ဆီးရီးယားနိုင်ငံ၏
ဓာတုလက်နက်ပစ္စည်းများကိုတိုက်ခိုက်ချေမှုန်းခြင်းသည် ဒေသတွင်းပဋိပက္ခတစ်ခု ကိုဖြစ်ပွားစေနိုင်ကြောင်း
အစ္စရေးစစ်ဘက်အကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး Benny Gantz က
ဇူလိုင်လ ၂၄ ရက် နေ့ နေ့လယ်ပိုင်းတွင် သတိပေးပြောကြားခဲ့ပါသည်။ အစ္စရေးတပ်မတော်အနေဖြင့်
အဆိုပါဓာတုလက်နက် များနှင့်ပတ်သက်ပြီး တိုက်ခိုက်မှုတစ်ခုစတင်ရန် အခက်အခဲများကြုံရဖွယ်ရှိပြီး
ကြီးမားသောပဋိပက္ခတစ်ခုအသွင် ဖြစ်လာဖွယ်ရှိကြောင်း အစ္စရေးပါလီမန်၏ပြည်ပရေးရာနှင့် ကာကွယ်ရေးကော်မတီတွင်
ဒုတိယဗိုလ်ချုပ်ကြီး Benny
Gantz ၏ပြောကြားချက်ကို
ကိုးကား၍ Ynet သတင်းဌာနက ဖော်ပြခဲ့ပါသည်။
ဆီးရီးယားအစိုးရသည်
နေရာအနှံ့ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင်ထားသော်လည်း အခြေအနေ မှာ ပြောင်းလဲသွားဖွယ်ရှိပြီး
မိမိတို့အနေဖြင့် အကျပ်အတည်းတစ်ခုနှင့်ရင်ဆိုင်ရနိုင်ကြောင်ွးGantz က ပြောကြား ခဲ့ပါသည်။
ဆီးရီးယားအစိုးရသည် ၎င်း၏နယ်စပ်ဒေသများအနီးရှိလေဆိပ်များသို့ ဓာတုလက်နက်များကို ရွှေ့ပြောင်းထားပြီးဖြစ်ကြောင်း
ဆီးရီးယားသူပုန်အဖွဲ့က ဇူလိုင်လ ၂၄ ရက်နေ့အစောပိုင်းတွင် အခိုင်အမာ ပြောကြားခဲ့ပါသည်။
သမ္မတ ဘက်ရှာအယ်လ်အာဆတ်သည် ဓာတုပစ္စည်းများရောစပ်ရေးအတွက် လက်နက် များနှင့် ပစ္စည်းကိရိယာအချို့ကို
နယ်စပ်ဒေသရှိလေဆိပ်များသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း သူပုန်အဖွဲ့၏ ကြေညာချက်တစ်စောင်တွင်
ဖော်ပြထားပါသည်။
ယင်းကဲ့သို့လုပ်ဆောင်မှုသည် နိုင်ငံတကာအသိုက်အဝန်းအား ဖိအားပေးရန် အဓိပ္ပါယ်သက်ရောက်စေခဲ့ကြောင်း
သူပုန်အဖွဲ့က ပြောကြားခဲ့ပါသည်။
ဆီးရီးယားအစိုးရသည်
¤င်း၏ပြည်သူများကို အကြောင်းကိစ္စမရှိဘဲ ဓာတုလက်နက်၊ သို့မဟုတ် အခြားသောသမားရိုးကျမဟုတ်သည့်လက်နက်များကို
အသုံးပြုသွားမည်မဟုတ်ကြောင်း၊ ပြည်ပကျူးကျော်ရန်စမှု များဖြစ်လာခဲ့မှသာ အသုံးပြုသွားမည်ဖြစ်ကြောင်း၊
မည်သည့်အချိန်တွင် မည်သို့အသုံးပြုရမည်ကို ခေါင်းဆောင် များက ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း
ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် Jihad Makdissi က ရုပ်/သံ သတင်းစာရှင်းလင်းပွဲတစ်ခုတွင်
ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
Xinhuanet.com;July-25(Wed)
Time in Rangoon

0 comments:
Post a Comment