Saturday, August 25, 2012

ရခိုင်ပြည်နယ်ကိစ္စကြောင့် ဝါရှင်တန်၏ မြန်မာ့ရေးရာမူဝါဒ အပေါ်ထိခိုက်မှုမရှိဟု သံအမတ်ကြီးပြောကြား

Posted by drmyochit Saturday, August 25, 2012, under | No comments



ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော ဆူပူအုံကြွ မှုများကြောင့် မြန်မာနိုင်ငံ အပေါ်ထား ရှိသော အမေရိကန် ပြည်ထောင်စု၏ ပိတ်ဆို့အရေး ယူမှုလျှော့ချပေး ရေးဆိုင်ရာ မူဝါဒအပေါ် ထိခိုက်နစ်နာ မှုမရှိကြောင်း မြန်မာဆိုင်ရာ အမေရိကန် သံအမတ်ကြီး  ဒဲရစ်မစ်ချဲလ်က ပြောကြားကြောင်း The Wall Street Journal က သြဂုတ်လ ၂၄ ရက်နေ့တွင် ရေးသားဖော်ပြသည်။ "ဆူပူအကြမ်း ဖက်မှုတွေ အင်မတန် လျင်မြန်စွာ ဖြစ်ပေါ်သွားတယ်၊ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကူးဆက်ပြန့်နှံ့ ခဲ့တယ်ဆိုတဲ့ ကိစ္စတွေက ကျွန်တော်တို့ကို အံ့အားသင့်လောက် အောင်ဖြစ်စေခဲ့တယ် ဆိုတာကိုတော့ ကျွန်တော့်အနေနဲ့ ပြောလိုပါတယ်။ ဒါပေမဲ့ အဲဒီကိစ္စက ပိတ်ဆို့အရေး ယူမှုအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ သဘောထားကို ထိခိုက်မှုရှိမယ်လို့ မထင်မိပါဘူး။  ကျွန်တော်တို့အတွက် မြန်မာနိုင်ငံမှာ ပိုပြီးရှုပ်ထွေးတဲ့ စိန်ခေါ်မှု တွေရှေ့မှာ ရှိနေပြီဆို တဲ့သဘော မျှသာဖြစ်ပါတယ်" ဟု နှစ်ပေါင်း ၂၂ နှစ်တာကာလ အတွင်း ပထမဆုံး မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံ အမတ်ကြီးဖြစ်လာသူ ဒဲရစ်မစ်ချဲကဆိုသည်။ ရိုဟင်ဂျာ ပဋိပက္ခ အများစုမှာ ၎င်းတို့အား နိုင်ငံတွင်းနေ ထိုင်ခွင့်ပြုရန် ငြင်းဆန်ကြသူ မြန်မာနိုင်ငံသား များထံမှ ထွက်ပေါ်လာခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။ 
"နိုင်ငံသားတွေအကြား သည်းညဉ်း မခံနိုင်မှုနဲ့ ခွဲခြားဆက်ဆံမှု သဘောထားကို အနက်ရှိုင်းဆုံး အနေအထားနဲ့ တွေ့မြင်ရတာဟာ ကြမ္မာငင်မှုတစ်ခုပါ" ဆူပူအုံ ကြွမှုများသည် လူ့အဖွဲ့ အစည်းတွင်း နက်ရှိုင်းစွာ အမြစ်တွယ် နေသည့် သည်းညဉ်း မခံတတ်သော သဘောတရားများ နှင့်အတူထွက် ပေါ်လာကြောင်း၊ အဆိုပါ သည်းညဉ်းမခံ တတ်သည့် သဘောတရားမှာလည်း လူ့အဖွဲ့ အစည်းအတွင်း ကြီးမားထင်ရှားသော သာဓကတစ်ခု သဖွယ်ရှိ နေပုံရကြောင်း ၎င်းကပြောကြားသည်။
ထို့ပြင် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်က ရခိုင်ပြည် နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင် များအကြား ဖြစ်ပေါ်နေသည့် စိတ်ခံစားချက်ကို အမေရိကန်ပြည် ထောင်စုကနား လည်ပါကြောင်း၊ နိုင်ငံတကာအဖွဲ့ အစည်းများက ရိုဟင်ဂျာအရေး ကိစ္စအပေါ်အလွန် အမင်အသားပေး ပြောဆိုခဲ့သည် ဟူသောအချက် ကိုလည်း မိမိတို့က သိရှိနားလည် ထားပါကြောင်း ပြောကြားသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်