(လန်ဒန်၊ ဒီဇင်ဘာ ၂၉)
အင်္ဂလန်နိုင်ငံ မြောက်ပိုင်း
ယောက်ခ်ရှိုင်းယားနေ ခရေ့(ခ်ျ) ဘရောင်း ဆိုသူသည် စတိုးဆိုင်မှ Cadbury
ချောကလက်နှစ်တောင့် ဝယ်ယူခဲ့ရာ ချောကလက်ထဲ၌ ပိုး ဖလံအသေကောင် ပါဝင်လာသည်
ကို အံ့အားသင့်စွာ တွေ့ရှိခဲ့ရသည်။
အသက် ၂၁ နှစ်အရွယ် ဘ ရောင်းသည်
၎င်းချစ်သူ၏ကလေး နှစ်ယောက်အတွက် ချောကလက် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး Cadbury
ကုမ္ပဏီသို့ ဆက်သွယ်အကြောင်း မကြာခင် ဓာတ်ပုံရိုက်ယူထားခဲ့ သည်။
”ကျွန်တော် ဒီချောကလက် ကို စတိုးဆိုင်က
ဝယ်လာတာပါ။ ကံကောင်းစွာပဲ ကလေးတွေကို မကျွေးခင် ကျွန်တော် ဖောက်လိုက် တော့
အထဲမှာ ပိုးဖလံ အသေ ကောင် ပါနေတာကို တွေ့ရတယ်။ အစက ချောကလက် ထဲက အဆာ ထင်နေ
တာ။ သေချာကြည့် မှ ပိုးဖလံကောင်ဖြစ် နေတယ်”ဟု ၄င်းက ဆိုသည်။
ယင်းကိစ္စနှင့်ပတ်သက် ၍ Cadbury ကုမ္ပဏီမှ
တာဝန်ရှိသူ က ”မစ္စတာဘရောင်း တော်တော် စိတ်ပျက် သွားမှာပဲ။ ဒီအထုပ်ကို
ကျွန်တော် တို့ဆီ ပြန်ပို့ပေး လို့ ရပါ တယ်။ ဒါမှ ဘာ့ ကြောင့်ဖြစ်ရတယ်
ဆိုတာ စုံစမ်းနိုင်မှာပါဟု ပြောကြား ခဲ့သည်။
TW
Ref: mirror.co.uk
Popular Myanmar
Time in Rangoon


0 comments:
Post a Comment