြီး ဗြိတိန်နိုင်ငံက လူထု တစ်ရပ် လုံးကို တုန်လှုပ်ခြောက်ခြားစေ ခဲ့ပါတယ်။ ငွေထုတ်တဲ့ အချိန်က ည ၉ နာရီ အချိန် ဖြစ်ပါတယ်။ ဒါကြောင့်မို့ ငွေထုတ် စက်မှာ ထားရှိတဲ့ လုံခြုံရေး စနစ်၊ ပတ်ဝန်းကျင်က လုံခြုံရေး မရှိမှုကို မီးမောင်းထိုး ထင်သာမြင်သာ ရှိစေခဲ့ပါတယ်။

ဒါကြောင့်မို့ ငွေထုတ်စက်မှ ငွေထုတ်များအနေနဲ့ နေရာနဲ့ အချိန်ခါကို လေ့လာ လို့ ငွေထုတ်သင့်ကြောင်း ရဲများမှ အကြံပေး ပြောဆိုခဲ့ပါတယ်။

International news for Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်