ရခိုင်ပြည်နယ်
အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများ နှင့်ပတ်သက်၍ ပြည်ထောင်စု လွှတ်တော်သို့ နိုင်ငံတော် သမ္မတ ရုံးမှပေးပို့သည့် သ၀ဏ်လွှာနှင့် အတုပူးတွဲ ပါရှိသည့် သုံးသပ်ချက်များ
သည်သမ္မတ၏ သဘောထား မဟုတ်ကြောင်း နိုင်ငံတော် သမ္မတရုံး ကယနေ့ ထုတ်ပြန်သည်။
သမ္မတရုံး သုံးသပ်ချက်၌ ရခိုင်ပဋိပက္ခသည် ရခိုင်နိုင်ငံ ရေးပါတီများ၊ သံဃာတော်များ၊ လူပုဂ္ဂိုလ်များနှင့်
ရခိုင်ပြည်သူ တရပ်လုံး အပေါ် ပြင်းထန်သည့် စကားလုံး အသုံး အနှုန်းများဖြင့် ပုတ်ခတ်
စွပ်စွဲထားသည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များ က ကန့်ကွက်သည့် အပြင် လူအများအပြား၏
ဝေဖန်ကန့် ကွက်မှုများ ထွက်ပေါ်ပြီးနောက် သမ္မတ ရုံး၏ ကြေညာချက် ထွက်ပေါ် လာခြင်း ဖြစ်သည်။
သ၀ဏ်လွှာပါ သုံးသပ်ချက်သည် သမ္မတ ၏ သဘောထား မဟုတ်ဟု ထုတ်ပြန်သော်လည်း မည်သည့် ဌာန၊ မည်သည့် အဖွဲ့ အစည်း၏ သဘောထား သုံးသပ်ချက်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။
သ၀ဏ်လွှာပါ သုံးသပ်ချက်သည် သမ္မတ ၏ သဘောထား မဟုတ်ဟု ထုတ်ပြန်သော်လည်း မည်သည့် ဌာန၊ မည်သည့် အဖွဲ့ အစည်း၏ သဘောထား သုံးသပ်ချက်ဆိုသည်ကို ဖော်ပြထားခြင်း မရှိပေ။
Time in Rangoon


0 comments:
Post a Comment