Saturday, August 25, 2012

""နော်ဝေလူသတ်သမားကြီးကို ထောင်ဒဏ် ၂၁ နှစ်ချမှတ်လိုက်ပြီ""

Posted by drmyochit Saturday, August 25, 2012, under | No comments



နော်ဝေနိုင်ငံတွင် လူ ၇၇ ဦး သေဆုံးခဲ့ရသော အစိုးရ အဆောက် အအုံများကို ပစ်မှတ်ထားကာ ကားဗုံးခွဲ တိုက်ခိုက်ခြင်းနှင့် လူအများအပြားအား ပစ်ခတ် သတ်ဖြတ်ခြင်းတို့ကို ကျူးလွန်ခဲ့ သူအန်းဒရက်စ် ဘရီဗစ်ခ် (Andres Breivik) အား တရားရုံးက ထောင်ဒဏ် ၂၁ နှစ် ယနေ့ ချမှတ်လိုက်သည်။ နော်ဝေတရားရုံးက ဘရီဗစ်ခ်အား စိတ်ပုံမှန်ရှိ သူတစ်ဦးအဖြစ်သာ သတ်မှတ်ခဲ့ပြီး ၎င်းအား စိတ်ရောဂါ ကုဆေးရုံတွင် ထားရှိမည် မဟုတ်ဘဲ အကျဉ်းထောင်သို့သာ ပို့ဆောင်မည် ဖြစ်သည်။ဘရီဗစ်ခ်သည် ၂၀၁၁ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် နော်ဝေနိုင်ငံ အော်စလိုမြို့ရှိ အစိုးရရုံးများ တည်ရှိရာ အနီးတွင် ကားဗုံးဖောက် ခွဲခဲ့ရာ လူ ၈ ဦးသေဆုံးခဲ့သည်။ ထို့နောက် ယူတိုရာ (Utoya) ကျွန်းသို့သွားရောက်ကာ လူငယ်အများအပြား ပါဝင်သော လူအုပ်စုအား ပစ်ခတ် သတ်ဖြတ်ခဲ့ရာ ၆၉ ဦးသေဆုံးခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်