Tuesday, July 03, 2012

သတင်းထောက်ယဉ်ယဉ်သိန်း(နဘား) တရားစွဲခံရခြင်း

Posted by drmyochit Tuesday, July 03, 2012, under | No comments


ယခုတစ်လောအတွင်း သတင်းဂျာနယ်များအပေါ် တရားစွဲဆိုမှု များစဉ်ဆက်မပြတ်ဖြစ်ပေါ်လျက် ရှိသည်မှာ    ထူးခြားမှုဖြစ်စဉ်များဟု ပြောဆိုသုံးသပ်လျက်ရှိနေကြသည်။ Hot News ဂျာနယ် ၊ မော်ဒန်    ဂျာနယ်၊ TheVoiceဂျာနယ်၊ လျှပ်တစ်ပြက်ဂျာနယ် တို့အစဉ်တစိုက် မှုရင်ဆိုင်ခဲ့ကြရသည့်ဖြစ်ရပ်များ ကြုံကြိုက်ခဲ့ကြရသည်။ ယခုတစ်ဖန် ထပ်မံပြီးလည်း 

     လျှပ်တစ်ပြက်ဂျာနယ်၌ ပင်တိုင် သတင်း ဆောင်းပါးများ ရေးသားလျက်ရှိသော ယဉ်ယဉ်သိန်း (နဘား)၏ လျှပ်တစ်ပြက် ၊ အတွဲ(၃) ၊ အမှတ် (၈၇) တွင် ဖော်ပြပါရှိသည့် “ KIA တပ်ဖွဲ့၏ပြန်ပေးဆွဲ ခံရသူများထဲမှ ပြန်လည်လွတ်မြောက်လာခဲ့သူ မိန်းမပျိုတစ်ဦး” အင်တာဗျူးဆောင်းပါးအား ပုဒ်မ ၅၀၀ဖြင့် အင်းတော်မြို့နယ်တရားရုံးမှာ ဇူလိုင် (၂ရ)ရက်နေ့ ကတရားစွဲခဲ့ သဖြင့် အမှုရင်ဆိုင်ခဲ့ရသည်။

“ ဒီလိုသတင်းမျိုးကို    ရေးသားဖော်ပြရတယ်ဆိုတာ ကာယကံရှင်တွေ ကိုယ်တိုင်က လိုလိုလားလား ရေးသားပေးစေချင်လို့ သူက စေတနာ နဲ့ ဂျာနယ် မှာ စာနယ်ဇင်းကျင့် ၀တ်နဲ့ အညီ ရေးခဲ့တာပါ။ KIA ဖမ်းခဲ့ထားရတော့ သူတို့ သမီးအတွက် စိတ်ပူနေကြတော့ သားသမီးချင်း စာနာပြီး သက်ဆိုင်ရာ က ပုဂ္ဂိုလ်တွေ အနေနဲ့ အချိန်မီ အတောအတွင်း ကူညီနိုင်အောင်လို့ ရေးပေးခဲ့တာလေ။ ဓာတ်ပုံအထောက်အထားတွေ ၊ ဗီဒီယိုရိုက်ထားတဲ့ ဖိုင်တွေထဲ မှာသူတို့ ပြောပြတာတွေ အတိုင်းအတိအကျ ဖော်ပြပေးခဲ့တာပဲရှိတယ်။ 

တစ်ခြားဘာမှ နစ်နာထိခိုက်စရာတွေ မပါပါဘူး ဟု ဒေါ်ယဉ်ယဉ်သိန်း၏ ခင်ပွန်းသည် ဦးသက်နိုင်ထွန်းမှပြောပြသည်။ ဒီဖြစ်စဉ်ကတော့ ဘာမှ မဆန်းပြားပါဘူး။ အထက်က တာဝန်ရှိသူတွေက ကျေးလက်က အုပ်ချုပ် သူတွေကို မင်းတို့ အသုံးမကျရ ကောင်းလားဆိုပြီး ငေါက်ငန်းဆူပူတာမျိုး လုပ်လိုက်တော့ အကြောင်းအမျိုးမျိုး နဲ့ဖိအား အပေးခံရပြီး အခုလို တရားစွဲတဲ့အဆင့်အထိ ရောက်ရှိလာတာပါပဲ။ အဓိကအနေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးက နှစ်ဦးနှစ်ဖက် အကြားပြေလည်ရာပြေလည်ကြောင်း ရှင်းလင်းမပေးဘဲ တရားရုံး ရောက်ရှိစေတဲ့ အဆင့်အထိတွန်းပို့ လိုက်တာမျိုးက အတော်အရုပ်ဆိုး ပါတယ်။ 

အခုက ဘာတွေဖြစ်နေလံ ဆိုတော့ ထစ်ကနဲ့ရှိရင် ဂျာနယ်တွေကို တရားစွဲလို့ရတယ်ဆို ပြီးလုပ်ပေါက် တစ်မျိုးလို ဖြစ်နေတာက စိတ်မကောင်း စရာပဲပေါ့ဗျာ ဟု အင်းတော်မြို့နယ် စာေ၇းဆရာ အသင်းဥက္ကဌ ဦးတင်ရွှေ (ဇွဲမြင့်နိုင် ၊ အင်းတော်) မှလည်းပြောကြား သည်။ ယဉ်ယဉ်သိန်း(နဘား) မှ အင်းတော်မြို့နယ်အား ကိုယ်စားပြု၍ စာနယ်ဇင်းမျိုးစုံတင် ပြုပြင်ရေး ၊ ယဉ်ကျေးမှု ၊ ဘာသာရေး နှင့် သတင်း ဆောင်းပါးများစွာကို အစဉ်တစိုက် ရေးသားနေဆဲ စာရေးဆရာမ တစ်ဦးလည်းဖြစ်သည်။  ဒေါ်ယဉ်ယဉ်သိန်း၏ လျှပ်တစ်ပြက် ဂျာနယ်ပါ တရားစွဲခံရသော ဆောင်းပါးမှာ နှစ်ဖက်ပစ်ခက်မှုများ ကြား၌ စစ်ဘေးဒဏ်ခံ နေရသူများ နှင့် ပြန်ပေးဆွဲခံ ရသူတို့၏ ဒုက္ခဖြစ်စဉ်များ အပေါ် ငဲ့ညှာထောက်ထား သော စာနာမှုဖြင့် ရေးသားခဲ့ခြင်းသာ ဖြစ်သည်။

တစ်စုံတစ်ဦးအပေါ် မဟုတ်တန်တရား ရေးသားထားချက်များ မပါရှိသည့်အပြင် နိုင်ငံတော်အစိုးရ အတွက် တစ်ထောင့်တစ်နေရာမှ အကျိုးပြုစေသော ရေးသားမှုမျိုးဖြင့် စတုတ္ထမဏ္ဌိုင် ပီပြင်မှုကို မီးမောင်ထိုးပြ ပေးချင်သာဖြစ်သည်။ အင်းတော်တရားရုံးမှ ဇူလိုင်(၄)ရက်နေ့ သို့ ထပ်မံချိန်းဆို ထားသည်ဟု သတင်းရရှိပါသည်။








0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်