Thursday, July 26, 2012

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ထိုင်းနိုင်ငံသို့ ချစ်ကြည်ရေး ခရီးသွားရောက် ခဲ့ပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

Posted by drmyochit Thursday, July 26, 2012, under | No comments

(နေပြည်တော်    ဇူလိုင်   ၂၅)
ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်  နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စ ရင်လတ်ရှင်နာဝပ် ၏ ဖိတ် ကြားချက်ရ ထိုင်းနိုင်ငံ သို့ချစ်ကြည်ရေး ခရီး သွားရောက် ခဲ့ပြီး အဖွဲ့ဝင်များ နှင့်အတူ ယနေ့ နံနက် ၉ နာရီတွင်  လေကြောင်း ခရီးဖြင့် နေပြည်တော် သို့ ပြန်လည်ရောက် ရှိသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ခေါင်းဆောင် သောမြန်မာ ကိုယ်စားလှယ် အဖွဲ့ဝင်များအား ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊  ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ် (ကြည်း)   ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ သမ္မတရုံး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး  ဦးသိန်းညွန့်၊ သတ္တုတွင်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထိုက်၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်း၊ ဆက် သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်း ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းထွန်း၊ လူဝင်မှု ကြီးကြပ်ရေး နှင့်ပြည်သူ့ အင်အားဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့်  သစ်တောရေးရာ ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းထွန်း၊ အမှတ်(၂) လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန  ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး၊ ကျန်းမာရေး ဝန်ကြီးဌာန   ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဖေသက်ခင်၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်  တိုင်းမှူး  ဗိုလ်ချုပ်မောင် မောင်အေး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ တော်ဆိုင် ရာ ထိုင်းနိုင်ငံ သံရုံး - သံရုံးယာယီတာဝန်ခံ Mr. Kallayana Vipattipumiprates နှင့် သံရုံးမှ တာဝန်ရှိသူများက နေပြည်တော် လေဆိပ်၌ ကြိုဆို နှုတ်ဆက်ကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်