Tuesday, July 03, 2012

ရန်စမှုများ ရပ်တန့်ရန် တရုတ်နိုင်ငံက ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့ခြင်း

Posted by Anonymous Tuesday, July 03, 2012, under | No comments

ဟောင်ယန်ကျွန်း ((Huangyan  Island) အငြင်းပွားမှုနှင့် ပတ်သက်၍ ရန်စသည့် သဘောသက်ရောက်သော ထင်မြင်ချက်များ ပေးခြင်းကိုရပ်တန့်ရန်နှင့် အခြေအနေကို ရှုပ်ထွေးစေခြင်းမှ ရှောင်ရှားရန် တရုတ်နိုင်ငံက ဇူလိုင်လ ၂ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံကို တိုက်တွန်းပြောကြားခဲ့ပါသည်။ ဟောင်ယန်ကျွန်းပိုင်ဆိုင်ကြောင်း တရုတ်နိုင်ငံ၏ အခိုင်အမာပြောကြားနေမှုသည် တရားဝင်ခိုင်လုံမှုမရှိဟု ဖိလစ်ပိုင် အထက်လွှတ်တော် ဥက္ကဋ္ဌ ဂျူယန်ပေါင်အန်ရေး၏ မကြာသေးမီက မှတ်ချက်ပြု ပြောကြားချက်ကို တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လူဝေမင်းက ထိုကဲ့သို့ တုံ့ပြန်ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။


ဟာင်ယန်ကျွန်းသည်တရုတ်နိုင်ငံ၏ မငြင်းနိုင်သောပိုင်နက် တစ်စိတ်တစ်ဒေသဖြစ်ကြောင်း၊ အဆိုပါ ကျွန်းနှင့် ပတ်သက်၍ တင်းမာမှုများသည် မကြာသေးမီက ပြေလျော့သွားပြီဖြစ်ကြောင်းနှင့် ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးနှင့် အခြေအနေကိုတည်ငြိမ်အောင် ထိန်းသိမ်း ရေးဆောင်ရွက် သွားမည်ဟု မျှော်လင့်ကြောင်း လူဝေမင်းက ပြောကြားခဲ့ပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်