Saturday, September 22, 2012

Air KBZ လေကြောင်းလိုင်းသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြာင့် မြိတ်လေဆိပ်မှ ဆက်မထွက်နိုင်

Posted by drmyochit Saturday, September 22, 2012, under | No comments



ရန်ကုန်မြို့ မှ ကော့သောင်းမြို့ သို့ စက်တင်ဘာလ ၂၂ ရက် ( ယနေ့ ) နံနက် ၆ နာရီတွင် ထွက်ခွါသွားသော Air KBZ လေကြောင်းလိုင်းသည် စက်ပိုင်းဆိုင်ရာချို့ယွင်းမှုကြာင့် မြိတ်လေဆိပ်မှ ဆက်မထွက်နိုင်ကြောင်း သတင်းရရှိသည်။ “ အင်ဂျင် ပါဝါကျတယ်လိုတော့အကျဉ်းဖျင်းသိထားတယ် ။ အခုမြန်မာ့လေကြောင်းက M-16 လေယဉ်ငှား ထားပြီးကော့သောင်းထိ ပို့ ပေးဖို့  စီစဉ်နေပါတယ်” ဟုAir KBZ လေကြောင်းလိုင်း မြိတ်ရုံးခွဲမှ တာဝန်ရှိသူတစ်ဦးကပြောသည်။


Air KBZ လေကြောင်းလိုင်းသည် စက်တင်ဘာလ ၂၂ ရက် နံနက် ၆ နာရီကျော်တွင်ရန်ကုန်မြို့ မှထွက်ခွာခဲ့ပြီး မြိတ်မြို့အရောက် တွင် ကော့သောင်းမြို့ သို့ ဆက်လက်မပျံသန်းနိုင်ဘဲ ခရီးသည် ၆၀ ဦးခန့်စီးနင်းလိုက်ပါခဲ့ခြင်းဖြစ်သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်