မြောက်ကိုရီးယား
နိုင်ငံသည် ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက် ၎င်း၏အာကာသ အစီအစဉ်များကို ဆက်လက်
ဖော်ဆောင်သွားမည် ဖြစ်ကြောင်းနှင့် ကိုယ်ပိုင် ကာကွယ်ရေးအတွက် နျူကလီးယား ဟန့်တား
နိုင်စွမ်းကို လည်းမြှင့်တင် သွားမည်ဖြစ်ကြောင်း ဇူလိုင်လ ၂ ရက်နေ့တွင်ပြောကြားခဲ့ပါသည်။မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန်နိုင်ငံက ၎င်းတို့အပေါ်
ရန်လိုသော မူဝါဒတစ်ရပ် ဆက်လက်ချမှတ်ပြုမူ နေသည့် ကာလပတ်လုံး
ကိုယ်ပိုင်ကာကွယ်ရေးအတွက် နျူကလီးယား ဟန့်တားရေးကိုမြှင့်တင်သွားမည်ဖြစ်ကြောင်းနှင့်ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက်အာကာသဖွံ့ဖြိုး တိုးတက်မှုကိုလည်း တဖြည်းဖြည်း
တွန်းအားပေး လုပ်ဆောင် သွားမည်ဖြစ်ကြောင်းမြောက်ကိုရီးယား
နိုင်ငံခြားရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
ကိုရီးယားကျွန်းဆွယ်
အရေးကိစ္စနှင့်ပတ်သက်၍ ရုရှားနိုင်ငံ၏ နျူကလီးယား ဆိုင်ရာ သံတမန်
ဂရီဂိုရီဆန်ယိုနိုဗစ်ခ်ျရိုဘင်နော့ အနေဖြင့် ဇွန်လ ၂၉ ရက်နေ့မှ ဇူလိုင်လ ၂
ရက်နေ့အထိမြောက်ကိုရီးယားနိုင်ငံသို့ လာရောက်ခဲ့မှုနှင့် ပတ်သက်၍
မေးမြန်းချက်များအား အဆိုပါတာဝန်ရှိသူက ထိုကဲ့သို့ တုံ့ပြန်ပြောကြား
ခဲ့ခြင်းဖြစ်ပါသည်။ အဆိုပါခရီးစဉ်အတွင်း ရိုဘင်နော့နှင့်မြောက်ကိုရီးယား
နျူကလီးယား သံတမန်များသည် နှစ်နိုင်ငံဆက်ဆံရေးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ၆
နိုင်ငံဆွေးနွေးပွဲများ ပြန်လည်စတင်ရေးတို့ နှင့်ပတ်သက်သော ကိစ္စရပ်များအပေါ်
အပြန်အလှန်အမြင်ချင်း ဖလှယ်ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
0 comments:
Post a Comment