Wednesday, January 23, 2013

တရားမ၀င် စက်သုံးဆီအရောင်းဆိုင်များ ဖွင့်လှစ်ခြင်းများကို အရေးယူသွားမည်

Posted by drmyochit Wednesday, January 23, 2013, under | No comments


ရေနံဥပဒေ နည်း ဥပဒေအား ရေးဆွဲ နေဆဲ ဖြစ်၍ တရားမ၀င် စက်သုံးဆီ အရောင်း ဆိုင်များ ဖွင့်လှစ် ခြင်းကို အမိန့် တစ်စုံ တစ်ရာ ထုတ်ပြန်၍ အရေးယူ သွားမည်ဟု စွမ်းအင် ၀န်ကြီးဌာန ဒုဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

နိင်ငံဝန်ထမ်းများအားလစာတိုးရန် လာမည့်ဘတ်ဂျက်တွင် ထည့်သွင်း ထားခြင်း မရှိ ပါကြောင်းဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီး ဖြေကြား

Posted by drmyochit Wednesday, January 23, 2013, under | No comments



ယနေ့နံနက် က နေပြည်တော်၌ ကျင်းပနေသည့် ပြည်သူလွှတ်တော် အစည်း အဝေးတွင် သီပေါ လွှတ်တော် မဲဆန္ဒနယ်မှဦးရဲထွန်းက လာမည့် ဘဏ္ဏာနှစ် ၂၀၁၃-၁၄ တွင်နိင်ငံ ၀န်ထမ်းများအား လစာတိုးမတိုး မေးမြန်းရာ ဘဏ္ဏာရေးနှင့်အခွန်ဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဒေါက်တာ မောင်မောင်သိန်း က"ယခုတင်ထားသော၂၀၁၃-၁၄ ဘဏ္ဏာရေး ဘတ်ဂျက် တွင် လစာတိုးရန် ဘဏ္ဏာငွေထည့်သွင်းထားခြင်းမရှိပါကြောင်း၊နောက်ဆက်တွဲ အခြေ အနေကို မသိပါကြောင်း ပြန်လည် ဖြေကြားသည်ဟုပေါ်ပြူလာ နယူးစ် သတင်းထောက်က လွှတ်တော်မှ သတင်းပေးပို့သည်။

ဖားကန့်ဒေသပြန်လာသူတွေပြောတဲ့ ကေအိုင်အေ မိုက်ရိုင်းမှူတွေ


မြန်မာစစ်တပ်က စတိုက်တယ်တဲ့လား၊ ငါ ဖားကန့်မှာ နေတုန်းက မြန်မာစစ်တပ်ကို တစ်ခါမှ ဆပ်ကြေးမပေးခဲ့ရဘူး၊ ကန်ပိုက်တီ ကိုဖြတ်မှ KIA TERRORIST ဓါးပြအဖွဲ့ကို ဆက်ကြေး ၁ သိန်း ပေးခဲ့ရတယ်၊

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက် မှုကြောင့် ဒေသခံပြည်သူများမှ အပြင်းအထန် ပြစ်တင်ဝေဖန် ရှုတ်ချ


Photo: KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက်
နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ဖားကန့် မြို့နယ် ၊ အေးမြသာယာ အုပ်စု ၊ ဆိုင်းဂျာဘွမ် ကျေးရွာ အနီးရှိ နိုင်ငံတော် နှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသည့် မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီအား KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် အရပ်ဝတ် များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး အဆောက်အအုံအား မီးရှို့ ဖျက်ဆီးခဲ့ပြီး နောက် ၄င်းအဖွဲ့သည် ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လည်း ကြိုင် ကျောက်မျက် ကုမ္ပဏီ၏ အဆောက်အအုံ များအား အကြောင်းမဲ့ ဆက်လက် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

သတင်းကြားလျှင် ကြားချင်း အနီးဝန်းကျင်ရှိ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိပြီး KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး ကို များစွာ ထိခိုက်မှု ဖြစ်ပေါ် စေမှုအပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။
===========================
Reference & Post by The Myawady Daily
Post by  Admin Team[NOM]
နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့

မွတ်ဆလင်တွေရဲ့ မဟာဗျူဟာအောင်မြင်ဖို့ မီးရှို့မှုများနှင့်မြန်မာပြည်

Posted by drmyochit Wednesday, January 23, 2013, under | No comments

ဈေးကို မီးရှို့လိုက်တာလည်း တမြို့လုံးကိုမီးရှို့လိုက်တာနှက့်အတူတူပါဘဲ။ မွန်ပြည်နယ် သံဖြူ ဇရပ်ဈေး မီးလောင်းတဲ့ သတင်းနှင့် တဆက်တည်းမှာ ရှို့မီးဖြစ်ကြောင်း သံသ ယတွေ အထောက် အထားတွေ ကိုတွေ့ရတဲ့ အတွက် တော်တော့ကို စိတ်မကောင်းဖြစ် ရတယ်။

“အစ္စရေးရွေးကောက်ပွဲ ဝန်ကြီးချုပ်နက်တန်ယာဟူနှင့် မဟာမိတ်တို့ အနိုင်ရ”

Posted by drmyochit Wednesday, January 23, 2013, under | No comments


အစ္စရေးနိုင်ငံ အထွေထွေရွေးကောက်ပွဲ၏ မဲရေတွက်ပြီးစီးမှု အခြေအနေအရ လက်ရှိ ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟူ၏ လီကွတ်ဒ်ပါတီနှင့် မဟာမိတ် ကွန်ဆာဗေး တစ်ပါ တီများက အနိုင်ရရှိသွားကြောင်း သိရှိရသည်။

၁၀ နှစ်ကျော် လေ့လာပြီးမှ စပစ်ဖိုင်းယား ရှာဖွေခဲ့ခြင်းဟု ရွှေတောင်ပေါ် ကုမ္ပဏီမှဆို

Posted by drmyochit Wednesday, January 23, 2013, under | 1 comment


မင်္ဂလာဒုံ လေဆိပ်ဝင်း အတွင်း ဇန်န၀ါရီလမှ စတင်ခဲ့သော(British Spitfire fighters) ဗြိတိသျှ စပစ်ဖိုင်းယားတိုက်လေယာဉ် ရှာဖွေရေး လုပ်ငန်း ဆောင်ရွက်မှု အခြေအနေမှာ (Survey) မြေပြင် အသေးစိတ် တိုင်းတာရေး အဆင့်၌သာ ရှိသေးကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ အထွေထွေ မန်နေဂျာ ဦးထွန်းကျော်က ဆိုသည်။

မင်္ဂလာဒုံလေယာဉ်ကွင်းမှာ မြို့ပြလေကြောင်းလိုင်းများ အပြင် တပ်မတော်လေ အသုံးပြုနေသော ကွင်းဖြစ်သည့်အတွက် လုံခြုံရေးအခြေအနေ အရ လုပ်ငန်းခွင် အတွင်းသို့ စာနယ်ဇင်း နယ်ပယ်မှ ပုဂ္ဂိုလ်များ လာရောက် လေ့လာခွင့်ရရန် မလွယ် ကူကြောင်း ကိုလည်း ၄င်းက ပြောသည်။

“Survey အဆင့်ပဲ ရှိသေးတယ်ဆိုတာက ကျွန်တော်တို့က အကန့် အသတ်နဲ့ လုပ်နေရ တာဗျ။ အစိုးရပိုင်းက အားပေးကူညီတယ် ဆိုပေမဲ့ လေယာဉ်ကွင်း ထဲမှာ ဖြစ်တဲ့အတွက် ဘယ်နေ ရာကို တူးသင့်တယ်၊ ဘယ်နေရာကို မတူးသင့်ဘူး ဆိုတာမျိုးကအစ သက်ဆိုင်ရာပညာ ရှင်တွေ၊ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ နေ့စဉ်ဆွေးနွေးတိုင်ပင်ပြီးမှ လုပ်ကြရတာ။ 

သိတဲ့အတိုင်းပဲ လေယာဉ်ကွင်းဆိုတာ လုံခြုံရေးတင်းကြပ် ကန့်သတ် ထားတဲ့ နယ်မြေ မဟုတ်လား။ လုပ်ငန်းခွင်ထဲကို မီဒီယာတွေ ၀င်ထွက်သွားလာခွင့် ရဖို့ဆိုတာက လုံခြုံရေးအရ အစိုးရက ခွင့်မပြုတာပါ” ဟု ဦးထွန်းကျော်ကပြောသည်။

မီဒီယာများအနေဖြင့် ကုမ္မဏီသို့ မေးမြန်း စုံစမ်းခြင်း မရှိဘဲ မရေရာ မသေချာ သည့် သတင်း အချက် အလက်များ မထုတ်ပြန်သင့်ကြောင်းနှင့် သိရှိလိုသည့် သတင်း အချက် အလက် များ အား ကုမ္မဏီသို့ မေးမြန်းစုံစမ်း စေလိုကြောင်း ကိုလည်း ၄င်းက ဆက်ပြောသည်။

“ တချို့က ကျွန်တော်တို့ဆောင်ရွက်နေတဲ့ လုပ်ငန်းအကြောင်းကို ဂဃနဏမသိဘဲ ကောလာ ဟလ တွေ လျှောက်ပြောကြတယ်။ ကျွန်တော်တို့ လုပ်ငန်းနဲ့ပတ်သက်ပြီး ပညာရှင်တွေ၊ လုပ်ငန်း ကျွမ်းကျင် တဲ့သူတွေနဲ့ အတူ ၁၀ နှစ်ကျော် စနစ်တကျ လေ့လာပြီးမှ ဒီစီမံချက်ကို ဆောင်ရွက် ခဲ့ကြတာပါ” ဟု ၄င်းက ရှင်းပြသည်။


မင်္ဂလာဒုံလေဆိပ်ဝင်းအတွင်း (Survey) လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြစ်ကြီးနားသို့ ပြန်တက်ရန် စီစဉ်ထားပြီး မြစ်ကြီးနားတွင် ဆောင်ရွက်ဆဲ လုပ်ငန်း များ ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရွှေတောင်ပေါ် ကုမ္ပဏီမှ အထွေထွေမန်နေဂျာက ရှင်းလင်းဖြေကြားခဲ့ပါသည်။

ကျော်ဇင်ထွန်း(မြစ်မခ)

Myit Makha Mediagroup

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။

Posted by drmyochit Wednesday, January 23, 2013, under | No comments


Photo: ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေအတွက် သတင်းကောင်း တပုဒ်ပါ။ 

 ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရသည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေအထောက်အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)

ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သားသမီးစတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 

မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ သားသမီးတွေဖြစ်ကြောင်း သက်သေခံ အထောက်အထားတွေနဲ့ အတူ နီး စပ်ရာ ထိုင်းနိုင်ငံ အလုပ်သမား ဌာနများမှာ အထူးအခွင့်အရေးတရပ်အနေနဲ့ ရက်ပေါင်း ၁၂၀ အတွင်း အမြန်ဆုံး မှတ် ပုံတင်ကြရမှာဖြစ်ပါတယ်။ 

ဒီလို မှတ်ပုံတင်ကြရာမှာ မြန်မာအလုပ်သမားတွေအနေနဲ့ မိမိတို့ရဲ့ ယာယီနိုင်ငံကူးလက်မှတ်နဲ့အတူ ၁၅ နှစ်အောက် သား သမီးတွေကို သက်သေခံ လက်မှတ် ထုတ်ပေးတာ၊ ထိုင်းအာဏာပိုင်တွေ က နေထိုင်ခွင့် ဗီဇာနဲ့ အလုပ်လုပ်ခွင့် လက်မှတ် ထုတ်ပေးတာတွေကိုလည်း ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း ၁၀ ခုမှ ယခု ဇန်န၀ါရီလ ၁၅ ရက် နေ့ကနေ လာမည့် မေလ ၁၅ ရက်နေ့ အတွင်း 
အောက်ပါ နိုင်ငံကူးလက်မှတ် ထုတ်ပေးရေး စခန်းတွေမှာ လုပ်ဆောင် ပေးသွားမှာပါ။ 

စမွတ် စခုံ၊ စမွတ် ပရာခန်၊ ချင်းမိုင်၊ ဆုရာထာနီ၊ ပထုန်ထာနီ၊ ကာချနဘူရီ၊ ရနောင်း၊ ခွန်ခဲန်၊ ဆောင်ခလ၊ နခုန်ရာစီမာ ဆိုတဲ့ စခန်းတွေမှာ လုပ်ဆောင်ပေးမှာဖြစ်ပါတယ်။ 

 မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းပြီး အခုလို မှီခို နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးနဲ့ ပတ်သက်လို့ ထိုင်းနိုင်ငံ မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး စခန်းတွေမှာဘဲ ထုတ်ယူလုပ်ကိုင်လို့ရပြီးဆိုတာကို ဇန်န၀ါရီလ ၁၅ ရက်နေ့ ကထုတ်ပြန်ခဲ့တာပါ။ 

၂ နိုင်ငံ ဆွေးနွေးမှုတွေနဲ့ လုံခြုံမှုရှိစေရေး၊ စာရိတ်သက်သာစေရေးတို့အတွက် ထိုင်းနိုင်ငံတွင်း နိုင်ငံကူး လက်မှတ် ထုတ်ပေးရေး ဌာန ၁၀ နေရာမှာ တရားမ၀င်ရောက်နေတဲ့ မြန်မာတွေလည်း အခုလို ယာယီနိုင်ငံကူးလက်မှတ်များ လုပ်နိုင်ပြီ လို့ဆိုပါ တယ်။ 

လိုအပ်တဲ့အချက်အလက်တွေကတော့ ထိုင်းနိုင်ငံမှာ ရှိတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေဟာ သက်ဆိုင်ရာ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးဌာနတွေမှာ ၁ လအတွင်း စာရင်းပေးသွင်းရပါမယ်။ 

ပုံစံ ၃၈ ဆိုတာတော့ မထွက်ပါဘူးတဲ့။ မြန်မာ ယာယီနိုင်ငံကူးလက်မှတ်အတွက် ကုန်ကျစာရိတ်ကတော့ ထိုင်း ဘတ်ငွေ ၅၅၀ ဖြစ်ပြီး ထိုင်းနို်င်ငံတွင်း နေထိုင် ခွင့် ၂ နှစ်တာဗီဇာအတွက် ၅၅၀ ဘတ်၊ သွေးစစ်ခ အနေနဲ့ ဘတ်ငွေ ၆၀၀ သို့မဟုတ် ဘတ် ၁၉၀၀ ကုန်ကျမည့် သွေး စစ်ဆေးမှု မှတ်တမ်း တခုခု ကို လုပ်ဆောင်ရပါမယ်။ 

ဒီအပြင် အလုပ်လုပ်ခွင့် ပါမစ် (Work Permit) အတွက် ကုန်ကျငွေက တနှစ်စာဆိုရင် ဘတ် ၁၉၀၀ ဖြစ် ပြီး ၂ နှစ်စာ ဆိုရင် ဘတ်ငွေ ၃၉၀၀ ဖြစ်ပါကြောင်းနဲ့ အထွေထွေ အကျိုးဆောင်ခအနေနဲ့ မျှတတဲ့ စာရိတ်ကုန်ကျခံရမှာဖြစ်တယ် လို့ သိရပါတယ်။ ဒါဟာ ယခု လုပ်ဆောင်ပေးနေတဲ့ စနစ်သစ်ဖြစ်တယ်လို့ သိရပါတယ်။ 

ဒါပေမယ့် အရင်ကလိုဘဲ မြန်မာပြည်သားမှန်ကန်ကြောင်းစစ်ဆေးခံရမည် လည်းဖြစ်ပါ တယ်။ နေပြည်
တော်ကို ပို့ပြီး အချက်အလက် တင်ပြစစ်ဆေးခြင်းမဟုတ်တော့ဘဲ ထိုင်းနိုင်ငံအတွင်း မြန်မာနိုင်ငံဗီဇာ ထုတ်ပေးရေး ဌာနတွေက အချိန် ၁ လအတွင်း အပြီး အမြန် စစ်ဆေး ပေးသွားမှာလည်း ဖြစ်တယ်လို့ သိရပါတယ်။ 

ထိုင်းနိုင်ငံဘက်ကတော့ အလုပ်သမား အသုံးပြုခွင့်လို့ခေါ်တဲ့ ( ကော်တ) ပုံစံကိုတော့ ထိုင်း အလုပ်ရှင် ကိုယ်တိုင်က သွားရောက်စာရင်းသွင်းရမှာဖြစ်ပါတယ်။ 

အကယ်၍ သူဌေး မရှိခဲ့ဘူးဆိုရင်တော့ သူဌေး အစားထိုး လက်ခံ လျှောက်ထားနိုင်ပြီး ဘတ် ၈၀၀ ကုန်ကျ စရိတ်ထက် မကျော်တဲ့ ထိုင်းအလုပ်ရှင် သူဌေးအကျိုးဆောင်ခကိုတော့ အလုပ်သမားတွေဘက်က ကုန်ကျခံရမှာဖြစ်ပါတယ်။ 

အလုပ် လုပ်ခွင့် ပါမစ် (Work Permit ) ကိုလည်း ယာယီ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေး ဌာနမှာဘဲ အပြီးသတ် အတည်ပြုပေးမှာဖြစ်ပြီး လုပ်ငန်းရှင် ပြောင်းရွှေ့ခွင့်လည်း ရှိတယ်လို့ သိရပါတယ်။ 

အခု ယာယီ နိုင်ငံကူးလက်မှတ်နဲ့ မှီခို ယာယီနိုင်ငံကူးလက်မှတ်ထုတ်ပေးရေး လုပ်ငန်းစဉ်တွေကို ထိုင်း-မြန်မာ ၂ နိုင်ငံ နောက်ဆုံး ထပ်မံ သဘောတူညီချက်တွေအရ ရက်ပေါင်း ၉၀ အတွင်း အပြီး လုပ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။  
===================================
Reference & Post by The irrawady (Burmese Version)
Post by minzarnitgi  Admin Team[NOM]

ယမန်နှစ် ဧပြီလ ၂၀ ရက်နေ့က ဘန်ကောက်မြို့၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် တွေ့ရ သည့် ယာယီနိုင်ငံကူးလက်မှတ် အသစ် ခရမ်းရောင်နှင့် မည်သူ မည်ဝါ ဖြစ်ကြောင်း သက်သေ အထောက် အထား အစိမ်းနုရောင် လက်မှတ် (ဓာတ်ပုံ - Bangkok Post)


ထိုင်းနိုင်ငံမှာ ရောက်နေကြတဲ့ မြန်မာ အလုပ်သမားတွေရဲ့ ၁၅ နှစ်အောက် သား သမီး စတဲ့သူတွေ ကို မြန်မာ အစိုးရက ယာယီနိုင်ငံကူး ( မှီခို) လက်မှတ် ထုတ်ပေးမှာ ဖြစ်တယ်လို့ ကြေညာလိုက်ပါတယ်။ 

မြန်မာနိုင်ငံ တွင် ပထမ ဦးဆုံး အပြည်ပြည် ဆိုင်ရာ မာရသွန်ပြိုင်ပွဲကြီး ကျင်းပမည်

Posted by drmyochit Wednesday, January 23, 2013, under | No comments


မြန်မာနိုင်ငံတွင် ပထမဦးဆုံး အပြည်ပြည်ဆိုင်ရာ မာရသွန် အပြေးပြိုင်ပွဲကြီးကို ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် First Myanmar Investment (FMI) တို့ ပူးပေါင်း ၍ ဇန်နဝါရီ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ကျင်းပမည်ဖြစ်ကြောင်း သိရ သည်။ အဆိုပါ ပြိုင်ပွဲကြီးကို ပြည် တွင်း အပြေးအား ကစားသမား ၅၃၀ နှင့် နိုင်ငံတကာ အပြေးအားကစားသမား ၅၂၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းပြိုင်ပွဲတွင် ၄၂ ကီလိုမီတာ မာရသွန်အပြေးပြိုင်ပွဲ၊ ၁၀ ကီလိုမီတာ အပြေးပြိုင်ပွဲနှင့် ၃ ကီလိုမီတာ အမြန်လမ်းလျှောက်ပြိုင်ပွဲတို့ ပါဝင်မည်ဖြစ်သည်။

တောင့်ခံမလား၊ အလိုက်သင့် မှိန်းပေးမလား၊ ပိုဇေရှင်ပြောင်းပစ်မလား

Posted by drmyochit Wednesday, January 23, 2013, under | 11 comments


ဟိုး...လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ် လောက်က မိန်းကလေး တစ်ယောက် လမ်းလျှောက်ရင်း ခလုတ် တိုက်ပြီး ထမီပြဲသွား ကြည့်ပါလား။ ရှက်လွန်းလို့ အဲဒီထမီအပြဲ လူမသိအောင် ဒူးကို တုပ်ဆတုပ်ဆနဲ့ ဘုရားတပြီး အိမ်အရောက်ပြန်ပြေးမှာ အသေအချာပဲ။

KIA သောင်းကျန်းသူ အဖွဲ့ လွယ်ဂျယ်မြို့ အား တိုက်ခိုက် သိမ်းပိုက်ရန် ပြင်ဆင်



KIA အဖွဲ့  အနေဖြင့် အစိုးရမှ ငြိမ်းချမ်းရေး ဆွေးနွေးရန် အကြောင်းကြား ထားသော် လည်း လက်မခံဘဲ UNFC နှင့် ဆွေးနွေးရန်သာ အကြောင်းပြန်ခဲ့သည်။ ယခုအခါ KIA အဖွဲ့ မှ မိုင်ဂျာယန် မြို့ နှင့် ကပ်လျက် ရှိသော လွယ်ဂျယ်မြို့ အား တိုက်ခိုက် သိမ်းပိုက် ရန် တပ်များ စုစည်းရွေ့ ပြောင်းနေကြောင်း လွယ်ဂျယ်မြို့ အား သိမ်းပိုက်ရန်အတွက် KIA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် ကိုယ်တိုင် တိုက်ပွဲအား ကွပ်ကဲရန် မိုင်ဂျာ ယန်မြို့ သို့ ရောက်ရှိနေကြောင်း သိရှိရသည်။ “ KIA အဖွဲ့ တွေ အများကြီး မိုင်ဂျာ ယန်မှာ ရောက်နေ တယ်။ လွယ်ဂျယ်မြို့ကို တိုက်ခိုက် သိမ်းပိုက် မယ်လို့ ကြားတယ် လက်နက်ကြီး တွေလည်း အများကြီး ပါတယ် အခုချိန် မှာ လွယ်ဂျယ်မှာက တပ် အင်အား နည်းနေတယ် ။ 

လဂျားယန် ဒေသ အနီး တိုက်ပွဲများ ဖြစ်ပွား

From : မြဝတီ

၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်နေ့ ၁၃း၀၀ နာရီမှ ၁၉း၀၅ နာရီ အချိန်အထိ လဂျားယန် ဒေသရှိ ပွိုင့် ၁၀၁၂ တောင်ကြောပေါ်ရှိ စခန်းတွင် မိမိ တပ်မတော်မှ အုပ်ချုပ်မှု ကိစ္စများ လုပ်ဆောင်နေစဉ် KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့မှ ခေါင်းဆောင် စိစစ်ဆဲ အင်အား ( ၇၀ ) ဦးခန့်သည် လာရောက် နှောင့်ယှက် ပစ်ခတ် တိုက်ခိုက်သည့် အတွက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး KIA အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့များ ပြန်လည် ဆုတ်ခွာ သွားကြောင်း သတင်း ရရှိပါသည်။

ခိုကိုးရာမဲ့ KIA အကြမ်းဖက် သောင်းကျန်းသူ သွားလာလှုပ်ရှားမှုများ


(၁၇-၁-၂၀၁၃)ရက်နေ့မှစ၍့  KIA အကြမ်းဖက် သောင်းကျန်းသူများသည် လက်ရှိအချိန်တွင် ခိုကိုးရာ မဲ့ဖြစ် ကာ ကချင်ပြည်နယ်အတွင်းနေရာအနှံအပြားတွင် သွားလာလှုပ်ရှားလျှက်ရှိပြီး၊ လှုပ်ရှား စစ်ကြောင်း များ အသွင်များဖြင့် ရပ်တည်လျှက်ရှိနေပါသည်။

KIAအကြမ်းဖက်သောင်းကျန်းသူများက ရတနာစံဘုန်းတော်ကြီးကျောင်းဆရာတော်အား ဖမ်းဆီး

Posted by drmyochit Wednesday, January 23, 2013, under , | 1 comment

ဖားကန့် မြို့နယ် ဆိုင်းဂျာဘွမ်ကျေးရွာရှိ ရတနာစံဘုန်းတော်ကြီးကျောင်း ကျောင်းထိုင်ဆရာတော် ဦးဝံသာရ၊ သက်တော်၄၆နှစ်အား ဇန်နဝါရီလ ၂၀ရက် မွန်းလွဲပိုင်းတွင် KIAတပ်မဟာ(၁)၊တပ်ရင်း(၃) ကဗိုလ်ကြီးအဆင့်ရှိ ဘရန်နူး ဦးစီး အင်အား၂၈ယောက်က ဆရာတော်အား အစိုးရတပ် သတင်းပေး ဟုဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း အဆိုပါကျောင်းမှ ဦးဇင်းရှင်ခေမာသက ပြောသည်။

ကချင်အကြမ်းဖက်သောင်းကျန်းသူ ရင်း(၆) အကောက်ဂိတ်ဖွင့်  လူထုမှ မလိုလား


ဖါးကန့်မြို့နယ်၊ ဝှေခါကျေးရွာမှ ဝှေခါ-ညောင်ထောက် လမ်းပိုင်းဖက်သို့ (၁၆-၁-၂ဝ၁၃)ရက်နေ့ (၁၅ဝဝ)နာရီတွင် ထွက်ခွါဟန်ပြကာ ကျေးရွာအတွင်းမှထွက်ခွါသွားကြသည့် KIA အကြမ်းဖက်သောင်း ကျန်းသူ ရင်း(၆) လက်အောက်ခံ တပ်ဖွဲ့ဝင် ကျား၊ မ အစုံအင်အား(၃ဝဝ)ခန့်တို့သည် ဆိပ်မူ-ဝှေခါလမ်းပေါ် မှ ဂျန်ကာ ကျေးရွာ အနီးရှိတောင်ကုန်းပေါ်သို့ လ က်ရှိအချိန်တွင် ရောက်ရှိ အခြေပြု လျက်ရှိနေကြပြီး (၁၉ဝဝ)နာရီခန့်မှစ၍ ဂိတ်ဖွင့်ကာ အတက်/အဆင်း ခရီးသွားပြည်သူများအား (တင်းကြပ်စွာ) စစ်ဆေးရှာဖွေလျက်ရှိနေကြောင်း သိရှိရပါသည်။

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်