Sunday, March 09, 2014

အဖေအမေကို တရားစွဲတဲ့ သမီး

Posted by drmyochit Sunday, March 09, 2014, under | 1 comment


အမေရိကန် နယူးဂျာစီပြည်နယ်က အသက် ၁၈နှစ်အရွယ် သမီးဖြစ်သူက မိဘတွေကိုပြန်ပြီး တရားစွဲ လိုက်ပါတယ်။ ရေချယ်ဆိုတဲ့ မိန်းကလေးက မိဘတွေ သူ့ ကို အိမ်ပေါ်က မောင်းချ လိုက်တယ် လို့စွပ်စွဲပြီး ကျောင်းစရိတ်နဲ့ နေထိုင်စရိတ်တွေ အတွက် မိဘများကို တရား စွဲခဲ့တာ ဖြစ်ပါတယ်။

မိဘတွေကသူ့ အပေါ် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အရ လွဲမှားစွာ ဆက်ဆံ ခံခဲ့ကြပြီး ဒါတွေ အဆုံး သတ်ဖို့ အတွက်အိမ်က ဆင်းခဲ့ခြင်းဖြစ် တယ်လို့ ရေချယ်ကပြောပါတယ်။ သူ့ မိဘတွေဟာ တစ်နှစ်ကို ၀င်ငွေ ဒေါ်လာသုံး သိန်းကျော် ရှိကြောင်း၊ အခု ကျောင်း နှစ်တစ်ဝက်မှာ သူ့ ကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ ကျောင်းစရိတ်ကို မပေးတော့ကြောင်း သူ့အမေ က သူ့ဖက်တီး၊ ၀က်ပုပ်စ သဖြင့်ခေါ်ပြီး အဖေကိုသူ့ ကိုရိုက်မယ်လို့ ခြိမ်းခြောက်တယ်၊ ရည်းစားနဲ့တွေ့ ခွင့်ကိုတားမြစ်တယ်၊ စကောလားရှစ် ရဖို့ ဖိအားပေးတယ်၊ နောက် မင်္ဂလာဆောင် မှာ သူအရက်မူးတဲ့ ကိစ္စ စတာတွေ ကို ပြောပါတယ်။

သူ့ မိဘတွေက ရေချယ်ကို အိမ်က မောင်းချတာ မဟုတ်ကြောင်း၊ အိမ်မှာ အိမ်မှုကိစ္စတွေ လုပ်ကိုင် ဖို့နဲ့ အိမ်ပြန်ဖို့ အချိန် သတ်မှတ်ချက် စတာတွေကို မလိုက်နာ နိုင်တာကြောင့် သူ့ သဘောနဲ့ သူ အိမ်ပေါ် ကဆင်း သွားခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဖခင်ရှောင်က "ကျနော်တို့ဟာ ကိုယ်သမီးက ကိုယ့်ကို တရားပြန်စွဲတာ ခံရတယ်။ ဘာမှ မပြောနိုင်အောင် ဆွံ့အသွားတယ်ဗျာ။ သူ့အမေလည်း ဒီလိုပဲ။ ကျန်တဲ့ သမီးတွေလည်း ဒီလိုပဲ ခံစား ကြရတယ်။ အိမ်မှာ နေတာ အိမ်အလုပ် လုပ်ရတယ် ဆိုတာလည်း အသေးအဖွဲ လေးတွေ လုပ်ခိုင်း တာပါဗျာ။ ညဖက်ကို အိမ်ပြန်ချိန် ကာ ဖျူးသတ်မှတ် တယ်ဆို တာလည်း ည ၁၁ နာရီနောက်ပိုင်းထက် ကျော်ပြီး အိမ်အပြင် မှာမနေဖို့ ပြော တာပါ" လို့ ဆိုပါတယ်။

" ကျနော်အိမ်မှာ နေပြီး ကျနော့် စည်းမျဉ်းကို လိုက်နာလို့သူ ဘာအခွင့်ထူး တွေရမလဲ။ ပုဂ္ဂလိ ကျောင်းမှာ တက်ရမယ်၊ ကား အသစ် စီးရမယ်။ ကောလိပ် ကျောင်းတက်ခွင့် ရမယ်ဗျာ။ ဒါပေမယ့် အိမ်ရဲ့ စည်းမျဉ်းတွေ ကိုတော့လိုက်နာရမယ်။နည်းနည်းတော့တင်းကျပ်တာပေါ့ဗျာ" လို့ ပြောပါတယ်။

အဖေနဲ့ သမီးက တရား ရင်ဆိုင် နေတုန်း နားတဲ့ အချိန်မှာ စကားပြောဖြစ် ခဲ့ပေမယ့် မိခင်ဖြစ်သူ အဲလိဇဘက် ကတော့ ငိုပါတယ်။


နယူးယော့ အခြေစိုက် ကလေး၊ ဆယ်ကျော်သက်နဲ့ မိသားစု ဆိုင်ရာ စိတ်ပညာရှင် ဂျင်နီဖာက "ဆယ်ကျော် သက်ကလေးတွေကို ပြုစုပျိုးထောင် ရတာ လွယ်တဲ့ ကိစ္စတော့မဟုတ်ပါဘူး၊ တချိန်ထဲ မှာပဲ ကလေးတွေ အတွက်လည်း ဆယ်ကျော်သက် ဘ၀ဆိုတာ ပန်းခြံထဲမှာ လမ်းလျှောက် နေရတာ မဟုတ်ပါဘူး"           လို့ ပြောပါတယ်။


the melting pot 4 U

1 comments:

မိဘမျက်​ရည်​ကျ​အောင်​လုပ်​တဲ့သမီးယုတ်

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်