Tuesday, January 06, 2015

Sony က ၁၂ ဒသမ ၉ လက်မ အရွယ်အစားရှိ Tablet ထုတ်မည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


၂၀၁၅ နှစ်ဆန်းပိုင်းတွင် Sony က ၁၂ ဒသမ ၉ လက်မ မျက်နှာပြင်အရွယ်အစားရှိ Xperia Ultra တက်ဘလတ်များ ထုတ်လုပ်ရောင်းချမည် ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။ Sony က စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်လုံး ထုတ်လုပ်ရောင်းချမည်ဟု ဒီဇင်ဘာလအတွင်း ထုတ်ပြန်ကြေညာခဲ့သော်လည်း အခက်အခဲများကြောင့် ထုတ်လုပ်ရောင်းချနိုင်ခြင်း မရှိခဲ့ပေ။
လက်ရှိအချိန်တွင် Sony က Tablet Ultra ကို ရောင်းချမည်ဟု သတင်းများထွက်ပေါ်လာပြီး ယင်း Tablet သည် ယခင်ထုတ်လုပ်ခဲ့သည့် အမျိုးအစားများထက် ပိုမိုပါးလွှာပြီး စွမ်းဆောင်ရည် ပိုမိုကောင်းမွန်မည်ဟု နည်းပညာသတင်းများ ဖော်ပြနေသည့် T3 သတင်းဌာနက ဆိုသည်။
Sony Xperia Ultra Tablet ကို ၂၀၁၅ ခုနှစ် အစောပိုင်းကာလများတွင် ထုတ်လုပ်ရောင်းချနိုင်ဖွယ်ရှိပြီး အရွယ်အစားကြီးမားသည့် အလျှောက် တန်ဖိုးကြီးမားနိုင်သည်ဟု T3 က ခန့်မှန်းဖော်ပြထားသည်။
မျက်နှာပြင် ပုံရိပ်အရည်အသွေး 3840x2400 pixels ရှိမည်ဖြစ်ပြီး ကြီးမားသည့် မျက်နှာပြင်ပေါ်တွင် အံဝင်အောင် ဖန်တီးထားသည်ဟု T3 က ဆိုသည်။
ကင်မရာအရည်အသွေး 8MP ရှိမည်ဖြစ်ပြီး 64 bit Qualcomm Chipset ကို ထည့်သွင်းထားခြင်းကြောင့် Android ၏ နောက်ဆုံးဗားရှင်းများ ထည့်သွင်းအသုံးပြုနိုင်မည့် Tablet တစ်လုံးဖြစ်သည်ဟု T3 က သုံးသပ်သည်။ Tablet သည် အထူ ၈ ဒသမ ၆ မီလီမီတာ ရှိမည် ဖြစ်သည်ဟု T3 က ဖော်ပြထားသည်။
Sony က Sony Xperia Ultra Tablet ကို  Pegatron Technology ကုမ္ပဏီနှင့် ပူးပေါင်း ထုတ်လုပ်မည်ဖြစ်ပြီး ယင်းကုမ္ပဏီသည် Microsoft နှင့် Apple တို့၏ Tablet များကို လည်း ပူးပေါင်းထုတ်လုပ်ခဲ့သည့် ကုမ္ပဏီ ဖြစ်သည်။
လက်ရှိအချိန်တွင် Samsung နဲ့ Apple တို့က ဈေးကွက်အတွင်း အပြိုင်ထိုးဖောက်နေသော်လည်း Sony ၏ Tablet သစ်သည်  ဈေးကွက်ကို စိန်ခေါ်နိုင်လိမ့်မည်ဟု Sony ၏ တာဝန်ရှိသူတစ်ဦးကဆိုသည်။ Apple အနေဖြင့်လည်း  ဧပြီ နှင့် ဇွန်လ အတွင်း  iPad Pro ကိုထုတ်လုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။ Sony က ၎င်းတို့၏ Tablet သစ်ကို လာမည့် ရက်သတ္တပတ် အတွင်းကျင်းပမည့် CES 2015 နည်းပညာ ပြပွဲတွင် ထုတ်ဖော် ကြေငြာမည်ဟု ခန့်မှန်းချက်များရှိနေသည်။
Sony Tablet သစ်၏ တန်ဖိုးကို အမေရိကန် ဒေါ်လာ ၁၀၀၀ ဝန်းကျင်ခန့် ရှိမည်ဟု T3 က ခန့်မှန်းထားသည်။
Ref: T3
Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်