Thursday, July 26, 2012

ရှပ်ပြေးယာဉ်မြုပ်မှု ၁၄ ဦး ပျောက်ဆုံးနေဆဲ

Posted by drmyochit Thursday, July 26, 2012, under | No comments


ကချင်ပြည်နယ် ဗန်းမော်မြို့မှာ အခုလ ၂၀ ရက်နေ့က နစ်မြုပ်ခဲ့တဲ့ မြမင်းအောင် (၁) ရှပ်ပြေးရေယာဉ်ကို ဒီကနေ့ နေ့လည်ပိုင်းမှာ ကမ်းပေါ်ကို ၀န်ချီစက်နဲ့ ဆွဲတင်နိုင်ခဲ့ပြီး ဖြစ်ပေမယ့် လူ (၁၄) ဦး ပျောက်ဆုံးနေဆဲလို့ ကယ်ဆယ်ရေးသမားတွေက ပြောပါတယ်။

လောလောဆယ်အထိ ကယ်ဆယ်ရရှိသူ (၇၉) ဦးရှိပြီး ဘုန်းကြီးအလောင်း (၁) လောင်း အပါအ၀င်၊ စုစုပေါင်း ရုပ်အလောင်း (၁၅) လောင်းကို ဆယ်ယူရရှိထားပြီ ဖြစ်တယ်လို့ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ဗန်းမော်မြို့ခံ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဒီကနေ့ ဆယ်ယူရရှိတဲ့ မြမင်းအောင် ရှပ်ပြေးယာဉ်ပေါ်မှာ ထီး ၆ လက်၊ ခရီးဆောင်အိတ် ၉အိတ်ကိုပဲတွေ့ပြီး မတန်တဆ တင်ဆောင်လာတဲ့ ဘိလပ်မြေအိတ်၊ ဓာတ်မြေသြဇာအိတ်နဲ့ မော်တော်ဆိုင်ကယ်တွေကို မတွေ့တာကိုတော့ မြို့ခံတွေက သံသယဝင်နေကြပါတယ်။
ပျောက်ဆုံးနေဆဲ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကလည်း သူတို့ရဲ့ မိသားစုဆွေမျိုးတွေကို ရှာမတွေ့သေးတဲ့အပေါ် မကျေမနပ် ဖြစ်နေကြတယ်လို့ သိရပါတယ်။
ဗန်းမော်မြို့မှာ အခု ရှပ်ပြေးရေယာဉ်နစ်မြုပ်မှုနဲ့ ပတ်သက်ပြီး ကချင်ပြည်နယ် အစိုးရအဖွဲ့က စုံစမ်းရေးအဖွဲ့တစ်ခု ဖွဲ့စည်းသွားမယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်