Saturday, August 25, 2012

ရေကြီးနစ်မြုပ် နေသည့် ဒေသ အချို့သို့ သွားရောက် လှူဒါန်းမှုများ ပြုလုပ်

Posted by drmyochit Saturday, August 25, 2012, under | No comments




ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေလွှမ်းမိုးခြင်း ခံရသော ဒေသများရှိ ရေဘေးသင့် ပြည်သူများနဲ့ တောင်သူ လယ်သမား များကို မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်က သြဂုတ်လ ၂၂ ရက် နေ့က သွားရောက် လှူဒါန်းမှုများ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းရာ မှာတော့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိ သူများကို မျိုးစပါးများ၊ ဆန်အိတ်များနဲ့ အလှူငွေ များကို သွားရောက် လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ လှူဒါန်းမှု မှာတော့ မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ်မှ မျိုးစပါး တင်း ၁၀၀၀ နဲ့ ဆန်အိတ် ၅၀၀ နဲ့ လှူဒါန်းငွေ သိန်း ၁၀၀ တို့ကို သွားရောက် လှူဒါန်း ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ရေကြီးနစ်မြုပ်ရာ မှာတော့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ် ၂၈ မြို့နယ်အနက် ပဲခူးတိုင်း ဒေသကြီး အရှေ့ပိုင်းမှ မြို့နယ် ၁၄ မြို့နယ်သာ ရေလွှမ်းမိုးခံ ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလို ရေလွှမ်းမိုး ခံရမှုကြောင့် ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ လယ်မြေဧက ၃ သိန်းကျော် ရေလွှမ်းမိုး ခြင်းခံခဲ့ရ တာဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် အနေနဲ့ ပဲခူးတိုင်း ဒေသကြီး အတွင်းရှိ ရေကြီး နစ်မြုပ် ပျက်စီး သွားတဲ့ နေရာများမှာ အချိန်မီ ပြန်လည် အစားထိုး စိုက်ပျိုး နိုင်ရန်အတွက် အခုလို မျိုးစပါးများ၊ ဆန်အိတ်များနဲ့ အလှူငွေ များကို သွားရောက် လှူဒါန်း ရတာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ ဆန်စပါး လုပ်ငန်း အသင်းချုပ် အနေနဲ့ နိုင်ငံ အတွင်းရှိ ဒေသ အသီးသီးရှိ ရေလွှမ်းမိုးခြင်း ခံရတဲ့ တောင်သူ လယ်သမားများကို ကူညီ ထောက်ပံ့ နိုင်ရန် အတွက် အရေးပေါ် ကူညီမှု အဖွဲ့ EERTကို ဖွဲ့စည်းပြီး မျိုးစပါးများကို လုပ်ငန်းရှင်များ ထဲမှ ၀ယ်ယူလျက် ရှိတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်