Thursday, July 26, 2012

ပြည်ချစ်သား စဉ်းစားစေချင်သည် (၁)

Posted by drmyochit Thursday, July 26, 2012, under | 4 comments


Tuesday,July 17,2012 ရက်စွဲဖြင့် အင်တာနက် ပေါ်တွင် ပြည်ချစ်သား ရေးသားထား သော ဆောင်းပါး တစ်ပုဒ်ကို ဖတ်လိုက်ရပါတယ်။ ကျွန်တော် ကိုယ်တိုင် ငြိမ်းချမ်းရေး ကိစ္စကို စိတ်ဝင် စားတာက တစ်ကြောင်း၊ ကျွန်တော် မသိသေးတဲ့ အကြောင်း တရားတွေရှိနိုင် သလို ဆောင်းပါးရှင် မသိသေးတဲ့ အကြောင်း တရားတွေ လဲ ရှိနိုင်မယ် လို့ယူဆပြီး ဒီဆောင်းပါးကို ရေးကြည့် လိုက်ပါတယ်။

          ကချင်ပြည်နယ် ငြိမ်းချမ်းရေး မရသေးတဲ့ ကိစ္စ စစ်တပ် တစ်ခုတည်း ကိုပဲ အပြစ်ဖို့ လို့ရမလားပေါ့။   KIA က စစ်တပ်နှင့် ငြိမ်းချမ်းရေး စယူတာ ၁၉၉၄ ခုနှစ်လောက် ကစတာကို မှတ်မိ လိုက်တယ်။ အဲဒီတုန်းက လည်းကျန်တဲ့ အဖွဲ့တွေဖြစ်တဲ့ NDAK တို့၊ ''ဝ'' အဖွဲ့တို့၊ ရှမ်းအဖွဲ့ တို့နဲ့လည်း စစ်တပ်က ငြိမ်းချမ်းရေး လုပ်ခဲ့ တယ်။ KIA  နဲ့ငြိမ်းချမ်းရေး လုပ်တော့မြစ်ကြီးနားမှာ၊ တိုင်းမှူးက ဗိုလ်ချုပ် စောလွင်နဲ့။KIA  က လက် မှတ်တွေမထိုးလို့ ခဏခဏ ဆွေးနွေးပွဲ တွေလုပ်ကြရ တယ်လို့ အကျိုးတော်ဆောင် တွေက ပြောတာ မှတ် မိတယ်။ ပြောချင်တာက အစကတည်းက ခက်ခက်ခဲခဲ ပဲလို့ ဆိုလိုတာပါ။ ငြိမ်းချမ်းရေး ရတော့ KIA ကို ကချင် အထူးဒေသ(၂)လို့ ခေါ်ပြီး လိုင်ဇာ နယ်မြေကို ပေးထားတယ် လို့သိရတယ်။ NDAK  ကတော့ ကချင် အထူး ဒေသ(၁)လို့ ခေါ်တယ် လို့သိရတယ် NDAK နဲ့KIAက အရင်ကတည်းက မတည့်ဘူး၊ ငြိမ်းချမ်းရေး ယူထားတဲ့ အချိန်တုန်းကလည်း မကြာခဏ ပြဿနာဖြစ်ကြတယ်။ NDAK  က ပန်ဝါ၊ ဗကပ (၁ဝ၁) ကို  အခြေခံပြီး၊ လဝေါ်၊ လချိတ်တွေနဲ့ ဖွဲ့စည်းထားတာ။ နယ်မြေကိုက လဝေါ်၊ လချိတ်နယ်မြေ။ KIA ကတော့ ဂျိမ်းဖော အများစုနဲ့ ဖွဲ့စည်းထားတာ။KIA က ခေါင်လန်ဖူး ဘက်ကို လိုချင်တယ်။NDAK ကလည်း သူတို့ ဗကပ(၁ဝ၁) နယ်မြေ ဖြစ်ခဲ့တယ်ဆိုပြီး လုံးဝ လက်မခံဘူး၊ အဲဒီမှာတင် NDAK ခေါင်းဆောင် တွေကို လုပ် ကြံတာတွေ ဘာတွေရှိခဲ့ဘူးတယ်။ အဓိကကတော့ တရုတ်ဘက်နဲ့ပေါင်းပြီး သတ္တုတွေ၊ သစ်တွေ ခိုးထုတ် ချင်တာပါဘဲ။ မူးယစ်ဆေးဝါး ကိစ္စကတော့ ဘယ်သူမှမကင်းပါဘူး။ အားလုံး သိနေကြတာပါဘဲ။

          ဒီမှာ ထူးခြားတာက ၂ဝဝ၄ ခုနှစ်ကစပြီး ညီလာခံ လုပ်တော့ သူတို့နှစ်ဖွဲ့ စလုံး သွားတက် ကြတယ်။ ပြဿနာက KIA နဲ့ဖြစ်တာ ဆိုတော့ ဖြစ်စရာ အကြောင်းတရား တွေရှာကြည့်ရင်း NDAK က ပါလာတာပါ။ ထားလိုက်တော့၊ KIA  က ညီလာခံပြီးအောင်တက်တယ်။ ညီလာခံပြီးတော့ အခြေခံ ဥပဒေ ဆို တာပေါ်လာတယ်။ စစ်တပ်က NDAK   ကို သူတို့အခေါ် ခစတလား၊ နယ်ခြား စောင့်လား ဖွဲ့ပေး လိုက်တယ်။ လုပီမှာ ၁ ဖွဲ့၊ ဂန့်ဂွင်းမှာ ၁ ဖွဲ့၊ စင်ကြိုင်မှာ ၁ ဖွဲ့ထားတယ်။ KIA ကျတော့ လက်မခံဘူးတဲ့။ အဲဒီမှာ ပြဿနာ စတော့ တာပါဘဲ။ ပြဿနာ စတယ်ဆိုတော့ သေနတ်သံတွေ၊ ဗုံးသံတွေ ပြန်ကြား တာပေါ့၊ မှတ်မှတ်ရရ ၂ဝ၁၁ ခုနှစ်၊ ဇွန်လထဲမှာ ကျုပ်တို့ ကချင်ပြည်နယ်မှာ ဟိုနားမိုင်းခွဲ၊ ဒီနားမိုင်းဆွဲ၊ လမ်းတွေရော၊ တံတားတွေရော ၊မြစ်ကြီးနား မြို့ပေါ်မှာတောင် ကွဲတယ်၊သေတာက ကျုပ်တို့ အရပ်သားတွေ။ ဒဏ်ရာ ရတဲ့သူတွေမြင် ရတာ၊သေတဲ့ သူတွေမြင်ရတာ စိတ်မချမ်း သာဘူး။ သတင်းစာထဲမှာ၊ TV ထဲမှာ တွေ့ရတာလည်း စိတ် မကောင်း ဘူး။ အဲဒီမှာ ရထားလမ်းကို မိုင်းခွဲရင်းနဲ့သေသွားတဲ့ KIA အလောင်း ၂ ခုပုံ ပါလာတယ်။



4 comments:

ကိုမျိုးချစ်ရေ
အမှန်တရားကိုပြည်သူတွေ သိအောင်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။
ဆက်လက်ပြီးပြည်သူတွေသိအောင်ဖော်ပြပေးပါအုံး။

ကေအိုင်အေ က ဘာကြောင့် စစ်တိုက်တာလဲ ဆိုတော့ ကချင်ပြည်က သယံဇာတ တွေ ကို တဦးတည်း အပိုင်လိုချင်လို့။ ဒီကောင်တွေ အယ်ကေဒါ အကြမ်းဖက် သမားတွေနဲ့ အတူတူဘဲ ... တံတား မိုင်းခွဲ ဆပ်ကြေးတောင်း. ပတ်ဝန်းကျင် ဒုက္ခပေးတဲ့ ကောင်တွေ ..

KIA ကို အမြစ်ပြတ်ချေမှုန်း ပေးပါတော့ဗျို့။ သူတို့က ဘာအားကိုးနဲ့ ဒီလိုလုပ်နေရတာလဲ။

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်