Tuesday, July 03, 2012

ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့သည် NATO ထောက်ပံ့ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြခြင်း

Posted by Anonymous Tuesday, July 03, 2012, under | No comments


ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့သည် အာဖဂန်နစ္စတန်နိုင်ငံရှိ NATO တပ်ဖွဲ့ဝင်များအတွက် ၆ လ ကြာပိတ်ဆို့ထားသည့် ထောက်ပံ့ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ပြန်လည်ဖွင့်လှစ် နိုင်ရေး အတွက် ဇူလိုင်လ ၂ ရက်နေ့တွင် ဆွေးနွေးခဲ့ကြောင်း၊ သို့ရာတွင် ထောက်ပံ့ရေးလမ်းကြောင်းများပြန်လည် ဖွင့်လှစ်ရေးနှင့်ပတ်သက်၍ အပြီးသတ်ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်နိုင်ခဲ့ခြင်းမရှိကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးရုံး ပြောရေးဆိုခွင့်ရှိသူ မိုဇန်ခမ်က ပြောကြားခဲ့ပါသည်။ 

အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ ပါကစ္စတန်နှင့် အမေရိကန်နိုင်ငံတို့အကြား ဆွေးနွေးပွဲများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ခမ်ကပြောကြားခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲ၌ ပါကစ္စတန်ကိုယ်စားလှယ်အဖွဲ့အား နိုင်ငံခြားရေးဝန်ကြီး ဟီနာရာ ဘနီခါက ဦးဆောင်ပြီး အမေရိကန်ကိုယ်စားလှယ်အဖွဲ့အား လက်ထောက်နိုင်ငံခြားရေးဝန်ကြီးသောမတ်နီဒက် ကဦးဆောင်ခဲ့ကြောင်း သိရှိရပါသည်။ ထို့အပြင် အာဖဂန်နစ္စတန်ရှိ နိုင်ငံတကာလုံခြုံရေး အထောက်အကူပြုတပ်ဖွဲ့ တပ်မှူးဗိုလ်ချုပ်ကြီးဂျွန်အလန်လည်း အဆိုပါဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်