Tuesday, January 06, 2015

ရုရှားစစ်တပ်တွင် အမှုထမ်းရန် နိုင်ငံခြားသားများကို ငှားရမ်းသွားမည်

Posted by drmyochit Tuesday, January 06, 2015, under | No comments


စစ်သားများအဖြစ် ရုရှားစစ်တပ်တွင် အနည်းဆုံးငါးနှစ် တာဝန်ထမ်းဆောင်ရန် ရုရှားစကားပြော တတ် သည့် နိုင်ငံခြားသားများအား ငှားရမ်းခေါ်ယူနိုင်သည့် အမိန့်ဒီကရီတစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က ဇန်နဝါရီလ ၅ ရက်တွင် ထုတ်ပြန်လိုက် သည်။ နိုင်ငံခြားသား စစ်သားသစ်များမှာ ဆိုဗီယက် အုပ်စုဝင်ဟောင်း ဗဟိုအာရှသမ္မတနိုင်ငံများမှ ဖြစ်မည်ဟု မျှော်လင့်ရသည်။
ရုရှား အပါအဝင် နိုင်ငံခြားတပ်ဖွဲ့ များသည် ယူကရိန်းတွင် တိုက်ပွဲဝင်နေကြသည်ဟု သတင်းများ ထွက်ပေါ်နေသော် လည်း ရုရှားနိုင်ငံက ၎င်း၏ တပ်ဖွဲ့ဝင်များကို ယူကရိန်းသို့ ပို့ဆောင်ခြင်းမရှိဟု ငြင်းဆိုထားသည်။
ရုရှားနိုင်ငံက အရှေ့ ယူကရိန်းဒေသ ခွဲထွက်ရေးသူပုန်များ သို့ လက်နက်ကြီး များနှင့် ကောင်းစွာ လေ့ကျင့် ထားသည့် တပ်ဖွဲ့ဝင် များ ပေးပို့နေသည်ဟု ယူကရိန်းနှင့် အနောက်အုပ်စုတို့ က စွပ်စွဲထားသည်။
ပူတင်၏ ယခုအမိန့် ထုတ်ပြန်ချက်သည် ရုရှားစစ်တပ် စွမ်းရည်မြှင့်တင်ရေးအတွက် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်သော်လည်း ဆိုဗီယက်အုပ်စုဝင် နိုင်ငံဟောင်းများနှင့် ရုရှားတို့ ၏ ဆက်ဆံရေးမှာ သံတမန်အရှုပ်အထွေးများ ရှိနေကြောင်း ဘီဘီစီ စစ်ရေးလေ့လာသူ ဂျွန်နသန်မားကတ်စ်က ပြောသည်။
ယင်းအမိန့် ထုတ်လိုက်ခြင်းဖြင့် ရုရှားနယ်စပ်များတွင် တပ်ဖြန့် ချထားသည့် တပ်မများအတွက် တပ်သား သစ်စုဆောင်းရေးကို တရားဝင် လွယ်ကူစွာ လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ရုရှားစစ်ရေးပညာရှင်ပါဗေးနှင့် အလက်ဇန္ဒြားဂေါ့ဖ်တို့ နှစ်ဦးစလုံးက ဘီဘီစီသို့ ပြောသည်။
"အရင်က စစ်မှုထမ်းချင်ကြတယ်ဆိုရင် ရုရှားနိုင်ငံသားဖြစ်ရမယ်။ ဒါမှမဟုတ် နိုင်ငံသားဖြစ်ကြောင်း စာရွက်စာတမ်းတွေရှိမှ စစ်မှုထမ်းခွင့် ရမယ်။ အခုအမိန့် အရတော့ နိုင်ငံသားမဖြစ်လည်း စစ်တပ်တွင်းမှာ တရားဝင် စစ်မှုထမ်းခွင့်ရပါပြီ။"ဟု ပါဗေးကပြောခဲ့သည်။
စီးပွားရေးကျပ်တည်းနေသည့် ယခုကာလအချိန်အတွင်း နိုင်ငံခြားသား စစ်သားများအနေဖြင့် ရုရှား တပ်မတော် အတွင်း ဝင်ရောက် စစ်မှုထမ်းပါက လစာ ရူပီး ၃၀၀၀၀(အမေရိကန်ဒေါ်လာ ၅၀၀) ရရှိမည်ဖြစ်ပြီး နိုင်ငံသားဖြစ်ခွင့်လည်း မျှော်လင့်၍ ရကြောင်း အလက်ဇန္ဒြားဂေါ့ဗ်က ဖြည့်စွက်ပြောခဲ့သည်။
Ref: BBC
Mizzima

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်