Sunday, March 09, 2014
အသက်၁၀နှစ်နဲ့  အိမ်ထောင်သည်ဖြစ်ခဲ့ရတဲ့ အီသီးအိုးပီးယားကလေးမလေးရဲ့ ဘ၀ဇတ်ကြောင်း
Posted by drmyochit Sunday, March 09, 2014, under | No comments
အိန္ဒိယက ကလေးသတို့ သမီးတစ်ယောက်။
၁၀နှစ်အရွယ်မိန်း ကလေးတစ်ယောက် အိမ်ထောင်ပြုရတဲ့ အဖြစ်ဟာ အံ့အားသင့်စရာကောင်းပေမယ့် ဒီလို အဖြစ် အပျက်က သူတစ်ယောက်ထဲတော့မဟုတ်ပါ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြီးရဲ့ ကိန်းဂဏန်းများ အရ နှစ်စဉ် အသက်၁၅နှစ်အောက် ၁၄.၂သန်းသောကလေးငယ်တွေဟာ အတင်းအဓမ္မ အိမ်ထောင်ပြု ပေးခြင်းခံနေရတယ်လို့ သိရပါတယ်။
အကျိုးဆက်ကတော့ထိတ်လန့် ဖွယ်ပါ။ပညာရေးနဲ့ သူတို့ ရဲ့ ကလေးဘ၀ ရပ်တန့် သွားတယ်။ မိန်းကလေး ငယ်တွေဟာ လိင်ဆက်ဆံတဲ့ကိစ္စမှာ စိတ်ဒဏ်ရာတွေရရှိ သွားကြတယ်။ အိမ်တွင်း အကြမ်းဖက် မှုတွေဖြစ် ပွား တယ်။ပိုမိုကောင်းမွန်တဲ့ဘ၀၊အလုပ်အကိုင်ရရှိဖို့ စတဲ့အခွင့်အလမ်းတွေ အားလုံး လက်လွတ် ဆုံးရှုံး သွားပါ တယ်။တချို့ မိန်းကလေးတွေဟာ ကလေးမွေးစဉ်မှာပဲသေဆုံး သွားကြပါတယ်။
အသက်၃၈နှစ်ရှိပြီဖြစ်တဲ့ အယ်လမ်ဆာဟေးဟာအခု လန်ဒန်မှာနေတယ်။ ငယ်ငယ်နဲ့ အိမ်ထောင်ချပေး ခဲ့တဲ့မိဘတွေ ကိုအခုထိဒေါသထွက်နေတုန်းပါ။
"အိမ်ထောင်ပြုဖို့ ကျမတို့ ကရွေးချယ်ခဲ့တာမဟုတ်ဘူး။ ကျမမိဘနဲ့ သူ့ မိဘတွေက ကျမတို့ အိမ်ထောင်ရေး ကိုဆုံး ဖြတ်ခဲ့ကြတာပါ။"
အိမ်ထောင်မကျခင်က အီသီအိုးပီးယား မြောက်ပိုင်းမှာနေခဲ့တဲ့ ပျော်စရာကလေးဘ၀ကိုသူပြန်ပြောင်း သတိ ရ တယ်။ ကျမကျောင်းတက်တယ်လေ။အိမ်ထောင်ကျတော့ကျောင်းထွက်လိုက်တယ်။ စားဖို့ နဲ့ ကစားဖို့ သာ အတွေးရှိတဲ့ ကလေးဘ ၀ပျော်စရာတွေကိုပြန်သ တိရမိပါတယ်။
နောက်တော့တခါမှ မတွေ့ ဘူးခဲ့တဲ့ကောင်လေးတစ်ယောက်နဲ့ လက်ထပ်လိုက်ရတယ်။
ကျမသူ့ ကိုမသိခဲ့ဘူး။ ဒါပေမယ့် သူ့ ကိုတွေ့ လိုက်ရတော့ အိုကေပါတယ်။သူကကျမလို့ ပဲကလေး တစ်ယောက်ပဲ။ သူကအဲဒီတုန်းက ၁၆ နှစ်ရှိပြီ။သူလည်း ကျမလိုပဲ အိမ်ထောင်ပြုရလို့ စိတ်ညစ်နေတာ။
မိန်းကလေးတွေ ချဉ်းပဲ အတင်းအကျပ် အိမ်ထောင်ပြုခဲ့ရတာမဟုတ်။ယောက်ျားလေးတွေလည်း အတင်းအကျပ် အိမ်ထောင်ပြုခိုင်းခြင်း ခံခဲ့ကြရပါတယ်။ ဒါပေမယ့် အများစု ကတော့ မိန်းကလေးတွေပါ။
ယောက်ျားလေးတွေက  သက်တူရွယ်တူဒါမှမဟုတ်သူတို့ နဲ့ ငယ်သူနဲ့ အိမ်ထောင်ပြုရတယ်။ မိန်းကလေးတွေ ကတော့ သူတို့ ထက်အများကြီး အသက်ကြီးသူတွေနဲ့ အိမ်ထောင်ပြုကြရ တယ်။ယောက်ျားလေးတွေက  ကျောင်းထွက်၊ မိန်းကလေးတွေကလည်း ငယ်ငယ်ရွယ်ရွယ် နဲ့ ကလေးတွေ မွေးရတယ်။
အလမ်ဆာဟေးက သူနဲ့ အသက်သိပ်မကွာသူနဲ့ ရတော့ တော်ပါသေးတယ်။ အိမ်ထောင်ကျတော့ ကျောင်းထွက်၊ အိမ်ကနေ ယောက်ျားနောက်ကိုလိုက်သွားရတယ်။ အီသီအိုးပီးယန်းအိမ်ထောင်ရှင်မတွေရဲ့ ထုံး စံ အတိုင်း ထင်းခွေရေခပ် ယောက်ျားအတွက် အအစားအစာချက်ပြုပ်ပေးရတယ်။အဲဒါသူ့ ရဲ နေ့ တဒူဝ အလုပ်ပါ။
အသက် ၁၃ နှစ်မှာကိုယ်ဝန်ဆောင်ရပြီး သားလေးတစ်ယောက်မွေးပါတယ်။ မိန်းမကြီး တစ်ယောက်လို မဖွံ့ ဖြိုးသေးတဲ့ သူ့ ရဲ့ ကလေးကိုယ်ခန္ဓာက ကိုယ်ဝန်ဆောင်ရတဲ့ဒဏ်ကိုမခံနိုင်ပါဘူး။ "ကိုယ်ဝန်ဆောင်ရ တော့ကျမ အရမ်း နာကျင်တယ်။ ငိုရတယ်။ ကလေးမွေးတော့လည်း အရမ်းနာတာပဲ။ကျမ ကလေးပဲ ရှိသေးတာ။"
အမေ တစ်ယောက်ဖြစ်လာတော့ မိခင်ဘ၀က ပိုခက်ခဲ ပါလာတယ်။ အဲဒီကာလက အီသီအိုးပီးယားမှာပြည် တွင်းစစ်ဖြစ်နေတဲ့ ၁၉၈၉ ကာလပေါ့။ အီသီ အိုးပီးယားမှာ၁၉၇၄ကနေ ၁၉၉၁ ထိပြည်တွင်းစစ်ဖြစ်ခဲ့တယ်။ လူ ၁.၄သန်းလောက်သေကြ တယ်။အဲဒီစစ်ပွဲမှာ သူ့ ယောက်ျားလည်းအသတ်ခံလိုက်ရတယ်။
"ကျမကလေးမီးဖွားပြီးတော့ စစ်ပွဲကြီးဖြစ်တာပဲ။ကျမယောက်ျားကို သူတို့ ခေါ်သွားကြတယ်။ အဲဒီ တုန်းကသူက ၁၉နှစ်ပေါ့။ စစ်ပွဲထဲသူသေသွားတာပဲ ... ၁၃နှစ်နဲ့ ကျမမုဆိုးမဖြစ်ခဲ့တာပေါ့။ သူကျမကို တစ်နှစ်သားလေးနဲ့ ထားသွားခဲ့တယ်။"
လက်မထပ်ချင်ပဲ လက်ထပ်ခဲ့ ရပေမယ့် သေဆုံးသွားတဲ့သူ့ ယောက်ျားအတွက် ၀မ်းနည်းနေ ခဲ့တုန်းပဲ။
သူ့ ယောက်ျားဟာ  ဘ၀တိုတိုလေးနေခဲ့ရပြီး ပျော်ရွှင်စရာဆိုလို့ နည်းနည်းလေးပဲရခဲ့တယ်လို့ တွေး
ပြီးဝမ်းနည်း နေတုန်းပဲ။
"ကျမသူ့ အတွက်ဝမ်းနည်းမိတယ်။ သူ့ ဘ၀မှာဘာမှ မပျော်ရွှင်ခဲ့ရဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျ။နောက်တော့ စစ်ပွဲထဲမှာ တခါတည်း ဘ၀ အဆုံးသတ်သွားခဲ့ရတယ်။ ကျမ သူ့ သားကိုကြည့်ပြီး တခါတခါ ငိုမိပါတယ်။ "
တစ်ယောက်ထဲ ကူကယ်ရာမဲ့ နေတဲ့သူ့ ကို လူကုန်ကူးတဲ့သူတွေက နိုင်ငံခြားမှာ ပိုကောင်းတဲ့ ဘ၀နေ ထိုင်စေ ရ မယ်လို့ ကတိတွေပေးပြီးအီဂျစ်ကိုခေါ်သွားတယ်။ ဒါနဲ့  သူ့ သားကိုအဘွားနဲ့ ထားခဲ့ပြီး အီဂျစ်မှာ သွားအလုပ် လုပ်တော့ အဲဒီမှာ လုပ်ခမရပဲကျွန်ခံခဲ့ရပြန်တယ်။နောက်တော့ နောက်ထပ် လူကုန်ကူးတဲ့ သူတွေက ယူကေ ကိုပို့ ဖို့ စီစဉ်ကြပြန် တယ်။ ကျမလန်ဒန်ကိုအာရပ်ကလူတွေနဲ့ ခိုးဝင်ခဲ့တယ်။
သူတို့ က နင်ငါတို့ နဲ့ အလုပ်လုပ်ရင် လန်ဒန် ကိုခေါ်သွားမယ်လို့ ပြောတယ်။ သူတို့ ကျမ ကိုခေါ်လာပြီးဒီမှာထားခဲ့တယ်။
အသက်၁၆နှစ်မှာ မွေးစားတဲ့မိသားစုနဲ့ နေခဲ့ပေမယ့် ခုတော့သူဘာသာ တိုက်ခန်းလေးတစ်ခုမှာနေနေ ပါပြီ။ သူကျောင်းပြန်တက်တယ်။အင်္ဂလိပ်စာသင်တယ်။ အီသီအိုးပီးယားက ကလေးသတို့ သမီးတွေ ကိုကူညီဖို့ ရည်ရွယ်ပြီး Girls Not Brides ဆိုတဲ့ အဖွဲ့ လေးတစ်ခုဖွဲ့ တယ်။
အသက် ၂၅နှစ်ရှိပြီးဖြစ်တဲ့သူ့ သားဟာ အဘွားနဲ့ အီသီအိုးပီးယားမှာနေထိုင်ပြီး အမေဖြစ်သူ တခါတရံ အလည်လာတဲ့အခါတွေ့ ကြရပါတယ်။
"ကျမသူ့ ကို လန်ဒန်ကိုခေါ်ချင်ပါတယ်။သူက အသက် ၂၀ ပြည့်သွားပြီဆိုတော့ လန်ဒန်ကိုခေါ်ချင်ပေမယ့် အရမ်းခက်ခဲ ပါတယ်။မနှစ်က ကျမကြိုးစားကြည့်ပေမယ့်အဆင်မပြေဘူး။ "
"ကျမသားကို ငယ်ငယ်နဲ့ အိမ်ထောင်ပြုဖို့ ဘယ်တော့မှ မစဉ်းစားနဲ့ လို့ ပြောတယ်။ ကျမ သူ့ ကိုပ ညာတတ် စေချင် တယ်။အမေ့ကိုကြည့်။သားအမေဟာငယ်ငယ်နဲ့ အိမ်ထောင်ကျခဲ့ လို့ ဘ၀တစ်ခုလုံး ရှုပ်ထွေး ကုန်တာကို ကြည့်လို့ သူ့ ကိုပြောရတယ်။"
"ကလေးမလေးတွေအိမ်ထောင်မပြုကြနဲ့ ။ကလေးဘ၀လေးကိုပျော်ပျော်နေ။ကျောင်းသွားပြီး စာတွေ သင်ကြပါလို့ ပြောချင်တယ်။ကျမအတွက်တော့ကျမကလေးဘ၀ကို ဓားပြတိုက်လုယူသွားခြင်းခံရ တယ်လို့ ပဲခံစား ရတယ်။ အခုတော့လန်ဒန်မှာအရာအားလုံးကိုပြန်ပြီး သင်ယူ နေပါတယ်။ ကလေးတွေ ကျောင်းကို သွားပြီး စာသင်ကြားကြပါစေ။ကလေးတွေကိုငယ်ငယ်နဲ့ အိမ်ထောင် ချပေး လိုက်တာ သူတို့ ကလေးဘ၀ကို ဆုံးရှုံးသွားစေတာပါပဲရှင်။"
The Melting Pot 4 U
0 comments:
Post a Comment
Tags
Labels
နောက်ဆုံးရ သတင်းများ
Blog Archive
Blog Archive
ဆက်သွယ်ပေးပို့ရန်
drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်
ရှာဖွေရန်