Monday, March 25, 2013

ပဲခူးတိုင်း အိုးသည်ကုန်းမြို့မှာ ဆူပူ တိုက်ခိုက် မှုဖြစ်

Posted by drmyochit Monday, March 25, 2013, under | No comments


ပဲခူးတိုင်း အိုးသည်ကုန်း မြို့မှာ ပလီ တလုံးနဲ့ အိမ် တချို့ မတ်လ ၂၄ ရက်နေ့ ညက တိုက်ခိုက် ဖျက်ဆီး ခံခဲ့ ရတယ်လို့ ဒေသခံ တဦးက ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။ လူပေါင်း ၃၀၀ လောက် ပါ တဲ့ အုပ်စု ဟာ အိုးသည်ကုန်းက ပလီ တလုံး ကို တိုက်ခိုက် ခဲ့ တာ ဖြစ် ပါတယ်။

မွတ်ဆလင်တွေ ပိုင်ဆိုင်တဲ့ အိမ်နဲ့ ဈေးဆိုင် ၂၀ ကျော်ကိုလည်း ဖျက်ဆီး သွားတယ် လို့ သိရပါတယ်။

အခုတော့ လုံခြုံ ရေး တွေ ရောက် ရှိ လာ တဲ့ အတွက် အခြေ အနေ တွေ ပြန်ငြိမ် သွားတယ်လို့ ဆိုပါတယ်။

မိတ္ထီ လာမြို့မှာ တော့ အရေး ပေါ် အခြေ အ နေ ကြေညာပြီး စစ်တပ် ကို ချထား လိုက်ပြီ ဖြစ်တဲ့ အတွက် အခြေ အနေတွေ တည်ငြိမ် လာ နေပြီ ဖြစ် ပါတယ်။

ဒါပေမယ့်လို့ ဒုက္ခ သည် စခန်းတွေမှာ ဝမ်းပျက် ဝမ်းလျှော ဖြစ်နေ ကြတယ်လို့ သိရပါတယ်။

BBC

KIA သစ်ကား (၂) စီး မန်စီမြို့နယ်တွင် ဖမ်းဆီးရမိ

Posted by drmyochit Monday, March 25, 2013, under | No comments


မန်စီမြို့နယ် ၊ ကျောက် ဖျာ ရွာနှင့် မန် ၀ိန်းကြီး ရွာကြား တွင် မတ် ၂၂ ရက် နေ့က သစ် များတင် ဆောင် လာ သည့် သစ်ကား (၂) စီးအား အစိုးရ တပ် တစ်ခုမှ ဖမ်းဆီး ရ မိ ခဲ့ သည် ဟု သိ ရှိရ ပါသည်။
 
ကျောက် ဖျာ ရွာမှ မန် ၀ိန်းကြီး ရွာ ဘက် သို့ သစ်ကား များ မောင်း လာသော အ သံကြား သဖြင့် ကင်းစောင့် နေေ သာ ရဲဘော် မှ ဓါတ်မီးဖြင့် ထိုး၍ ရပ်ခိုင်းရာ ကားသ မား များက ကားပေါ်မှ ခုန်ချ ထွက်ပြေး သွားခဲ့ ကြောင်း သိရ သည်။

၎င်းနေ ရာသို့ မတ် ၂၂ ရက်နေ့ မနက်က သွားရောက် ရှင်းရာ သစ် တင် ထားသော တုန်ဖုန်း ယာဉ် ၁ စီးနှင့် အေရိုး လက် ယာဉ် ၁ စီးအား အစိုးရ တပ်မှ တွေ့ရှိ သိမ်း ဆည်း ရမိ ခဲ့ကြောင်း သိရှိ ရသည်။
 
ကျောက်ဖျာ ရွာ သား တစ်ဦး ပြောပြ ချက် အရ သိမ်း ဆည်း ရမိ သစ်ကား ၂ စီးမှာ KIO ကိုက် ထိပ်ဆက် ဆံ ရေး မှူး ဒု အရာ ခံဗိုလ် အားရွှန်၏ ကား များဖြစ်ပြီး KIO အဖွဲ့ အတွက် ရန်ပုံငွေ ရှာ သည်ဟု အကြောင်းပြ ကာ ကိုယ်ပိုင် စီးပွားရေး လုပ် စားနေခြင်းဖြစ်ကြောင်း ယခင်က အစိုးရ တပ်များ မရှိ သဖြင့် သစ်များ ခိုး ထုတ်ေ ရာင်း စား နေကြောင်း သိရှိရ ပါသည်။

Kachin Daily News

ကိုရီးယားသွားခွင့် စာမေးပွဲ ကွန်ပြူတာဖြင့်သာ ဖြေဆိုရတော့မည်

Posted by drmyochit Monday, March 25, 2013, under | No comments

 ရန်ကုန်၊ မတ် ၂၅

ကိုရီး ယားနိုင် ငံသို့ သွားရောက် အလုပ် လုပ်ကိုင် ခွင့် ရရန် ကွန်ပြူ တာ အခြေပြု စစ်ဆေး သည့် ပုံစံဖြင့် ပြောင်း လဲ စစ်ဆေး တော့မည်ဟု သိရ သည်။

သမာ ရိုးကျ အဖြေလွှာ စာရွက်ဖြင့် ဖြေဆိုသည့် စနစ်မှ ပြောင်း လဲ စစ်ဆေးနိုင်ရန်အတွက် ကွန်ပြူ တာ အခြေပြု စာစစ် ဌာနကို ယနေ့ နံနက် ၁၀ နာရီခွဲ တွင် အလုပ်သမား အလုပ်ကိုင်နှင့် လူမှုဖူ လုံရေး ၀န်ကြီး ဌာနမှ ၀န်ကြီး ဦးမောင်မြင့်၊ ၀န်ကြီး ဌာန ကိုရီးယား လူ့ စွမ်းအား ဖွံ့ဖြိုးမှု အဖွဲ့အ စည်း(HRD Service of Korea)မှ ဒုတိယ ဥက္ကဌ Mr. Lee Choon Book နှင့် သက်ဆိုင်ရာဌာနမှ ညွှန်ကြားရေးမှူးချုပ်များ ၀န်ထမ်း များ တက်ရောက် ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့သည်။

ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ရာတွင် ဘာသာစကား အားနည်း မှုများ မရှိစေ ရန် အရည် ချင်း စစ် စာမေးပွဲများကို သေချာစွာ စိစစ်ကြပ်မတ်၍ အလုပ်သမားစေလွှတ်နိုင်မည်ဖြစ်ပြီး အလုပ် သမား ခေါ် ယူမှု ကိုလည်း လျှင်မြန်စွာ ခေါ်ဆိုနိုင်မည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင် ငံမှာ ကိုရီးယားနိုင်ငံသို့ ၂၀၀၈ မှ တရားဝင်လုပ်သားများကို စာမေးပွဲဖြေ ဆို ရွေးချယ် ၍ စေလွှတ် ခဲ့ရာ ယခုနှစ် အထိ လုပ်သား ၇၀၀၀ ကျော် စေလွှတ်ပြီးကြောင်း သိရသည်။

KNO
Popular

ဂျပန် ဆယ်ကျော် သက် တစ်ဦး မိခင်ဖြစ်သူအား သတ်ဖြတ်

Posted by drmyochit Monday, March 25, 2013, under | No comments

အသက် (၁၉)နှစ်ရှိ သံသယ တရားခံက မိမိသည် မိခင်ဖြစ် သူကို သဘော မကျကြောင်းနှင့် လူ့ ခန္ဓာ ကိုယ်အား ခွဲ စိတ်မှု အကြောင်း ပိုမို သိရှိ လို၍ ယခုလို လုပ်ဆောင် ခဲ့ခြင်းဟု ရဲများ ထံ ထွက် ဆို ခဲ့ကြောင်း သတင်း များက ဖော်ပြခဲ့သည်။



ဂျပန်နိုင်ငံ တွင် ဆယ်ကျော် သက် လူငယ် တစ် ဦးသည် မယ်မယ် ရရ အကြောင်း မရှိဘဲ မိခင်ကို သတ်ဖြတ်ကာ ခန္ဓာကိုယ် အစိတ်အပိုင်း များအား ဖြတ်တောက် ခဲ့ကြောင်း သိရှိ ရသည်။ အသက် (၁၉)နှစ်ရှိ သံသယ တရား ခံက မိမိ သည် မိ ခင်ဖြစ် သူကို သဘော မကျ ကြောင်းနှင့် လူ့ခန္ဓာ ကိုယ်အား ခွဲစိတ်မှုအကြောင်း ပိုမို သိရှိ လို၍ ယခု လို လုပ်ဆောင် ခဲ့ခြင်းဟု ရဲများထံ ထွက်ဆိုခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့သည်။ အမည်ဖော် မပြသော အဆိုပါ လူငယ် သည် မိခင် ရင်းကို သတ်ဖြတ် ကာ ရေချိုး ခန်း ထဲတွင် အနည်း ဆုံး (၁၅)ပိုင်းမျှ ပိုင်းဖြတ် ခဲ့သည်။ အလောင်းကို အစိတ်စိတ် အမြွှာမြွှာ ခုတ်ပိုင်းရာတွင် မီးဖိုချောင်သုံး ဓားများကို အသုံးပြု ခဲ့ကြောင်း အမည်ပြောကြားရန် ငြင်းဆိုခဲ့သည့် ရဲအရာရှိ တစ်ဦးက AFPသို့ ထုတ်ဖော် ပြောဆိုသွားသည်။

စနေနေ့က ယင်းသတင်းကို ဆန်ကီဒေးလီး သတင်းစာက စတင် ဖော်ပြခဲ့သည်။ ယင်းလူငယ်သည် တိုကျိုမြို့ အနီးရှိ တိုက်ခန်းငယ် တစ်ခုတွင် မိခင်နှင့်အတူ နေထိုင်သည်။ ၎င်းသည် မိခင်ကို သတ်ဖြတ်ပြီး
နောက် အလောင်း ကို ရေချိုး ခန်းထဲ ဆွဲယူ လာကာ ရေချိုး ကန်ထဲတွင် အပိုင်း ပိုင်း ဖြတ် ခဲ့သည်။ ထို့နောက် တွင် မူ အဆိုပါ လူ့ခန္ဓာကိုယ် အပိုင်း အစများ ပြည့်နေသည့် ရေချိုး ကန်ကို ရေအပြည့် ဖြည့်ခဲ့ပြီးမှ အပိုင်း အစ များကို ပလတ်စတစ် အိတ်များထဲတွင် ထည့်ကာ တစ်ထုပ်ချင်းစီ စွန့်ပစ်ခဲ့ကြောင်း ရဲများ က ပြောဆို သွားသည်။

၎င်းက "ကျွန်တော် သူ့ကို မကြိုက်ဘူး"၊ "သူက ရိုးရိုးသာမန် လူတစ်ယောက်ပါပဲ"စသည့် မှတ်ချက်များသာ မိခင်နှင့် ပတ်သက်၍ ရဲများထံ ပြောကြားခဲ့သည်။ ၎င်းက မိမိသည် လူ့ခန္ဓာကိုယ်အား ခွဲစိတ်ဖြတ်တောက် ရသည် ကို စိတ်ဝင် စား မိကြောင်း လည်း ရဲများထံ ထွက်ဆိုခဲ့ကြောင်း ယူမီရီနှင့် မိန်နီချီ သတင်း စာများက ဖော်ပြခဲ့သည်။ ဂျပန်ဥပဒေအရ ယခုအသက်အရွယ်သည် အသက်မပြည့်သေးဟု သတ် မှတ်ခြင်းကြောင့် ၎င်း ၏ အမည်ကို သတင်း မီဒီ ယာများက ဖော်ပြ ခွင့် မရှိချေ။

၎င်းကို မတ်လ (၁၄)ရက်နေ့တွင် ရဲများက ဖမ်းဆီးခဲ့သည်။ အမျိုးတစ်ဦးက နေအိမ်သို့ လာရောက် လည်ပတ် စဉ် ခန္ဓာကိုယ် ကြွင်းကျန် အစိတ်အပိုင်း အချို့ကို တွေ့ရှိခဲ့၍ ရဲအား တိုင်ကြားခဲ့ရာမှ ယခုလို အဖမ်းခံ ရခြင်း ဖြစ်သည်။ ရဲများက ယင်းအချိန်တွင် လူသတ်မှု ကျူးလွန်ပြီးသည်မှာ (၂)ပတ်မျှ ရှိပြီဟု ယူဆထား သည်။

Source: Yahoo

News From: Planet Myanmar Network

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီးဌာမှ ရဲသား သုံးဦးကို လွှတ်ပေးရန် မြန်မာကို တောင်းဆို

Posted by drmyochit Monday, March 25, 2013, under | No comments

ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဌာနမှ မြန်မာက ဖမ်းဆီး ထားသော ရဲသား ၃ ဦးနှင့် အရပ်သား တစ်ဦး တို့ကို အမြန် ဆုံး ပြန် လွှတ်ပေးရန် တောင်း ဆို လိုက် သည်ဟု သ တင်း ရရှိသည်။

BGB ဘင်္ဂလာဒေခ်ျ့ ဆိုင်ရာ မြန်မာ သံ အ မတ်ကြီး ဦးမျိုးမြင့် သန်းမှ တဆင့် ထိုသို့ တောင်းဆို ခဲ့သည်ဟု ဘင်္ဂလီ သတင်း စာများက ဆိုသည်။

သူတို့ ဖမ်းဆီး ခံရ သည်မှာ ၁၁ ရက် ရှိလာပြီး နောက် ပိုင်းတွင် သူတို့ လွှတ်မြောက်ရေး အတွက် ဘင်္ဂ လာဒေခ်ျ့ နိုင် ငံခြားရေး ၀န်ကြီးဌာနမှ မြန်မာ သံအမတ်ကြီးကို မေတ္တာရပ်ခံ တောင်းဆို ထားခြင်း ဖြစ် သည်ဟု ဆိုသည်။

မြန်မာ နယ်စပ် နစက တပ်ဖွဲ့မှ  မိမိတို့ အနေဖြင့် ဖမ်းဆီး ထားသော ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား (၄) ဦးကို လွှတ်ပေး ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်ကြောင်း၊ အထက် အမိန့်ကို စောင့် ဆိုင်းနေ ရ၍ ကြန့်ကြာနေ 
ခြင်း ဖြစ်ကြောင်း ဘင်္ဂလာဒေခ်ျ့ နယ်စပ် လုံခြုံရေး တပ်ဖွဲ့ BGB ကို အကြောင်းပြန်ကြားပြီးနောက် မြန်မာ သံအ မတ်ကို နိုင်ငံခြားရေး ၀န်ကြီးဌာနမှ တောင်းဆိုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရဲသား ၃ ဦး အပါအ၀င် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသား တစ်ဦးတို့သည် မြန်မာနိုင်ငံအထဲထိ လျို့ဝှက် ၀င်ရောက်ပြီး  ဓါတ်ပုံ ရိုက် ရာမှ မြန်မာ လုံခြုံရေး တပ်ဖွဲ့ နစကမှ ယခုလ ၁၃ ရက်နေ့က ဖမ်းဆီးခဲ့သည်။

နိရဉ္စရာ

လူငယ်တစ်ဦးကို မိမိကိုယ်မိမိသေကြောင်းကြံစည်မှုဖြင့် သက်ဆိုင်ရာ ကအရေး ယူလိုက် ရမှု တောင်တွင်း ကြီးမြို့ ၌ဖြစ်ပွား

Posted by drmyochit Monday, March 25, 2013, under | No comments


မကွေး တိုင်းဒေ သကြီး၊ တောင် တွင်းကြီး မြို့နယ်၊ တောင်ပြင် (၂) ရပ် ကွက်တွင် လူငယ် အမျိုး သား တစ် ဦး မိမိကိုယ် မိမိ အဆိပ်သောက် သေကြောင်း ကြံစည် မှုဖြစ်ပွား ကြောင်း သတင်းရ ရှိသည်။
 
ဖြစ်စဉ် မှာ (၁၉.၃.၂၀၁၃)ရက်နံနက် (၄)နာရီ အချိန် က တောင်ပြင် (၂) ရပ်ကွက်နေ ကိုဖိုးကစ်(ခ)ရဲထွန်းနီ (၂၅)နှစ် (ဘ) ဦးခင်မောင်ထွေး သည် အဆိပ် သောက် ပြီး ဆေး ရုံ သို့ ရောက် ရှိနေကြောင်း တာဝန် ကျ ဆေး ရုံ ၀န် ထမ်းက ရဲ စခ န်း သို့ အကြောင်း ကြားသည် ဆို ၏။တောင် တွင်းကြီး ပြည် သူ့ ဆေး ရုံ သို့တောင် တွင်းကြီး မြို့မ ရဲ စခန်း တာ ၀န်မှူး ဒုရဲ အုပ်ကျော်ကျော် လှိုင်၊ ဒုရဲအုပ် မျိုးမင်းသိမ်းတို့သွားရောက်စစ်ဆေးရာ ကိုဖိုးကစ်(ခ)ရဲထွန်းနီဆိုသူမှာ ကျန်း မာရေး အခြေ မစိုးရိမ် ရသဖြင့် တာဝန်မှူး ဒုရဲ အုပ်ကျော်ကျော်လှိုင်က မိမိကိုယ် မိမိ သေကြောင်း ကြံစည် သူ ဖိုးကစ် (ခ) ရဲထွန်းနီကို ဥပဒေအရအရေး ယူပေး ပါရန် တရား လိုပြု လုပ်တိုင် တန်း ခဲ့ရာ မြို့မ ရဲစခန်း မှ (ပ) ၅၇/၂၀၁၃ပြစ်မှု ပုဒ်မ ၃၀၉အရ အမှု ဖွင့် အရေး ယူ ထားပြီး ဆက်လက် စုံစမ်း စစ်ဆေး နေကြောင်း သတင်း ရရှိ သည်။

ဟင်္သာ(တောင်တွင်းကြီး)
The Hot News

ဖအေကသမီးကိုမုဒိန်းပြုကြံစည်သည်ဆိုကာမိခင်ဖြစ်သူကတိုင်တန်းမှု တောင် တွင်းကြီး ၌ဖြစ်ပွား

Posted by drmyochit Monday, March 25, 2013, under | 1 comment

 မကွေး တိုင်း ဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ်၊ ခင်တဲ ကျေးရွာ တွင် ဖခင် ဖြစ် သူက အရွယ် မ ရောက် သေး သည့် သမီး အရင်း ဖြစ်သူ အား မုဒိန်း မှုပြု ကျင့် ရန် ကြံစည် သည် ဆိုကာ မိခင် ဖြစ်သူ   က အမှု ဖွင့် ထားကြောင်း သတင်း ရရှိ သည်။ (၁၅.၃.၂၀၁၃)ရက် ည(၉) နာရီ အချိန် က ခင်တဲကျေး ရွာ   နေ ဒေါ်—–(၃၅)နှစ် သည် နေအိမ် တွင် သမီး——(၂)နှစ် အား အိမ်အ လယ်ခ န်းခြင် ထောင်  အတွင်း ၌ နို့တိုက်ေ နစဉ် ခင်ပွန်း ဖြစ် သူကို—— သမီး ဖြစ်သူ မ——–(၁၂)နှစ်၊ သား——-(၇) နှစ် ၊ မောင်——–(၁၀)နှစ် တို့ သည် အိမ်ရှေ့ ခန်းတွင် တုံးလုံးလှဲ  လျက် တီဗွီ ကြည့် နေပြီး ထိုနေ့ည    (၉း၃၀) အချိန် ခန့်တွင် ဒေါ်—- သည် ကလေးနို့ တိုက်ပြီး

 ခြင် ထောင် အပြင် ဘက် သို့ကြည့် စဉ် ခင်ပွန်းဖြစ် သူ ကို—–နှင့် သမီး ဖြစ်သူ——တို့ အား စောင်ခြုံ လျက်တွေ့ရ ၍ မ သင်္ကာ သဖြင့်     ခင်ပွန်းဖြစ် သူ ကို——-အား စောင်လှပ် ခိုင်းရာ ခင်ပွန်းဖြစ် သူ   သည် သမီး——-၏ မိန်း မကိုယ်  အင်္ဂါစပ် အားလက်နှင့် ကိုင်နေ သည် ကို တွေ့ရပြီး သမီးဖြစ်သူ ၀တ် ထားသော ဘောင်းဘီအနီ ချွတ်  ထားသည် ကိုတွေ့ ရ၍ သမီး ဖြစ်သူ  အားမေး ရာ ခင်ပွန်းဖြစ် သူမှ သမီး    မ——- ခြုံထားသော စောင် အတွင်း သို့ ၀င်လာပြီး ဘောင်းဘီ  အား ဆွဲချွတ် သဖြင့် ပေါင် အား ချိတ်လိမ် ထားရာ၊ ဖခင်ဖြစ် သူမှ ဘောင်း ဘီအား ခြေမနှင့် ညှပ်၍ ချွတ် သဖြင့်ကျွတ် သွားကြောင်း၊ 

သမီးဖြစ် သူမှ မိခင်ဖြစ်သူ အား တိုင်    မယ် ဟုပြော ရာ တိုင်လျှင် ရိုက်မည်၊    လင် မယားခြင်း ကွဲမည် ဟုပြော ကြောင်း သမီး ကပြော၍ သား အဖ အရင်းဖြစ် ပွားသည့် ကိစ္စ ဖြစ်နေ သောကြောင့် မိခင်ဖြစ်သူ ဒေါ်——မှ မွေးချင်း များအား သွား ရောက် တိုင် ပင်ပြီး (၁၉.၃. ၂၀၁၃)ရက် ညနေ(၅) နာရီ အချိန်   ခန့် ကျမှ တောင်တွင်း ကြီး ရဲစခန်း သို့ ခင်ပွန်းဖြစ် သူ ကို——အား     ဥပဒေနှင့် အညီ အရေး ယူပေး ပါရန်      တရား လိုပြု လုပ် တိုင် တန်း ခဲ့ သည် ဆို၏။

ယင်းဖြစ် စဉ်နှင့် ပတ် သက်၍    ကို——(၃၈)နှစ် ဈေးရောင်း ခင်တဲကျေးရွာနေသူအား တောင်  တွင်း ကြီးမြို့ မရဲ စခ န်းက (ပ)၅၈/  ၂၀၁၃ ပြစ် မှု ပုဒ် မ ၃၇၆/၅၁၁ဖြင့် အမှု ဖွင့် လှစ် ထားပြီး အမှု စစ် ဒုရဲ အုပ် သန်းဇော် မှဆက် လက် စစ် ဆေး နေကြောင်း သိရှိ ရသည်။ အဆို ပါဖြစ်စဉ်နှင့် ပတ် သက်၍ တရား လိုဖြစ် သူ ဒေါ်——-မှ  ၎င်းင်း၏ ခင်ပွန်း ဖြစ်သူ ကို——နှင့်    ငယ် လင် ငယ် မ ယားဖြစ်ပြီး အိမ် ထောင် သက်(၁၄)နှစ် ခန့်ရှိပြီဖြစ် ကြောင်း၊၎င်း တွင် သား(၃)ဦး၊သမီး  (၂)ဦး၊ပေါင်း သား သမီး(၅) ဦး ရှိ ကြောင်း၊ ၎င်း အနေဖြင့် ယခုဖြစ် စဉ်နှင့် ပတ်သက် ၍ ခင်ပွန်း အပေါ်   လုံးဝ ခွင့်မ လွှတ်နိုင်ကြောင်း၊ ၎င်း ၏သား 

သမီး(၅)ဦးအားလည်း လူ လားမြောက်သည်အထိ မိခင်ဖြစ် သူမှ ရုန်းကန် ၊ကျွေး မွေး စောင့် ရှောက် သွား မည်ဖြစ်ကြောင်း ခင်ပွန်းဖြစ် သူအား လည်း ရွံ ရွာ ကြောက် ရွံ့နေ သဖြင့် ယခု အမှု စစ်     ဆေးသည့် အ ခါ တွင် သက်ဆိုင်ရာ    တရားသူကြီးအား တင်ပြအကူ အညီတောင်းခံ၍လင်မယားဖြစ် သူမှ တရားဝင် ကွာ ရှင်းပြတ် ဆဲမှု အား သက် ဆိုင်ရာ တရား သူကြီး ထံတွင် တင်ပြ အကူ အညီတောင်း ခံသွား မည်ဖြစ် ကြောင်း၊ (၂၀.၃. ၂၀၁၃)ရက်တွင် ညီ အစ် ကိုမောင် နှမများ အိမ်၌ ရင် ဖွင့်ပြောပြ ချက်  အရ သိ ရှိရ သည်။ 

ဟင်္သာ(တောင်တွင်းကြီး)

The Hot News

စော်ကားတာလား ??? စိန်ခေါ်တာလား ???

Posted by drmyochit Monday, March 25, 2013, under | 2 comments

 ဗမာ မွတ်စလင် လူငယ် များ ကွန်ယက် ဆိုတာ ဘာသဘောနဲ့ သုံးနှုန်း ထား တာလဲ ???
ရခိုင်ပြည် က ခိုးဝင် လာတဲ့ ဘင်္ဂလီ မွတ်စလင် ကုလားတွေ ရိုဟင်ဂျာ အမည် တပ်ပြီး သမိုင်း လိမ်ဖို့ကြိုး စားနေသ လိုမျိုး ပြည် တွင်းက မွတ်စ လင်ကု လားတွေ ဗမာ မွတ်စလင် နာမည် တပ်ပြီး သမိုင်းတစ်ခု ထပ် လိမ်ဖို့ အစပျိုးေ န တာလား (သို့မဟုတ်) ပြည်တွင်းမှာနေတဲ့ ဗမာတိုင်းရင်းသားတွေနဲ့ ကုလား-ဗမာ အဓိက ရုဏ်း ဖြစ်အောင် ဖန်တီးနေ တာလား ???

ဗမာ မွတ်စ လင် ဆိုတာ သမိုင်း တစ်လျှောက် လုံးမ ရှိခဲ့ဘူး .. ဗမာ ထဲမှာ မွတ်စ လင်ဆို တာ မရှိဘူး .. မွတ်စ လင်ဖြစ် သွားရင် ဗမာ မဟုတ်တော့ဘူး .. မွတ်စ လင်ထဲ ၀င်သွားရင် အဲ့ဒီ့ လူကို ဗမာ လို့ မသတ် မှတ်တော့ ဘူး ..

အရှင်း ဆုံးပြော မယ်ကွာ .. ဗမာ မွတ်စ လင်လို့ သုံးနှု န်းတာ လုံးဝ သည်း ညည်း မခံနို င်ဘူး .. ခွေးရူး ကိုက်တာ ထက်နာ တယ်ကွာ ..

ဒီ ကိစ္စကို ဗမာ တိုင်းရင်း သားတွေ အားလုံး လက်ပိုက် ကြည့် မနေကြ ပါနဲ့ .. ဒါဟာ သမိုင်း တစ်ခု ဇောက်ထိုး မိုးမျှော်ဖြစ် သွားအောင် အစပျိုး ဇာတ်လမ်း ဆင်နေ ခြင်းဖြစ် ပါတယ် .. အခု ချိန်မှာ ပြတ်ပြတ် သားသား
မရှင်း ရင် နောင်တ ချိန်မှာ ရခိုင်ပြည် နယ်က ခိုးဝင် လာတဲ့ ဘင်္ဂလီ မွတ်စလင် ကု လားတွေ သမိုင်း လိမ် နေသ လိုမျိုး ကမ္ဘာ့အ လယ်မှာ ခက်ခက် ခဲခဲ ပြန်ဖြေရှင်း ရတဲ့ ပြသ နာကြီးတ ခု ဖြစ်လာ ပါလိမ့်မယ် ..
သက် ဆိုင်ရာ တာဝန် ရှိသူတွေ ဒီကိစ္စကို ပြတ်ပြတ် သားသား ဖြေရှင်း ပေးပါ .. အခု ချိန်မှာ မရှင်းပေး ရင် ဖြေရှင်း ရခက် ခဲတဲ့ ကုလား- ဗမာ အဓိ ကရုဏ်း လို ပြသနာ မျိုးတွေ ကြုံ လာပါ လိမ့် မယ် ..

အခုတောင် ဗမာ တိုင်း ရင်းသား အများစု ရဲ့ ရင်ထဲမှာ ဒီလို အသုံး အနှုန်းကြောင့် ခံပြင်းဒေါသ ထွက်ခြင်း တွေ ဖြစ်နေကြ ပါတယ် ..

ယမ်းပုံ မီးကျ ပေါက် ကွဲ မှုတွေ ထိန်း မနိုင် သိမ်းမရ အခြေ အနေ မျိုးတွေ မကြုံ တွေ့ ခင်မှာ သက်ဆိုင်ရာ တာဝန် ရှိသူတွေ အမြန် ဆုံးဖြေ ရှင်းပေးပါ .. မီဒီ ယာတွေ မသီ တာထွေး အသတ် ခံရတဲ့ အမှုမှာ မွတ်စ လင်တွေ လို့ သုံးနှုန်း ခဲ့လို့ ပြည် တွင်း ထဲက မွတ် စလ င်ကု လားတွေ ဘယ်လို ယမ်းပုံ မီးကျ ဒေါသတွေပေါက် ကွဲပြ ခဲ့ကြ လဲ ..

ဆူးလေ ဘုရားရှေ့က မွတ်စ လင်ကု လားတွေ ဆန္ဒပြ တာကို သတိရ လိုက်ကြပါ .. အခု ငါတို့ ဗမာ တိုင်း ရင်း သားတွေ ကိုစော် ကားခြင်း၊ ဗမာတိုင်းရင်းသားနာမည်ကို ပြောင်ပြောင်တင်းတင်း အလွဲသုံးစားလုပ် ယူသုံးခြင်း ကို လုံးဝလ က် မခံနိုင်ဘူး ..

(အခုလောလောဆယ် ပထမဆုံး တုန့်ပြန်ခြင်း အနေနဲ့ ဒီစာ ထဲမှာ မွတ်စ လင် ကုလားလို့ သုံးနှုန်းရေး သားထားတယ် .. နောက်နောင်လဲ ရိုဟင် ဂျာ ဆိုရင် ရို ဟင် ဂျာမွတ် စလင် ကုလား၊ ဘင်္ဂလီ ဆိုရင် ဘင်္ဂ
လီမွတ် စလင် ကုလား ၊ပြည်တွင်း ကဆိုရင် ပြည်တွင်း ကမွတ် စလင်ကု လား ဟုသာ သုံးနှုန်းသွားပါတော့ မည်)
https://www.facebook.com/allburmamuslim
Demon's Curse
လူထု မောင်ကာဠု

မိတ္ထီ လာအရေးပေါ် မူ ခြောက်ရပ် ချမှတ် BBC ဖော်ပြချက်

Posted by drmyochit Monday, March 25, 2013, under | No comments

သမ္မတ ဦးသိန်းစိန်၊ ပြည် သူ့ လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင် ဆန်း စုကြည် တို့ သုံးဦး ဆွေးနွေးပြီး အစိုး ရပေါ် လစီ အနေနဲ့ မိတ္ထီ လာအရေးပေါ် မူ ခြောက်ရပ် ချမှတ် လိုက် တယ်လို့ သိရပါ တယ်။

ဒီကနေ့ မိတ္ထီလာမှာ ဘာသာရေးခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးမှု အတွင်း သမ္မတရုံးဝန်ကြီး ဦးအောင် မင်းက မူ ခြောက် ရပ်ကို ချပြ ရှင်း လင်း ခဲ့တာ ဖြစ် တယ်လို့ အစ္စလာမ် ဘာသာရေး ကောင်စီ တွဲဖက် အတွင်းေ ရးမှူးချုပ် ဦးဝဏ္ဏရွှေက ဘီဘီစီကို ပြောပါတယ်။

မူ ခြောက်ရပ်ကတော့...

၁။ မိတ္ထီ လာဖြစ် စဉ်ပေါ် မှာ တရားဥပဒေ စိုးမိုးရေး ကို ထိရောက်အောင် ဆောင်ရွက်ဖို့၊

၂။ အလား တူ အဖြစ်မျိုး နောက်နောင် မဖြစ်ပေါ်အောင် တားဆီး ကာကွယ်ဖို့၊

၃။ မိတ္ထီ လာအရေးကြောင့် ဒုက္ခရောက်တဲ့ ဒုက္ခသည်တွေ အမိုး အကာအောက် ရောက်ဖို့၊

၎။ အဆင်ပြေ သူတွေ အိမ်ပြန်နိုင် ဖို့ကို ဆောင်ရွက် သွားဖို့၊

၅။ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ ဆိုင်ရာ အဖွဲ့အစည်းတွေ အနေနဲ့ ပေါင်းစု ညှိနှိုင်းပြီး ဒုက္ခ သည်တွေ ကို ကူ ပံ့ဆောင် ရွက်ဖို့နဲ့

၆။ လူ့အဖွဲ့ အစည်း နှစ်ရပ်ကြား ချစ်ကြည်စွာ နေထိုင်နိုင်ရေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲတွေ အပါအ ၀င် နှစ်ဘက် ညှိနှိုင်း ဆောင်ရွက်ကြဖို့ ဖြစ်ပါတယ်။

ဒီကနေ့ မှာပဲ မြန်မာနိုင်ငံ ဆိုင်ရာ ကုလ သမဂ္ဂ အထူး ကိုယ်စား လှယ် ဗီဂျေ နမ်ဘီး ယား ကလည်း မိတ္ထီ လာက အပျက် အစီးတွေ ကို အစိုးရ ၀န်ကြီးတွေ၊ ဘာသာရေး ခေါင်းဆောင် တွေနဲ့အ တူ သွားရောက် ကြည့်ရှု ခဲ့ကြပြီး ပြစ်မှု ကျူးလွန်သူတွေကို ထိရောက်စွာ အရေးယူ ဆောင်ရွက် ဖို့ တောင်း ဆိုခဲ့ ပါတယ်။

BBC Burmese

နှစ်ပေါင်း တစ်ထောင်ကျော်က တည်ရှိခဲ့သော ဘုန်းတော်ကြီးကျောင်း ဘင်္ဂလာဒေခ်ျ့တွင် ထပ်မံ တူးဖေါ်တွေ့ရှိ

Posted by drmyochit Monday, March 25, 2013, under | No comments

လွန် ခဲ့သော နှစ်ပေါင်းတစ်ထောင်ကျော်ကဟု ခန့်မှန်း ရသော ရှေး 
ဟောင်း ဘုန်း တော်ကြီး ကျောင်းတော် တစ် ခုကို ဘင်္ဂလာဒေ ခ်ျ့ ရှေးဟောင်း သုတေ သန ဌာန မှ ရှာဖွေ တူး ဖေါ် ရ ရှိ ခဲ့သည်။

ကျောင်း တော်ကြီး ကို ပါလ မင်းဆက် ဒုတိယ ဓမ္မ ပါလ မင်း လက် ထက် အေဒီ (၉၀၀ နှင့် ၁၁၀၀) ကြားတွင် တည်ဆောက်ခဲ့သော ဗုဒ္ဓဘာ သာ ကျောင်းတော် ၃၀ အထဲမှ တစ်ခု ဖြစ်နိုင်ကြောင်း ဘင်္ဂလာဒေခ်ျ့ ရှေးဟောင်း သုတေသန ဌာနမှ ပြော သည်။

ကျောင်းတော် ၃၀ အထဲမှ ကျောင်းတော် ၇ ခုမှ ၈ ခုထိ ဘင်္ဂလာ ရှေးဟောင်း သုတေသနမှ ရှာဖွေ တူးဖေါ် တွေ့ ရှိ ထားပြီး ဖြစ် သည်။

ကျောင်းတော် မြေနေရာအား ၂၀၀၉ ခုနှစ်က တွေ့ရှိထားပြီး သုံးနှစ်ကြာ တူးဖေါ်ပြီးနောက် ကျောင်းတော် ကို တွေ့ ရှိခဲ့ခြင်း ဖြစ်သည်။

ယခုတွေ့ ရှိခဲ့သော ကျောင်းတော်ကို Raghurampur ကျေးရွာ Rampal မြို့နယ် Munshiganj ခရိုင် တွင် တွေ့ ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ခရိုင် အတွင်း ပထမဆုံး တွေ့ရှိသော ကျောင်းတော် ဖြစ်သည်။

၎င်းပြင် ယခု ကျောင်းတော်သည် ဘင်္ဂလာဒေခ်ျ့နိုင်ငံမှ လွနှ်ခဲ့သော နှစ်ပေါင်း တစ်ထောင်ကျော်က ဗုဒ္ဓဘာ သာနှင့် ပတ် သက်သော ကျော်ကြားသော ပညာ ရှင် တစ်ဦး ဖြစ် သူ Atish Dipankar နေထိုင် ခဲ့ရာ နေအိမ် အနီး တွင် တည်ရှိ သည် ဟု ဆို သည်။
 
နိရဉ္စရာ

မန္တလေး တိုင်း တပ် ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အနော် ရထာ ရပ် ကွက်မှာ ပလီ တစ်ခုအ ပါအဝင် အိမ်ငါး လုံး ၂၄ ရက် ညပိုင်းက ဖျက်ဆီး ခံရဟု RFA Facebook မှာ ဖော်ပြ

Posted by drmyochit Monday, March 25, 2013, under | No comments

မန္တလေး တိုင်းဒေ သကြီးနဲ့ ပဲခူး တိုင်းဒေ သကြီး တွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်း က နေအိမ် မီးရှို့ဖျက် ဆီးမှု တချို့ဖြစ် ပွားခဲ့ တယ်လို့ RFA က စုံစမ်း သိရ ပါတယ်။

မန္တလေး တိုင်း တပ် ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ အနော် ရထာ ရပ် ကွက်မှာ ပလီ တစ်ခုအ ပါအဝင် အိမ်ငါး လုံး ဖျက်ဆီး ခံရတဲ့ အတွက် နေပြည်တော်က ရဲတပ် ဖွဲ့တွေ ကိုပါ ခေါ် ယူပြီး အခြေ အနေကို ထိန်းသိမ်းနေ ရတယ်လို့ အဲ ဒီနေရာ ကို ရောက် ရှိနေတဲ့ ရဲ အရာ ရှိတ စ်ဦးက RFA ကို ပြောကြားပါတယ်။

" ဒီနေ့ည သူတို့ လာဖျက်စီးလို့ ပလီ တစ်လုံး အပါ အဝင်အိမ် လေးငါးခြောက်လုံး ပါသွားတယ်။ အခုတော့ သက်ဆိုင် ရာ လူကြီးတွေ ဝိုင်းဝန်း ထိန်းသိမ်း လို့ ငြိမ် သွားပါပြီ၊ ရဲတပ် ရင်းတော့ မဟုတ် ဘူးပေါ့၊ နေပြည်တော် ဘက်က ရဲတပ်ဖွဲ့ ဝင်တွေ တော်တော် များများ လာကြ ပါတယ်"

မနေ့ ည ကပဲ အမည် မသိ လူအုပ် စုတွေက ရွာသစ်ကြီး ကျေးရွာ အနော် ရထာ ရပ် ကွက်၊ မြဝတီ ရပ်ကွက် နဲ့ ဗိုလ်မင်းရောင် ရပ်ကွက် တွေမှာ ဆူပူမှုတွေ ဖြစ်ပွားအောင် လှုံဆော် သွားခဲ့ တယ်လို့ တပ် ကုန်းမြို့နယ် မီးသတ် တပ်ဖွဲ့ဝင် အရာရှိ တစ်ဦး က ပြော ပါတယ်။

" လုံခြုံရေး ရောက် သွားတဲ့ နေရာ ဆို သူ တို့က ထွက်ပြေး တယ်၊ ဟိုဘက် ဝိုင်းလိုက်၊ ဒီဘက် ဝိုင်းလိုက် အဲ့လိုဖြစ်နေ တာ၊ အနော် ရထာရယ်၊ မြဝ တီရယ်၊ ဗိုလ်မင်းရောင်ရယ် ဒါလောက်ပဲ"

ပဲခူးတိုင်း အုတ်ဖိုမြို့နယ် အိုးသဲကုန်းကျေးရွာမှာလည်း အမည်မသိ လူအုပ်စုတွေ ဝင်ရောက်လာပြီး ရုန်း ရင်း ဆန်ခ တ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့ အတွက် နယ်မြေခံ စစ်တပ် အကူ အညီနဲ့ သွားရောက် ထိန်း သိမ်း နေတယ် လို့ သာယာ ဝတီ ခရိုင်ရဲ တပ်ဖွဲ့အ ရာ ရှိ တ ဦး က RFA ကိုပြော ပါတယ်။

" ကျွန်တော် သိ သလောက် ကတော့ ပြော ရင် သူတို့ ဆီမှာ သွားတာ အရပ် သား တွေက နည်းနည်း စုနေ လို့ ကျွန်တော် တို့ ဆီ ကနေ ရဲ တပ် ဖွဲ့ ဝင်တွေ၊ စစ်တပ် တွေ အင် အား နဲ့ သွားဖြေ ရှင်း လိုက်တော့ ပြီး သွား ပါပြီ ခင်ဗျ၊ ဘာမှ မဖြစ်တော့ ပါဘူး"

မန္တလေး တိုင်းနဲ့ ပဲ ခူး တိုင်း တွေမှာ စနေ့ နေ့ ညက ဖြစ် ပွါးခဲ့ တဲ့ ဆူပူ မငြိမ် မသက် မှု သ တင်းတွေဖြစ် ပါ တယ်။

RFA

"တပ်ကုန်းနဲ့ အုတ်ဖိုမှာ အမည် မသိ လူအုပ် စုတွေ ၂၄ ရက်နေ့ ညပိုင်းက ဝင်ရောက်မီးရှို့မှု ဖြစ်ပွား" RFA သတင်း ဖော်ပြချက်

Posted by drmyochit Monday, March 25, 2013, under | No comments

 မန္တလေး တိုင်းဒေ သကြီး နဲ့ ပဲခူး တိုင်းဒေ သကြီး တွေမှာ မတ်လ ၂၄ ရက်နေ့ ညပိုင်း က နေအိမ် မီးရှို့ ဖျက်ဆီး မှုတွေ ဖြစ်ပွား ခဲ့တယ်လို့ RFA က စုံစမ်းသိရပါတယ်။

မန္တလေး တိုင်း တပ်ကုန်းမြို့နယ် ရွာသစ်ကြီးကျေးရွာ(အနော်ရထာ)ရပ်ကွက် မှာ ပလီတစ်ခုအပါအဝင် အိမ်ငါး လုံး မီးရှို့ ဖျက် ဆီး ခံ ရ တယ်လို့ အဲဒီနေ ရာကို ရောက် ရှိနေ တဲ့ ရဲ အရာ ရှိ တစ်ဦး က RFA ကို အတည်ပြုေုပာကြား ပါတယ်။

မနေ့ ညမှာတော့ တပ် ကုန်းမြို့နယ် အတွင်းကို အမည် မသိ လူ အုပ် စုတွေ ဝင် လာပြီး ရွာသစ်ကြီး ကျေး ရွာ (အနော် ရထာ ရပ်ကွက်)၊ ဓညဝတီ ရပ်ကွက်နဲ့ ဗိုလ် မင်းရောင် ရပ် ကွက် တွေမှာ ဆူပူ မှုတွေ ဖြစ် ပွားအောင် လှုံဆော် သွားတယ်လို့ တပ် ကုန်းမြို့နယ် မီးသတ် တပ်ဖွဲ့က အရာ ရှိ တစ် ဦးက ပြော ပါတယ်။

ပဲခူး တိုင်း အုတ် ဖိုမြို့နယ် အိုးသဲ ကုန်းကျေး ရွာ မှာ လည်း အမည် မသိ လူအုပ် စုတွေ ဝင်ရောက် လာပြီး ရုန်းရင်း ဆန် ခတ်ဖြစ်အောင် လုပ်ဆောင်နေတာ ရှိတဲ့အတွက် နယ်မြေခံ စစ်တပ်အကူအညီနဲ့ သွားရောက် ထိန်းသိမ်းနေ တယ် လို့ သာယာ ဝတီ ခရိုင် ရဲ တပ် ဖွဲ့ က RFA ကိုပြောပါ တယ်။

From: RFA

မိတ္ထီလာမြို့ ဒုက္ခသည်တွေမှာ အမုန်းတရားတွေမတွေ့ရကြောင်း ဗီဂျေးနမ်ဘီယား ပြောကြား

Posted by drmyochit Monday, March 25, 2013, under | No comments

 မိတ္ထီ လာမြို့ မှာ အစ္စ လာမ်နဲ့ ဗုဒ္ဓ ဘာသာ ဝင်တွေ အကြား ဖြစ် ပွား ခဲ့တဲ့ အဓိ က ရုဏ်းကြောင့် ဒေသ ခံတွေ စိုးရိမ် ကြောက် ရွံ့ နေကြပေ မယ့် နှစ်ဖက် စလုံး မှာ အမုန်း တရားတွေ မတွေ့ ရဘူး လို့ ကုလ သမဂ္ဂ အထွေထွေ အတွင်းရေး မှုး ချုပ်ရဲ့ အထူး ကိုယ် စားလှယ် မစ္စတာ ဗီဂျေးနမ်ဘီယား (V J Nambiar) က ပြောကြား လိုက် ပါတယ်။

မိတ္ထီ လာမြို့ ခရိုင် အား က စား ကွင်း၊ အမှတ် (၁) ရဲစခန်း၊ ပညာရေး ကောလိပ် နဲ့ သာ သနဝေ ပုလ္လ ကျောင်း တိုက် တို့မှာ စောင့် ရှောက် ထားတဲ့ ဒုက္ခသည်စ ခန်းတွေ ကို သွားရောက်ကြည့် ရှုခဲ့ပြီး တဲ့နောက် မစ္စ တာ ဗီဂျေး နမ် ဘီ ယားက ပြောကြား ခဲ့တာပါ။

" အိုးအိမ် ဆုံးရှုံး တဲ့ သူတွေ၊ ပစ္စည်း ဆုံးရှုံး တဲ့ နေ ရာတွေ ကို ကျွန်တော် သွားကြည့် ခဲ့ပါတယ်၊ ဒုက္ခ သည်တွေ နဲ့ လည်း စကားပြော ခဲ့ရ ပါတယ်၊ သူတို့ရဲ့ မျက်လုံးတွေ ထဲမှာ ကြောက်နေ တာတွေ စိုး ရိမ်နေ တာတွေ မြင် ခဲ့ ရပါ တယ်၊ ဒါပေမယ့် အမုန်း တရား ကိုတော့ ကျွန်တော် မတွေ့ ခဲ့ရပါ ဘူး" လို့ ပြောကြား ခဲ့ပါ တယ်။

ဆက် လက်ပြီး မြန် မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ အခု လို အခြေ အနေတွေ ကို သူ့ အနေ နဲ့စိုး ရိမ်ကြောင်း၊ အထူး သဖြင့် ဒုက္ခ သည် ကလေးငယ်တွေရဲ့ အနာ ဂတ်ကို အကူ အညီပေး ဖို့ လိုအပ်ကြောင်း၊ အစိုးရ အနေ နဲ့ ထိရောက် တဲ့ နည်းလမ်း တွေကို အသုံးပြုပြီး တိုင်းပြည်ရဲ့ ပြရုပ် ကို မြှင့်တင်ပေး ဖို့လို အပ်ကြောင်း၊ ဘာ သာပေါင်း စုံက လည်း အခြေ အနေတွေ ကို လာရောက် ဖြေ ရှင်းပေး တဲ့ အ တွက် ကျေနပ် အား ရ မိကြောင်း မစ္စတာ ဗီဂျေး နမ် ဘီ ယား က ပြောကြား ခဲ့ပါတယ်။

ဒီ ခ ရီးစဉ်မှာ လိုက် ပါ သွားတဲ့ ပြည်ထောင် စုဝန်ကြီး ဦးအောင်မ င်း က လည်း အဓိ က ရုဏ်းကြောင့် မီးလောင် ခဲ့ရတဲ့ နေအိမ်တွေကို ပြန်လည် တည်ဆောက်ပေး မှာဖြစ်ပြီး၊ မြို့ကို မူလ အတိုင်း ငြိမ်းငြိမ်းချမ်း ချမ်း နေ ထိုင်နိုင်အောင် စီ မံဆောင် ရွက်ဖို့ သမ္မတ ဦးသိန်းစိ န် က လည်း ညွှန်ကြား ထား တယ်လို့ RFA ကို ပြော ပါတယ်။

မစ္စတာ ဗီဂျေးနမ်ဘီယားရဲ့ မိတ္ထီလာခရီးစဉ်မှာ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း၊ တပ်မတော် အဆင့်မြင့် အရာ ရှိကြီးတွေ အပြင် ဆရာတော် အရှင်ဆေကိန္ဒ၊ ရွှေညဝါဆရာတော် ဦးပညာသီဟ၊ မန္တလေး မစိုးရိမ် တိုက် သစ် ဆရာတော် ဦးဝီရသူနဲ့ ရန်ကုန်အခြေစိုက် အစ္စလာမ် ဘာသာရေး   ခေါင်းဆောင်တွေ လည်း လိုက်ပါခဲ့ကြ ပါတယ်။

သုံး ရက်ကြာ ဖြစ်ပွား ခဲ့တဲ့ အဓိ ကရုဏ်း မှာ သေဆုံးသူ (၃၂) ဦးရှိပြီး၊ ဒေသခံ (၉၆၀၀) ကျော် ဒုက္ခ သည်တွေဖြစ် ခဲ့ ရ တယ်လို့ နိုင်ငံပိုင် သတင်း စာတွေ မှာ ဖော်ပြ ထား ပါတယ်။

မြန်မာ့ အသံနဲ့ ရုပ်မြင် သံကြား ကလည်း မိတ္တီ လာမြို့ အကြမ်း ဖက်မီး ရှို့ မှုဖြစ် စဉ်မှာ ပါဝင်ခဲ့ တယ် လို့ ယူဆ ရသူ (၁၃ )ယောက်၊ လယ်ဝေးမြို့ ရုံးပင်ကျေး ရွာဖြစ်စ ဉ်မှာ ပါဝင် ပတ်သက် ခဲ့ တယ် လို့ ယူ ဆရ သူ (၅) ယောက် နဲ့ ရမည်း သင်းမြို့နယ် ရွာတန်း ကျေးရွာ ဖြစ်စဉ်မှာ ပါဝင် ပတ်သက် ခဲ့တယ် လို့ ယူဆ ရသူ (၁၇) ယောက် တို့ကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ထိန်းသိမ်းစစ်ဆေးနေပြီး ဥပဒေနဲ့ အညီဆောင် ရွက်သွား မှာ ဖြစ်ကြောင်း၊ မိတ္တီလာမြို့မှာ တုတ်ဓါးလက်နက် ကိုင်ဆောင်သွားလာသူ (၅၂) ဦးကို ထိန်းသိမ်း ခဲ့ပြီး ခံ ဝန်နဲ့ ပြန်လွှတ် လိုက်ကြောင်း ဒီကနေ့ ထုတ်ပြန်ကြေ ညာ ခဲ့ ပါတယ်။

From:RFA

မိတ္ထီလာမြို့ အဓိ ကရုဏ်ဖြေရှင်းရေးဆွေးနွေးမှု မူချ ၆ ချက်ချမှတ်

Posted by drmyochit Monday, March 25, 2013, under | No comments

 မိတ္ထီ လာမြို့ မှာ ဖြစ်ပွား ခဲ့တဲ့ အဓိ က ရုဏ်းနဲ့ ပက် သက်ပြီး သမ္မတ ဦးသိန်း စိန်၊ ပြည်သူ့ လွှတ်တော် ဥက္က ဌ သူရ ဦးရွှေ မန်းနဲ့ ပြည်သူ့ လွှတ်တော် တရား ဥပဒေ စိုးမိုးရေး နဲ့ တည်ငြိမ် အေးချမ်း ရေး ကော် မတီ ဥက္က ဌ ဒေါ်အောင် ဆန်း စုကြည် တို့ သုံးဦး မနေ့ ကတွေ့ ဆုံ ဆွေးနွေး ခဲ့ပါတယ်။

အဲဒီ ဆွေးနွေး ပွဲမှာ သဘော တူညီ ချက် ၆ ချက်ရ ရှိခဲ့ တယ်လို့ သိရကြောင်း မြန်မာနိုင်ငံ လုံး ဆိုင်ရာ အစ္စ လာမ် သာသ နာရေးရာ ကောင်စီ ဌာနချုပ် တွဲဖ က် အထွေထွေ အတွင်း ရေးမှူး ဦး ၀ဏ္ဏ ရွှေက RFA ကိုပြောပါ တယ်။

" ဦးသိန်း စိန်ရယ်၊ဒေါ်အောင် ဆန်းစုကြည် ရယ်၊ပြည်သူ့ လွှတ်တော် ဥက္ကဌကြီး သူရဦးရွှေ မန်းရယ် သဘော တူထား တဲ့ ဟာကို တင်ပြ တယ်၊ အဓိက နံပါတ် ၁ အချက်က တရား ဥပဒေ စိုးမိုးရေးကို ထိထိ ရောက်ရောက် ဆောင်ရွက် သွားမယ် ဆိုတဲ့ ကိစ္စ ဒီ အဖြစ် မျိုးကို နောက်နောင် မဖြစ်အောင် ထိန်းသိမ်း ကာကွယ်သွား မယ်ဆို တဲ့ ကိစ္စ"

ဒါ့အပြင် ဒုက္ခ သည်တွေ အမိုး အကာ အောက် ရောက်ရှိ စေ ဖို့နဲ့ အမြန် ဆုံး သူတို့ အိမ်သူ တို့ ပြန်နိုင်အောင် စီစဉ်ပေး ဖို့၊ အစိုးရ၊ ကုလသမဂ္ဂ၊ ဘာသာရေးနဲ့ လူမှုရေး အဖွဲ့အစည်းတွေ ညှိနှိုင်းပြီး ဒုက္ခသည်တွေ ကို ထောက် ပံ့ဆောင် ရွက် ဖို့နဲ့ လူမှု အဖွဲ့ အစည်းနှ စ်ခု အကြား ယုံကြည် မှု ပြန် လည်ဖြစ်ပေါ် လာအောင် ဆွေးနွေး ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ကြဖို့စသဖြင့် သဘော တူညီ ခဲ့ကြ တယ်လို့ ဆိုပါတယ်။

မနေ့ ညနေကလည်း ကုလ သမဂ္ဂ အတွင်းရေး မှူး ချုပ်ရဲ့ အထူး ကိုယ်စား လှယ် မစ္စတာ ဗီဂျေးနမ် ဘီယား နဲ့ ပြည်ထောင် စု အစိုး ရ အ ဖွဲ့ ဝင်တွေ၊ လွှတ်တော် ကိုယ်စား လှယ်တွေ၊ ဘာသာရေး ခေါင်းဆောင် တွေ ဟာ မိတ္ထီ လာမြို့မှာ တံခါးပိတ် အစည်း အဝေး တစ်ရပ် ပြုလုပ် ခဲ့ပြီး၊ အ လား တူ အဓိ က ရုဏ်း တွေ နောက်နောင် မဖြစ်ပွါးရေး အတွက် အကြံပြု ဆွေးနွေးခဲ့ကြတယ်လို့ သိရပါ တယ်။

ပြန် လည် ထူထောင်ရေး ကိစ္စတွေ ဆောင် ရွက်ဖို့ အတွက် ကမ္ဘာ့ ကု လ သ မဂ္ဂ ကလေး များရန်ပုံငွေ အဖွဲ့၊ ကမ္ဘာ့ စားနပ် ရိက္ခာ အစီ အစဉ် စတဲ့ နိုင်ငံ တကာ NGO အဖွဲ့တွေ အခု မိတ္ထီ လာမြို့ ကို စတင်ရောက် ရှိနေပြီ လို့လည်း သိရ ပါ တယ်။

News From: RFA ( 24-3-2013)

မိတ္ထီလာ ပြည်သူများမှ တပ်မတော်သားများကို တိုးမြှင့်ချထားရန် တောင်းဆို

Posted by drmyochit Monday, March 25, 2013, under | No comments

 ကိုးကွယ် ယုံကြည် သူအ မျိုး မျိုး စုပေါင်း နေ ထိုင် နေကြ တဲ့ မြန် မာနိုင် ငံမှာ ပြည်သူ အားလုံး ချစ် ကြည်ငြိမ်း ချမ်း နေ ထိုင်ကြ ဖို့၊ အစိုးရ အနေ နဲ့ လုံခြုံရေး ကိစ္စ တိုးမြှင့် ဆောင်ရွက် ဖို့ ဘာ သာ ပေါင်းစုံ ချစ်ကြည် ညီ ညွတ်ရေး အ ဖွဲ့က ဒီကနေ့ သေ ဘာ ထား ကြေညာ ချက် တစ်ရပ် ထုတ်ပြန် ခဲ့ပါ တယ်။

နှစ် ဦးနှစ်ဖက် ချစ် ချစ် ခင်ခင် ပြန်လည် နေထိုင် ကြဖို့ အတွက် ကြေညာ ချက် ထုတ်ပြန် ရ တာ ဖြစ်ကြောင်း ဘာ သာ ပေါင်း စုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ခရစ်ယာန်ဘာသာ အတွင်းရေး မှူး ဒေါက် တာ သာ ဥာဏ်က RFA ကို ပြော ပါတယ်။

" ယခုဖြစ် တာ သာ မာန် အရောင်း အဝယ် အငြင်း ပွား မှု ပဲလေ အဲ့ ဒါ ဘာ သာရေး အထိနွယ် သွား စရာ အကြောင်း မ ရှိဘူး၊ အဲ့လို မဖြစ်အောင် အ တူသော ဘာသာ ဝင်တွေ က ငြိမ်းငြိမ်း ချမ်း ချမ်း ဖြေရှင်း ဖို့ပဲ၊ ဘာကြောင့် ဒီလိုဖြစ် နေ ရ တာ လဲ၊ ဘာကြောင့် တစ် ယောက်နဲ့ တစ်ယောက် အဆင် မပြေချင်နေရ တာလဲ အဲ့ဒီ အဓိ အကြောင်း အ ရင်း ကို ရှာဖို့ ကြိုး စား ပါမယ်"

ဘာသာ ပေါင်းစုံက ခေါင်းဆောင် တွေပါ ဝင်တဲ့ အဲဒီ ထုတ်ပြန် ကြေ ညာ ချက်မှာ အစိုး ရဘက် က နှစ်ဖက်ပြည် သူ တွေ  ရဲ့ လုံခြုံရေး ကို ထားရှိဖို့၊ ဒီကိစ္စတွေရပ်တွေကို ဥပဒေကြောင်းအရ စစ်ဆေး အရေး ယူဆောင် ရွက်ပေး ဖို့၊ ပြည် သူလူ ထု အနေ နဲ့ မေ တ္တာကို အခြေ ခံပြီး ငြိမ်းချမ်း စွာနေ ထိုင်ဖို့၊ မလိုလား အပ်တဲ့ ပဋိပ က္ခတွေ မှာ မပါဝင်ကြ ဖို့နဲ့ ဥပဒေမဲ့ လုပ်ရပ် တွေမှာ လည်း မပါဝင် ကြဖို့ မေတ္တာ ရပ်ခံ ထား ပါတယ်။

From:RFA

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်