Tuesday, July 03, 2012

အင်ဒိုနီးရှားနိုင်ငံသည် ဂျာမနီနိုင်ငံမှတင့်ကားများဝယ်ယူရန် ဆုံးဖြတ်ခဲ့ခြင်း

Posted by Anonymous Tuesday, July 03, 2012, under | No comments


အင်ဒိုနီးရှားနိုင်ငံသည် ဂျာမနီနိုင်ငံလုပ် Leopard  ပင်မတိုက်ပွဲဝင်တင့်ကားများ ဝယ်ယူသွားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် နယ်သာလန်နိုင်ငံမှ အဆိုပါတင့်ကားများဝယ်ယူရေး အစိုးရ၏ ကနဦးအစီအစဉ်များ ကိုပယ်ဖျက်ခဲ့ရကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင်လ ၂ ရက်နေ့တွင် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့သည်ဟု သိရှိရပါသည်။ Leopard ပင်မ တိုက်ပွဲဝင်တင့်ကားများ ဝယ်ယူရေး အစီအစဉ်သည် ၂ဝ၁၂-၂ဝ၁၄ ကာလအတွက် ကြည်းတပ်အင်အားကို မြှင့်တင်ရေး အစိုးရ၏ မဟာဗျူဟာမြောက် စီမံကိန်းများအရ ဝယ်ယူခြင်းဖြစ်ကြောင်းနှင့် ခွဲဝေရရှိသောအသုံးစရိတ် အမေရိကန် ဒေါ်လာ သန်း ၂၈ဝ အား အဆိုပါတင့်ကားများ ဝယ်ယူရာတွင် သုံးစွဲသွားမည်ဖြစ်ကြောင်း ဒုတိယ ကာကွယ်ရေးဝန်ကြီး ဂျက်ဖရီဂျန်ဆိုဒင်က ပြောကြားခဲ့ပါသည်။

ပထမဆုံးအနေဖြင့် ဂျာမနီနိုင်ငံမှတင့်ကား ၁၅ စီးအား ယခုနှစ် အောက်တိုဘာလတွင် လက်ခံရရှိလိမ့်မည်ဖြစ်ပြီး နောက်ထပ်အစီး ၁ဝဝ ကျော်အား ၂ဝ၁၄ ခုနှစ် အောက်တိုဘာလ မတိုင်မီ တဖြည်းဖြည်းလွှဲပြောင်းလက်ခံ ရရှိမည်ဖြစ်ကြောင်း ၎င်းကပြောကြား ခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်