Thursday, July 26, 2012

တောင်ဆူဒန်၏ရေနံဖြတ်သန်းပို့ဆောင်ခတိုးမြှင့်ရန်အဆိုပြုချက်ကို ဆူဒန်ကငြင်းပယ်ခဲ့ခြင်း

Posted by drmyochit Thursday, July 26, 2012, under | No comments



          ဆူဒန်အစိုးရအနေဖြင့် မည်သည့်ရေနံ၊ သို့မဟုတ် ဘဏ္ဍာရေးသဘောတူညီချက်ကိုမျှ ဆွေးနွေးခြင်း မပြုမီ နယ်စပ်လုံခြုံရေးကိစ္စကိုဦးစွာသဘောတူညီချက်ရရှိလိုကြောင်း ဆူဒန်နိုင်ငံက ပြောကြားခဲ့ပါသည်။ ရေနံ ဖြတ်သန်းပို့ဆောင်ခကိုတိုးမြှင့်ရန်၊ အမေရိကန်ဒေါ်လာ ၈.၂ ဘီလီယံဘဏ္ဍာရေးသဘောတူညီချက်ပြုလုပ်ရန် စသည့် တောင်ဆူဒန်၏အဆိုပြုချက်ကို ဆူဒန်နိုင်ငံက ပယ်ချခဲ့ပြီး သြဂုတ်လ ၂ ရက်နေ့နောက်ဆုံးထား၍ ကျန်ရှိ နေသေးသောပြဿနာရပ်များဖြေရှင်းရေးကိုလည်း ငြင်းဆိုခဲ့ပါသည်။ ရေနံဖြတ်သန်းပို့ဆောင်ခ၊ နယ်စပ်ပိုင်းခြား သတ်မှတ်ရေးနှင့် လုံခြုံရေးအပါအဝင် ကိစ္စရပ်များစွာနှင့်ပတ်သက်၍ သြဂုတ်လ ၂ ရက်နေ့နောက်ဆုံးထား၍ နှစ်နိုင်ငံစလုံးက သဘောတူညီချက်ရယူရန် အာဖရိကသမဂ္ဂနှင့် ကုလသမဂ္ဂတို့က ပြဋ္ဌာန်းခဲ့ပြီးနောက် ဇူလိုင်လ ၂၃ ရက်နေ့တွင် တောင်ဆူဒန်၏အဆိုပြုတောင်းဆိုချက်များကို ဆူဒန်နိုင်ငံက ငြင်းပယ်ခဲ့ပါသည်။

 တောင်ဆူဒန်သည်    ဆူဒန်ထံမှလွတ်လပ်ရေးရချိန်တွင် တောင်ဆူဒန်ဒေသတွင်းရှိ ရေနံမြေသုံးပုံနှစ်ပုံကို ရယူခဲ့သော်လည်း ရေနံပိုက်လိုင်းများနှင့် ရေနံထုတ်လုပ်ရေးစက်ရုံများမှာ မြောက်ပိုင်းဒေသအတွင်း၌သာ ရှိနေပါ သည်။ ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလတွင် တောင်ဆူဒန်အစိုးရက ရေနံထုတ်လုပ်မှုအားလုံးကိုဖြတ်တောက်ခဲ့ရာ နှစ်နိုင်ငံ စလုံး၏စီးပွားရေးကို ထိခိုက်နစ်နာစေခဲ့ပါသည်။ တောင်ဆူဒန်အစိုးရသည် ထိုက်သင့်သောသယ်ယူပို့ဆောင်ခ များကိုသဘောတူညီချက်ရရှိပါက ရေနံတင်ပို့မှုကိုပြန်လည်စတင်ရန်အသင့်ရှိကြောင်း တောင်ဆူဒန်နိုင်ငံ၏စေ့စပ် ညှိနှိုင်းရေးမှူးအကြီးအကဲ  Pagan Amum က သတင်းထောက်များကို ပြောကြားခဲ့ပါသည်။
          တောင်ဆူဒန်ရေနံများကို ဆူဒန်နိုင်ငံမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေးအတွက် တောင်ဆူဒန်အစိုးရက ရေနံတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉.၁ အထိပေးဆောင်မည့်အဆိုပြုချက်နှင့် ပတ်သက်၍  Amum က ထုတ်ဖော်ပြောကြားခဲ့ပါသည်။ အစောပိုင်းတွင် စည်းကြပ်ခွန်၊ သယ်ယူပို့ဆောင်ခ၊ ထုတ်လုပ်မှုစရိတ်နှင့် ဆိပ်ကမ်း အခွန်အခများအပါအဝင် ရေနံတစ်စည်လျှင် ဖြတ်သန်းပို့ဆောင်ခ အမေရိကန်ဒေါ်လာ ၃၆ ဒေါ်လာပေးရန် ဆူဒန်အစိုးရက တောင်းဆိုခဲ့ပါသည်။
Aljazeera.com;July-24(Tue)

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်