Sunday, March 09, 2014

ပျောက်ဆုံးနေသော မလေးရှားလေယာဉ် အဆက်အသွယ်မပြတ်ခင် ပြန်လှည့်ခဲ့သည့် အထောက်အထားများတွေ့ရ

Posted by drmyochit Sunday, March 09, 2014, under | No comments


ယမန်နေ့ နံနက်ပိုင်းက ပျောက်ဆုံးသွားသည့် မလေးရှားခရီးသည်တင်လေယာဉ်မှာ မပျောက်ဆုံးမီအလျင် ပြန်လှည့်ရန် ကြိုးစားခဲ့သည့် အခြေအနေ များကို တွေ့ရှိခဲ့ရခြင်းကြောင့် တာဝန်ရှိသူများက ရှာဖွေသည့် ဧရိယာကို ပိုမိုတိုးမြှင့်ခဲ့သည်ဟု မလေးရှား လေတပ်အကီးအကြီးအကဲက ယနေ့တွင် ပြောကြားလိုက်သည်။

ခရီးသည်နှင့် လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ ဦးကို တင်ဆောင်လာသည့် ဘိုးအင်း ၇၇၇ အမျိုးအစား အဆိုပါလေ ယာဉ်အား ရှာဖွေနေခြင်းမှာ ၂ ရက်ကြာမြင့်နေပြီဖြစ်ပြီး ကြောက်ရွံ့မှုများလည်း အမြင့်ဆုံးအ ဆင့်သို့ ရောက်နေသည်။၊ ရေဒါမှ အချက်အလက်များအရ အဆိုပါလေယာဉ်မှာ ပြန်လှည့်ခဲ့သည့် အနေအ ထားရှိသည်ဟု တွေ့ရှိခဲ့ရပြီး မည်သည့်အကြောင်းကြောင့် ထိုကဲ့သို့ ပြန်လှည်ခဲ့ခြင်းကို စုံးစမ်းမှုများလည်း ပြုလုပ်နေ သည်။

“သွားနေတဲ့လမ်းကြောင်းနဲ့ သွေဖည်ပြီး ဒီလေယာဉ်ဟာ ပြန်လှည်ခဲ့တယ်ဆိုတဲ့ သတိပြုစရာ ဖြစ်နိုင်ချေတွေ ရှိနေပါတယ်။ ဖြစ်နိုင်ချေတွေထဲက တစ်ခုကတော့ ဒီလေယာဉ်ဟာ ကွာလာလမ်ပူကို ပြန်လှည့်ခဲ့တယ် ဆိုတာပါပဲ” ဟု ဗိုလ်ချုပ် ရိုဒ်ဇာလီ ဒါဝူဒ်က ပြောကြားခဲ့သည်။

ကွာလာလမ်ပူမှ ဘေကျင်းသို့ ထွက်ခွာသွားခဲ့ပြီး ယမန်နေ့အစောပိုင်း အဆက်အသွယ်ပြတ်တောက်သွား သည့်အချိန်တွင် အဆိုပါလေယာဉ်မှာ မလေးရှားနှင့် ဗီယက်နမ်တောင်ပိုင်းအကြားတွင် ရှိနေမည်ဟု ယူဆရပြီ၊ ဗီယက်နမ်နိုင်ငံက ထိုနေရာတွင် ရှာဖွေမှုများပြုလုပ်နေသော်လည်း မသည့် သဲလွန်စကိုမှ မတွေ့ရှိသေးပေ။

မလေးရှားအာဏာပိုင်များကလည်း ပထမပိုင်းတွင် နိုင်ငံအရှေ့ တောင်တရုတ်ပင်လယ်အတွင်း ရှာဖွေမှု များပြုလုပ်နေပြီး ပြန်လှည့်ခဲ့သည့်ဆိုသည့် အချက်အလက်များကို တွေ့ရှိရသောကြောင့် နောက်ပိုင်းတွင် နိုင်ငံအနောက်ပိုင်း ကမ်းရိုးတမ်းတွင်ပါ ရှာဖွေမှုများကို တိုးမြှင့် ပြုလုပ်နေကာ၊ အဆိုပါ ကမ်းရိုးတမ်းနှင့် မျက်နှာချင်းဆိုင်ရှိ အင်ဒိုနီးရှားပိုင် ဆူးမာတြားကျွန်းတွင် ကူညီရှာဖွေမှုများကို ပြုလုပ်ရန် အင်ဒိုနီးရှားအစိုးရအား တောင်းဆိုထားသည်။

အဆိုပါလေယာဉ်ပေါ်တွင် နိုင်ငံကူလက်မှတ်အတု ကိုင်ဆောင်သည့် လူနှစ်ဦးအပါဝင် မသင်္ကာစရာ လူလေးဦးလည်းလိုက်ပါသွားပြီး စုံစမ်းစစ်ဆေးမှု များကို ပြုလုပ်နေသည်ဟု မလေးရှား နိုင်ငံခြားရေးနှင့်၊ ကာကွယ်ရေးဝန်ကြီး ဟီရှာမူဒင်ဟူစိန်က ပြောကြားခဲ့သည်။ ပျောက်ဆုံးနေသော အဆိုပါ လေယာဉ်ရှာဖွေမှုကို လက်ရှိတွင် လေယာဉ် ၂၂ စင်း၊ သင်္ဘောအစင်း ၄၀ တို့ဖြင့် ပြုလုပ်နေသည်ဟု သိရသည်။

Ref : Aljazeera

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်