Saturday, August 25, 2012

နည်းပညာခိုးယူမှုကြောင့် Appleကို ဒေါ်လာ သန်း ၁ ထောင်ကျော် Samsung လျော်ကြေးပေးရန် တရားရုံးအမိန့်ချ

Posted by drmyochit Saturday, August 25, 2012, under | No comments



 
မိုဘိုင်းဖုန်းနှင့် Tablet ကွန်ပြူတာများတွင် Apple ၏နည်းပညာအချို့ကို Samsung ကုမ္ပဏီက  ခိုးယူခဲ့ခြင်းကြောင့် Samsung ကုမ္ပဏီက Apple ကုမ္ပဏီကို အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော် ပေးဆောင်ရန် အမေရိကန် တရားရုံးက အမိန့်ချမှတ် လိုက်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည။်...မိုဘိုင်းဖုန်း ထုတ်လုပ်သည့် ကမ္ဘာကျော် ကုမ္ပဏီကြီးများဖြစ်သော Samsung နှင့် Apple တို့သည် မူပိုင်ခွင့်ချိုး ဖောက်မှုနှင့် ပတ်သက်၍ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဂျိုးရှိ ပြည်နယ်တရားရုံးတွင် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် တရားစွဲဆိုခဲ့ကြ ခြင်းဖြစ်သည်။ အဖွဲ့ဝင်၉ ဦးပါဝင်သော ဂျုရီလူကြီးများက Samsung က Apple ၏ နည်းပညာများကို ခိုးယူသုံးစွဲ ခဲ့ခြင်းကြောင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅ ဘီလီယံ (စတာလင်ပေါင် ၆၆၅သန်း)ံလျော်ကြေးပေး ရန်ဆုံးဖြစ်ခဲ့ပြီး၊ Samsung ၏တရားစွဲဆိုချက်ကိုမူ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။Samsung ကထုတ်လုပ်သော Galaxy S 4G မော်ဒယ် အပါအဝင် မိုဘိုင်းဖုန်းများတွင် Apple ကုမ္ပဏီ၏ ဒီဇိုင်းများဖြစ်သော စာသားဖော်ပြမှုပုံစံ စသည်တို့ တွင်အသုံးပြုသော စနစ်ကို ခိုးယူခဲ့သည်ဟု အမေရိကန်တရားရုံး ဂျုရီအဖွဲ့က ဆုံးဖြတ်ခဲ့သည်။ Samsung ထုတ်မိုဘိုင်းဖုန်း များတွင် Apple ၏နည်းပညာ များဖြစ်သော ဖုန်းမျက်နှာပြင်ကို နှိပ်၍ မြင်ကွင်းချုံ့ခြင်း၊ချဲ့ခြင်းများ ပြုလုပ်ခြင်း၊ မိုဘိုင်းဖုန်းတွင် ကင်မရာ၊အီးမေးလ် များသုံးနိုင်ခြင်းစသော နည်းပညာများကို ယူသုံးခဲ့သည်ဟု ဂျုရီအဖွဲ့က ဆုံးဖြစ်ခဲ့သည်။ ထို့ပြင် Samsungက တရားစွဲဆိုသော ၎င်း၏ နည်းပညာများကို Apple က ခိုးယူသည် ဆိုသည်ကိုမူ အဆိုပါ ဂျုရီအဖွဲ့က ပယ်ချခဲ့သည်။ အဆိုပါတရားရုံး ဆုံးဖြတ်ချက်ကို အယူခံတရားရုံးသို့ အယူခံဝင်သွားမည်ဟု Samsung ကုမ္ပဏီက ထုတ်ပြန်ကြေညာသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်