Tuesday, July 03, 2012

အထူးသံတမန်ကိုဖီအာနန်နှင့် ဆီးရီးယားအတိုက်အခံအဖွဲ့တို့သည် ရုရှားနိုင်ငံသို့ လာရောက်မည်ဟုဆို

Posted by Anonymous Tuesday, July 03, 2012, under | No comments


ကုလသမဂ္ဂနှင့် အာရပ်အဖွဲ့ချုပ်အထူးသံတမန် ကိုဖီအာနန်နှင့် ဆီးရီးယားအတိုက်အခံကိုယ်စားလှယ် အဖွဲ့ ၂ ဖွဲ့တို့သည် ဇူလိုင်လအတွင်း ရုရှားနိုင်ငံသို့ လာရောက်မည်ဖြစ်ကြောင်း ရုရှားနိုင်ငံက ဇူလိုင်လ ၂ ရက် နေ့တွင် အတည်ပြု ပြောကြားခဲ့ပါသည်။ အာနန်သည် ရုရှားနိုင်ငံဘက်မှ ဖိတ်ကြားချက်အရ ဇူလိုင်လ လယ်တွင် လာရောက်နိုင်ဖွယ်ရှိကြောင်း၊ ဆီးရီးယားအတိုက်အခံ ခေါင်းဆောင်မီချေးကီလိုသည် ယခု ရက်သတ္တပတ် နှောင်းပိုင်းတွင် ရုရှားနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်းနှင့် အတိုက်အခံဆီးရီးယား အမျိုးသားကောင်စီ၏ အကြီးအကဲသစ် အဗ္ဗဒူဘာဆက်ဆီဒါသည် ဇူလိုင်လ ၁ဝ ရက်နေ့တွင် ရုရှားနိုင်ငံသို့ စတင်လာရောက် မည်ဖြစ်ကြောင်း ရုရှားလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မီးခေးလ်ဘိုဒါနော့ဗ်က ပြောကြားခဲ့ပါသည်။

ထိုကဲ့သို့ လာရောက်လည်ပတ်မှုသည် ကိုဖီအာနန်၏ အစီအစဉ်အား အကောင်အထည်ဖော် ဆောင်ရွက်ရန်၊ ကုလသမဂ္ဂနှင့် အင်အားကြီးနိုင်ငံများပါဝင်သည့် လုပ်ငန်းအဖွဲ့တို့၏ ဆုံးဖြတ်ချက်များအား အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး အရေးပါကြောင်း ၎င်းကပြောကြားခဲ့ပါသည်။ အဆိုပါလုပ်ငန်း အဖွဲ့သည် ဇွန်လ ၃ဝ ရက်နေ့က ဂျီနီဗာမြို့တွင် တွေ့ဆုံခဲ့ကြပြီး ဆီးရီးယားနိုင်ငံတွင် ၁၆ လကြာ ပဋိပက္ခ ဖြစ်ပွားနေမှုအား အဆုံးသတ်စေရေး အသွင်ကူးပြောင်းမှု တစ်ရပ်ကိုလမ်းဖွင့်ပေးရာ ရောက်သည့်လမ်းစဉ်မြေပုံ တစ်ရပ်နှင့် ပတ်သက်၍ သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်