Tuesday, January 06, 2015

အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသား

Posted by drmyochit Tuesday, January 06, 2015, under | No comments


အ၀တ်ဗလာ နဲ့ အပန်းဖြေရတဲ့ ကမ်းခြေမှာ စုံတွဲတွေနဲ့ အမျိုးသမီးတွေကို တိတ်တခိုး ဗီဒီယို ရိုက်ယူနေတဲ့ အမျိုးသားတစ်ဦးကို လူတစ်စုက သတိထားမိခဲ့ပြီး ရဲကို အကြောင်းကြား ဖမ်းဆီးစေခဲ့ပါတယ်။

သြစတြေးလျ နိုင်ငံ ၊ Adelaide’s Maslin ကမ်းခြေမှာ မျက်မြင်သက်သေတွေရဲ့ ပြောကြားချက်အရ မီးခိုးရောင် ဆံပင်ရှိပြီး တက်တူးတွေရှိတဲ့ အမျိုးသားတစ်ဦးဟာ သူကိုယ်တိုင်လည်း အ၀တ်ဗလာနဲ့ လာရောက် အပန်းဖြေနေပြီး ရေခဲပုံးတစ်ပုံးကို ကိုင်ဆောင်ထားပါတယ်။

ထိုရေခဲပုံးထဲမှာတော့ ကင်မရာတစ်လုံးကို လျှို့ဝှက်စွာ ထည့်ထားပြီး စုံတွဲတွေနဲ့ အမျိုးသမီးတွေကို ဗီဒီယို ခိုးရိုက်နေခဲ့ရာ ဒါကို ဖြတ်သန်းသွားတဲ့ အမျိုးသမီးတစ်ယောက်က တွေ့ရှိသွားပြီး သူမရဲ့ သူငယ်ချင်းတွေကို သတင်းပေးခဲ့တာဖြစ်ပါတယ်။

ထို သြစတြေးလျနိုင်ငံ Adeleaide’s Maslin ကမ်းခြေဟာ ၁၉၇၅ ခုနှစ်ကတည်းက သြစတြေးလျ ရဲ့ ပထမဆုံး အ၀တ်ဗလာနဲ့ အပန်းဖြေရတဲ့ ကမ်းခြေ အဖြစ် သတ်မှတ်ခဲ့တာဖြစ်ပါတယ်။

Ref:mirror.co.uk
Trend Myanmar

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်