Thursday, July 26, 2012

အီဂျစ်သမ္မတ Morsi သည်Qandil အား ဝန်ကြီးချုပ်ခန့်အပ်ခဲ့ခြင်း

Posted by drmyochit Thursday, July 26, 2012, under | No comments



          အီဂျစ်သမ္မတ Mohamed Morsi  က ဆည်မြောင်းဝန်ကြီး Hesham Qandil  အား ဝန်ကြီးချုပ်သစ် အဖြစ် ဇူလိုင်လ ၂၄ ရက်နေ့တွင်တာဝန်ပေးအပ်ခဲ့ကြောင်းဒေသသတင်းဌာနများက ဖော်ပြခဲ့ပါသည်။ အစိုးရဝန်ကြီး အဖွဲ့သစ်ကို စောနိုင်သမျှအစောဆုံးဖွဲ့စည်းရန်အတွက်Qandil အား Morsi  က ညွှန်ကြားထားပြီးဖြစ်ကြောင်း အီဂျစ်သမ္မတ၏ပြောရေးဆိုခွင့်ရ Yasser Ali ၏ပြောကြားချက်ကိုကိုးကား၍ MENA  သတင်းဌာနက ဖော်ပြခဲ့ပါ သည်။ ဇူလိုင်လ ၂၄ ရက်နေ့နောက်ပိုင်းတွင် သမ္မတ Morsi     သည်ဝန်ကြီးချုပ်သစ်Qandil နှင့် တွေ့ဆုံဆွေးနွေး သွားမည်ဖြစ်ကြောင်း Ali  က ဆက်လက်ပြောကြားခဲ့ပါသည်။
          ယခုခန့်အပ်ခဲ့သော ဝန်ကြီးချုပ်သစ်Qandil  သည် အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ၁၉၉၃ခုနှစ်တွင် ဒေါက်တာ ဘွဲ့အထိရရှိခဲ့သူဖြစ်ပါသည်။ အီဂျစ်သမ္မတ Morsi  သည် မေလနှင့်ဇွန်လတွင် အီဂျစ်သမ္မတရွေးကောက်ပွဲ၌ အနိုင် ရရှိလာပြီး သမ္မတသက်တမ်း ၁ လသာရှိသေးသောကာလအတွင်း Qandil ကို ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ် ခဲ့ခြင်းဖြစ်ပါသည်။
Xinhuanet.com;July-24(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်