ယခင်သမ္မတ
Mills သေဆုံးမှုအား ဇူလိုင်လ ၂၄ ရက်နေ့ညနေပိုင်းတွင်
ကြေညာခဲ့ပြီးနောက် ဂါနာ နိုင်ငံ၏ ဒုတိယသမ္မတ John Mahama သည်
ဂါနာနိုင်ငံ၏ ၄ ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါ သည်။ ဂါနာသမ္မတဲသ့ည John Evans Atta သည်
အမှတ်(၃၇)စစ်ဆေးရုံ၌ ဆေးကုသမှုခံယူနေစဉ် သေဆုံးခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ် Henry Martey Newman က ကြေညာခဲ့ပါသည်။ Mills သည် (GMT-14;15)
အချိန်တွင် အဆိုပါဆေးရုံ၌သေဆုံးခဲ့ခြင်းဖြစ်ကြောင်း
Mohama က ပြောကြားခဲ့ပါသည်။ ဂါနာနိုင်ငံ၏ ၁၉၉၂ ခုနှစ် ဖွဲ့စည်းပုံ
အခြေခံဥပဒေအရ သမ္မတ John Mahama သည် သမ္မတဲသ့ည John Evans Atta Mills ၏
ကျန်ရှိသောသမ္မတသက်တမ်း အား လွှဲပြောင်းလက်ခံခဲ့ပါသည်။
John Mahama သည် သမ္မတအနေဖြင့် ပထမဦးဆုံးပြောကြားသည့်မိန့်ခွန်း၌ Mills ၏ မိသားစုထံ ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး တစ်နိုင်ငံလုံးအနေဖြင့် ဝမ်းနည်းသည့်အထိမ်းအမှတ်အဖြစ် အလံများအား တိုင်ဝက် သာလွှင့်ထူရန် ပြောကြားခဲ့ပါသည်။ Mr.John Mahama အား ဂါနာပါလီမန်ကိုယ်စားလှယ်အဖြစ် ၁၉၉၆ ခုနှစ်တွင် ပထမဦးဆုံးရွေးချယ်ခဲ့ပါသည်။ ၁၉၉၇ ခုနှစ် ဧပြီလတွင် ¤င်းအား ဆက်သွယ်ရေး ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပါသည်။ John Mahama သည် ဂါနာပါလီမန်အဖွဲ့ဝင်အဖြစ် ၄ နှစ် ထပ်မံတာဝန်ထမ်းဆောင်ရန် ၂ဝဝဝ ပြည့်နှစ်တွင် ထပ်မံရွေးချယ်ခံခဲ့ရပါသည်။ John Mahama သည် ပါလီမန်အဖွဲ့ဝင်အဖြစ် ၂ဝဝ၄ ခုနှစ်တွင် တတိယ အကြိမ်ထပ်မံရွေးချယ်ခံခဲ့ရပါသည်။ ၂ဝဝ၂ခုနှစ်တွင် အမျိုးသားဒီမိုကရက်တစ်ကွန်ဂရက်၏ဆက်သွယ်ရေး ညွှန်ကြားရေးမှူးအဖြစ် ၎င်းအားခန့်အပ်ခဲ့ပါသည်။ John Mahama သည် ၂ဝဝ၉ ခုနှစ်တွင် ဂါနာဒုတိယသမ္မတ အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရှိရပါသည်။
Xinhuanet.com;July-24(Tue)

0 comments:
Post a Comment