မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲနယ်အတွင်းရှိအဆိုပြု သစ်တောကြိုးဝိုင်းအဖြစ် သိမ်း ဆည်းခံခဲ့ရပြီး ပုံစံ(၇)ရရှိခြင်းမရှိ သောကျေးရွာ ၁၁ ရွာမှတောင်သူ များစုပေါင်း၍ ဇူလိုင် ၂၅ ရက်တွင် ဆင်ပေါင်ဝဲမြို့၌ ဆန္ဒဖော်ထုတ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ဇူလိုင် ၂၀ ရက်နေ့ ဒီနေ့ပဲခွင့် ပြုချက်တင်ပါတယ်။ ရရ၊ မရရ ဆန္ဒဖော်ထုတ်မှာဖြစ်တယ်။ ကျေးရွာ ၁၁ ရွာကတောင်သူတွေ ဟိုး ဘိုးဘွားစဉ်ဆက်ကတည်းက ပိုင်ခဲ့တဲ့မြေကို သစ်တောက ရန်ပယ်ဆည်ရေဝေရေလဲဒေသဆိုပြီး ပုံစံ (၇)လည်းထုတ်မပေး၊ နောက်ပြီး သစ်ပင်တစ်ဧကကို အပင် ၁၅၀စိုက်ခိုင်းတယ်။ နောင်နှစ်အပင် ငါးရာစိုက်ရမယ်လည်း ပြောတယ်။ လုပ်စားစရာကိုမရှိအောင် တဖြည်းဖြည်းလုပ်လာနေလို့ ဆန္ဒဖော်ထုတ်တာဖြစ်ပါတယ်’’ ဟုဆန္ဒဖော်ထုတ်မှုကိုဦးဆောင်သူငှက်ပျောကျင်း ကျေးရွာမှတောင်သူဦးတင်ထွန်းအောင်က ပြောသည်။
ရန်ပယ်ဆည်၏ ရေဝေရေ လဲဒေသသစ်တောပိုင်အဖြစ် သိမ်းဆည်းခဲ့သောကျေးရွာ ၁၁ ရွာမှာဆင်ပေါင်ဝဲနယ်အရှေ့ပိုင်း ပဲခူးရိုးမအနီးမှကျေးရွာများဖြစ်ပြီး သိမ်းဆည်းခံလယ်ယာမြေဧက နှစ်သောင်းကျော်အထိ ရှိနေကြောင်းအဆိုပါအရေးကိစ္စကိုလိုက်ပါကူညီဆောင်ရွက်ပေးသူ ဆင်ပေါင်ဝဲမြို့နယ်ဒီချုပ်တောင်သူလယ်သမားရေးရာကော်မတီဥက္ကဋ္ဌ ဦးသက်လွင်ကပြောသည်။
အဆိုပါကျေးရွာ ၁၁ ရွာရှိ လယ်ယာမြေဧကနှစ်သောင်း ကျော်မှာ စိုက်ပျိုးလုပ်ကိုင်ခွင့်ရရှိ နေသေးသော်လည်း လယ်ယာ မြေပိုင်ဆိုင်ခွင့်မှာမူ လုံးဝမရှိ သောကြောင့် စိုက်ပျိုးစရိတ်ချေး ငွေလည်းမရရှိကြောင်း ကျေးရွာ (၁၁)ရွာအနက် ဓနုန်းမြောင်ကျေး ရွာမှ ဦးဟန်ဝင်းအောင်ကပြော သည်။
ဘိုးစဉ်ဘောင်ဆက် အဆက်ဆက်လုပ်ကိုင်ခဲ့သော လယ်ယာ မြေများဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ စတင်၍ ရန်ပယ်ဆည်၏ရေဝေ ရေလဲဒေသအဖြစ် သစ်တောဦးစီးဌာန၏ သတ်မှတ်ခြင်းခံရကာ သိမ်းဆည်းခံရသကဲ့သို့ ဖြစ်ခဲ့ရကြောင်း ဇိမ့်ကျေးရွာမှဦးဉာဏ်ဝင်းကဆိုသည်။
အဆိုပါရန်ပယ်ဆည်၏ရေ ဝေရေလဲဒေသအဖြစ်သတ်မှတ် ကာ သိမ်းဆည်းခံခဲ့ရသော ကျေး ရွာများမှာ အုပ်စုလေးအုပ်စုမှ ရွာပေါင်း ၁၁ ရွာဖြစ်ပြီး ကုန်းဘို၊ ကုန်းသာ၊ စမ်းအိုင်၊ ဓနုန်းမြောင်၊ မှန်ကင်း(မကင်း)၊ ဇိမ့်၊ ကန် ချောင်း၊ ငှက်ပျောကျင်း၊ ပေလည်၊မွှန်းစကျေးရွာနှင့်ငါးစင်ရိုင်းကျေး ရွာတို့ဖြစ်ကာ အိမ်ထောင်စုပေါင်း ငါးထောင်ကျော်ရှိကြောင်း ဦးသက်လွင်က ပြောသည်။
7 Day
Monday, July 21, 2014
အဆိုပြုကြိုးဝိုင်းအဖြစ်သိမ်းဆည်းခံရပြီး ပုံစံ (၇)မရရှိသော ကျေးရွာ ၁၁ ရွာမှတောင်သူများ ဆန္ဒဖော်ထုတ်မည်
Posted by drmyochit
Monday, July 21, 2014, under ပြည်တွင်းသတင်းများ | No comments
Time in Rangoon

0 comments:
Post a Comment