Monday, February 10, 2014
ရခိုင်ပြည်နယ်အတွင်း အမျိုး သမီးများအား အကြမ်းဖက်မှုနှင့် သတ်ဖြတ်ခဲ့မှုများကို လာမည့် မတ်လတွင် စတင်စာရင်းကောက် ယူသွားမည်ဖြစ်ကြောင်း ရခိုင် အမျိုးသမီးများအစည်းအရုံးဥက္ကဋ္ဌ
ဒေါ်စောမရလင်းက ပြည်ထောင်စု နေ့စဉ်သို့ပြောသည်။
လူမှုရေးအဖွဲ့အစည်းများနှင့် ပရဟိတအဖွဲ့အစည်းများဖြင့် ပူး ပေါင်း၍ စစ်တမ်းကောက်ယူသွား မည်ဖြစ်ကာ ပြစ်မှုကျူးလွန်သည့် ပုဂ္ဂိုလ်များကို အရေးယူထားမှုနှင့် စစ်ဆေးပြီးစီးမှုတို့အပြင် အမှုမှန် များပေါ်ပေါက်ရေးအတွက် မည်မျှ အကျိုးသက်ရောက်သည့်ဆောင် ရွက်နေမှုနောက်ဆက်တွဲကို မည်သို့ ကာကွယ်ရန်ကိစ္စများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်းသိရသည်။
''ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အကုန်လုံးကိုစာရင်းကောက် ယူသွားမှာပါ။ အမျိုးသမီးတွေရှက် ကြောက်တဲ့စိတ်တွေကြောင့် မပြော ရဲ မဆိုရဲတာတွေရှိတယ်။ အဲဒါ တွေကို ပြောရဲလာအောင်လုပ်ပေးရ မှာပါ''ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံးဥက္ကဋ္ဌ ဒေါ်စောမရ လင်းကပြောသည်။
မတ်လတွင် စနစ်တကျလုပ် ဆောင်ကောက်ယူသွားမည်ဖြစ်ကာ ယင်းလုပ်ငန်းစဉ်ကြောင့်နိုင်ငံတော် အတွက် အကျိုးပြုနိုင်ရန်နှင့်ငြိမ်း ချမ်းရေးဖြစ်စဉ်များကိုဝိုင်းဝန်းပံ့ပိုးမှု ဖြစ်ကြောင်း၎င်းကဆက်ပြောသည်။
''တိုင်းပြည်တည်ငြိမ်အေးချမ်း ရေးတွေလိုလားမယ်ဆိုရင် အမျိုး သမီးတွေ အကြမ်းဖက်ခံရမှုက ပပျောက်ဖို့ အရေးကြီးတယ်လို့ ကျွန်မတို့သုံးသပ်ထားတာရှိပါ တယ်။ ရခိုင်အမျိုးသမီးတွေက မင်းပြားမြို့နယ်မှာအသတ်ခံရတာလဲ ရှိတယ်။ ပေါက်တောမြို့နယ်မှာလဲ အသတ်ခံရတာရှိတယ်။ ကျောက် တော်ကလေးငယ်လေးတွေအသတ် ခံရတာရှိတယ်။ဒါမျိုးတွေကိုစနစ် တကျ စစ်တမ်းကောက်ယူပြီးတော့ မှ လက်စားပြန်ချေမယ့်နည်းလမ်း မျိုးမဟုက်ဘူး။ အဖြစ်မှန်တွေကို ဖော်ထုတ်ပြီးတော့မှ အဲဒီ့ဟာတွေ ကို ဘယ်လိုကာကွယ်မလဲ။ ရှေ့ ဆက်ပြီး ဘယ်လိုလုပ်သွားရမလဲ။ တည်ငြိမ်အေးချမ်းရေးကို အမျိုး သမီးတွေလက်နဲ့ဘယ်လိုကာကွယ် မလဲ။ ဘယ်လိုပူးပေါင်ဆောင်ရွက် ရမလဲဆိုတာတွေဖြစ်လာနိုင်အောင် ကျွန်မတို့ကစစ်တမ်းကောက်ယူသွား မှာပါ''ဟု၎င်းကဆက်ပြောသည်။
ရခိုင်အမျိုးသမီးများ အစည်းအရုံးသည် ပြည်တွင်းသို့ဝင်ပြီး စတင်ကြိုးစားဆဲကာလပင်ဖြစ် ကြောင်း၊ ထို့ကြောင့် ဒေသခံလူမှုရေးအဖွဲ့အစည်းများ၊ ပရဟိတ အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး စစ်တမ်းများကောက်ကာ ပြစ်မှု ကျူးလွန်သော ပုဂ္ဂိုလ်များကို အရေးယူထားမှုအနေအထား မည်မျှ ရှိပြီးနှင့် မည်မျှအထိ စစ်ဆေးထားပြီးကြောင်း စသည်ဖြင့် အမှုမှန် များပေါ်ပေါက်ရေးကို မည်မျှအထိ အကျိုးသက်ရောက်စေရန်ဆောင်ရွက်နေသည်၊ နောက်ဆက်တွဲ မည်သို့ကာကွယ်နိုင်မည် ဆိုသောကိစ္စများကို ဒေသရှိ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ လူသိရှင်ကြားဖြစ်ခဲ့သောအမှု များရှိသကဲ့သို့ လူမသိဘဲဖြစ်ခဲ့သည်များလည်းရှိကြောင်း ဆက် ပြောကြားသည်။
The Union Daily
Time in Rangoon


0 comments:
Post a Comment