Saturday, September 22, 2012

ဝေဟင်မှ မြေပြင် တာဝေးပစ် ဒုံးကျည် တရုတ် (တိုင်ပေ) စမ်းသပ်မှု ပြီးစီး

Posted by drmyochit Saturday, September 22, 2012, under | No comments



တိုင်ပေ စက်တင်ဘာ ၂ဝ တရုတ်(တိုင်ပေ)သည် ၄င်းတို့၏ ပြည်တွင်းဖြစ် ဝေဟင်မှ မြေပြင် တာဝေးပစ် ဒုံးကျည်အား အောင်မြင်စွာ စမ်းသပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ဝမ့်ချန်းဒုံးကျည် များကို ၂ဝ၁၄ ခုနှစ်မှ စတင်၍ အများအပြား ထုတ်လုပ် သွားမည် ဖြစ်ကြောင်း စစ်ဘက် သတင်းဌာန များ၏ ပြောကြားချက်ကို ကိုးကား၍ ဒေသတွင်း မီဒီယာ တစ်ခုက ဖော်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဒုံးကျည်ကို တရုတ်(တိုင်ပေ) တပ်မတော်၏ သိပ္ပံနှင့် နည်းပညာ ကုမ္ပဏီ ချွမ်ရှန်းက ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်းဖြစ် ချင်းကော့ တိုက်လေယာဉ် များတွင် တပ်ဆင် အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။ ၄င်းဒုံးကျည်သည် လေဆိပ်များကို တိုက်ခိုက်ရန် ထုတ်လုပ်ထားပြီး တရုတ် (တိုင်ပေ) လေတပ်၏ တာဝေး တိုက်ခိုက်နိုင်သည့် စွမ်းရည်ကို အထောက်အကူ ပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။

တရုတ် (တိုင်ပေ) ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်တွင်းဖြစ် ဂျက် တိုက်လေယာဉ်များ အဆင့် မြှင့်တင်ရန် အတွက် ၂ဝဝ၉ ခုနှစ်မှ စ၍ အမေရိကန် ဒေါ်လာ ၅၇၆ ဒသမ ၃၅ သန်းခွင့်ပြုခဲ့ပြီး အဆိုပါ အဆင့် မြှင့်တင်မှု တွင် ဝေဟင်မှ ဝေဟင်ပစ်နှင့် ဝေဟင်မှ မြေပြင်ပစ် ရေဒါစနစ်နှင့် အဆင့်မြင့် အီလက်ထရွန်နစ် စစ်ဆင်ရေး စနစ်များပါဝင် မည် ဖြစ်ကြောင်း သိရသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်