Saturday, September 22, 2012

စစ်တွေမြို့ မေယုလမ်းမရှိ အစိုးရဋ္ဌာနဆိုင်ရာရုံးများတွင် ဖောက်ထွင်းခိုးယူမှုများ ဒလကြမ်းဖြစ် ပွားခဲ့

Posted by drmyochit Saturday, September 22, 2012, under | No comments



စစ်တွေမြို့နယ်တွင် ဘင်္ဂလီအများဆုံးရှိနေသည့် ဘုမေရပ်ကွက်နှင့် ကပ်လျက်တည် ရှိ သော အစိုးရဋ္ဌာဆိုင်ရာရုံးများတွင် ပြီးခဲ့သည့် ဇွန်လအရေးအခင်းမှစ၍ ယခုလ လဆန်းပိုင်းအ ထိ ဖောက်ထွင်းခိုးယူမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း
သိရသည်။

စစ်တွေမြို့ အဓိကလမ်းမကြီးတစ်ခုဖြစ်သည့် မေယုလမ်းမပေါ်တွင် စစ်မှုထမ်းဟောင်းရုံး၊ ပြည်နယ် စီမံကိန်းရုံး၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ မြန်မာ့လယ်ယာ ဖွံဖြိုးရေးဘဏ်၊ မြို့နယ် ပညာရေးမှူးရုံး အစရှိသည့် ဋ္ဌာနဆိုင်ရာရှိရာ အဆိုပါရုံးများအနောက်ဘက်ရှိ ခိုင်ခန့်လုံခြုံမှုမရှိသော ခြံစည်းရိုးများကို ဖောက်ဖျက်ကာ ဘုမေရပ်ကွက်နေဘင်္ဂလီ လူမျိုးက ဖောက်ထွင်းခိုးယူခြင်းဖြစ် သည်။
ပြည်နယ်လူမှုဝန်ထမ်းရုံးဆိုလျှင် ပြီးခဲ့သည့်ဇူလိုင်လ(၁၉)ရက်နေ့တွင် ဘင်္ဂလီများ၏ မီးရှို့ရန်အကြိမ်ကြိမ် ကြံစည်မှုကိုခံခဲ့ရသည်။ “ရုံးအနောက်ဘက်က ကျနော်တို့နေတဲ့အိမ်ခန်း(၀န်ထမ်းအိမ်ရာ)ကို ဖောက်ထွင်းခံရ တာပါ။ ထမင်းချက်ခန်းမှာထားတဲ့ သစ်တွေ၊ မီးသွေးအိတ်တွေ၊ ပလက်စတစ်ဇလုံတွေ အကုန် ပါသွားတယ်။ တန်ဖိုးအားဖြင့် သုံးသိန်းခွဲလောက်ရှိမယ်ခင်ဗျ”ဟု သြဂုတ်လ(၄)ရက်နေ့က ဖောက်ထွင်းခံရသော ပြည်နယ်စီမံကိန်းရုံးမှ စာရေးကြီး တစ်ဦးက Coral Arakan ကိုပြော သည်။ ၎င်းကဆက်လက်၍ “နောက်နေ့ကျတော့ ကျနော်တို့ ဒီအနီးနားက လုံခြုံရေးတာဝန်ကျ တပ်သားတွေနေတဲ့ အုန်းခြံကို သွားတိုင်ပြီး အကျိုးအကြောင်းသွားပြောပြတယ်။ အဲဒီမှာ တာဝန်ကျတဲ့အရာရှိက လာကြည့်မယ်ဆိုပြီးတော့ တစ်ခါမှပေါ်မ လာတော့ဘူး” ဟုဆိုသည်။ ယင်းဖောက်ထွင်း မှုများဖြစ်နေသည့်အချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဒုတိယ သမ္မတစိုင်းမောက်ခမ်း စစ်တွေမြို့သို့ ရောက်ရှိနေ သဖြင့် ဒုသမ္မတ လုံခြုံရေးကို အထူးဂရုစိုက်ပေးနေရချိန်ဖြစ်သည်။“ရဲအရာရှိတွေနဲ့ တွေ့လို့ အကျိုးအကြောင်းပြောပြတော့ ဒီအချိန်မှာ ဒုသမ္မတ လမ်းကြောင်း ကလွဲလို့ ကျန်တာ ဘာမှ အရေးမကြီးဘူး၊ ကိုယ့်ကိုကိုယ် လုံခြုံရေး ယူထားရမယ်။ လူ (၃၀၀၀) အတွက် ရဲ (၁) ယောက်ပဲ ရှိတယ်”ဟု ပြန်ပြောလိုက်ကြောင်း အဆိုပါရုံးများမှ ၀န်ထမ်း တစ်ဦးက Coral Arakan ကိုပြောသည်။ “ဒီနားတ၀ိုက်က ရုံးတွေအကုန်လုံးနီးပါး အခိုးခံရတာပါ။ SB(ထောက်လှမ်းရေး) ရုံးတောင်မှပဲ ထမင်းအိုးတွေ ပါသွားတယ်လို့ကြားတယ်” ဟု မကျည်းမြိုင် ရပ်ကွက်နေ အစိုးရ၀န်ထမ်းတစ်ဦးက ဆိုသည်။

 ယခုလ (၃) ရက်နေ့တွင် ပြည်နယ်စိုက်ပျိုးရေးနှင့် ကျေးလက်ဖွံဖြိုးရေးဘဏ်မှ ရုံးစောင့် ဦးလှမောင်၏ နေအိမ် ဖောက်ထွင်းခံရကာ ထိုင်ခုံများနှင့် သစ်သား ကွပ်ပျစ်တစ်ခု အခိုးခံရကာ နောက်တစ်နေ့တွင် ထပ်မံ၍ အိမ်သာ၏ ဘေးဘက်နှင့် အနောက်ဘက်ရှိ  ပျဉ်ချပ်များ ဖြုတ်ယူသွားခြင်းခံရသည်။ မြို့နယ်ပညာရေးမှူးရုံးမှ ကာလတန်ဖိုး ၂ သိန်းခန့်ရှိ သစ်နှင့် အသုံးအဆောင်ပစ္စည်းများ၊ သာသနာရေးရုံး ရေကန်မှ ၀ါးတန်းများ၊ စစ်မှုထမ်းဟောင်းရုံးမှ သောက်ရေအိုး နှင့်အ၀တ်အထည်များ ခိုးယူခံရသည်။ “ပြောရရင် တော်တော်ရှက်စရာကောင်းတယ်ဗျာ၊ ဒီလို အစိုးရရုံးတွေ ဆက်တိုက် ဖောက်ထွင်းခံရတယ်၊ အခိုးခံရတယ်ဆိုတာ တရားဥပဒေစိုးမိုးမှု အားနည်း နေတာကို ပြတာပဲ” ဟု ရေအရင်းအမြစ်အသုံးချရေးဦးစီးဋ္ဌာနရုံးမှ ၀န်ထမ်း တစ်ဦးက Coral Arakan ကို ပြောသည်။

အဆိုပါ ရေအရင်းအမြစ် အသုံးချရေး ဦးစီးဋ္ဌာနရုံးသည် (ဘင်္ဂါလီ)ဘုမေရပ်ကွက် အတွင်း တည်ရှိ နေသောကြောင့် ရုံးသူရုံးသားများ ရုံးမတက်ရဲသည့်အတွက်၊ ရုံးလုပ်ငန်းများအား ပြည်နယ် စိုက်ပျိုးရေးဘဏ်တွင် ယာယီ လုပ်ဆောင်နေရကြောင်းသိရ သည်။ ရေ အရင်း အမြစ်ရုံးနှင့် စက်မှုလယ်ယာရုံးသည် ဇွန်လ (၈)ရက်နေ့ အခင်း ဖြစ်ပွား ပြီး နောက်ပိုင်း ဆက်တိုက်လိုလို ဖောက်ထွင်းခံ ခဲ့ရ သည်။ ဋ္ဌာနဆိုင်ရာရုံးများဖောက်ထွင်းခိုးယူခံနေရခြင်းနှင့် ပတ်သက်ပြီး ယခုလ(၄)ရက် နေ့တွင် ပြည်နယ်အစိုးရရုံးသို့ စာဖြင့်တိုင်ကြားခဲ့ပြီး (၅)ရက်နေ့တွင် စစ်တွေမြို့ အမှတ် (၁) ရဲစခန်းတွင် အမှုဖွင့်ခဲ့ ကြကြောင်း သိရသည်။ ယခုလ (၆) ရက်နေ့ ညနေ (၈)နာရီခန့်တွင် ရဲတပ်သားအင်အား(၅၀) ခန့်နှင့် မကျည်းမြိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ဘုမေရပ်ကွက်သို့ ၀င်သွားရန် ပြုလုပ်စဉ် ရပ်ကွက်သားဘင်္ဂလီများက “ထွက်လာကြ၊ ထွက်လာကြ” ဟု အော်ဟစ်ကာ ထွက် လိုက်ကြသဖြင့် နောက်ပြန်ဆုတ်ထွက် လာခဲ့ကြောင်း သိရသည်။ ဇွန်လ အရေးအခင်း နှင့် ပတ်သက်ပြီး စုံစမ်းရန် အရေးပေါ်ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းရေး ကော်မရှင် စစ်တွေမြို့သို့ နောက်တနေ့ စက်တင်ဘာလ(၇)ရက်နေ့တွင် ရောက်ရှိခဲ့သည်။ အဆိုပါ စုံစမ်းရေးကော်မရှင် ရခိုင်ပြည်နယ် အတွင်းရှိနေစဉ်မှာပင် ဘူးသီး တောင်မြို့နယ်တွင် ရခိုင်အမျိုးသမီးငယ်တစ်ဦး ဘင်္ဂလီများ ဓါးဖြင့်လိုက်ခုတ်၍ ခြေထောက်တွင် ဒဏ်ရာအပြင်းအထန်ရခဲ့သည်။ ယင်းနှင့်တဆက်တည်း ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာတွင် ရခိုင်လူမျိုး ရပ်ကွက် အုပ်ချုပ်ရေးမှုးဟောင်း တစ်ဦးဖြစ်သူ ဦးကျော်မောင်ချေသည် ဘင်္ဂလီများ လက်ချက်ဖြင့် လည်ပင်းပြတ်ရှဒဏ်ရာများ နှင့် ရက်ရက်စက်စက် အသတ်ခံခဲ့ရ သည်။ စစ်တွေမြို့နယ်တွင် ပြီးခဲ့သည့် ဇွန်လအတွင်းက အသုဘပို့ဆောင်ပြီး ပြန်လာသည့် မော်တော်ယာဉ်တန်း အား ၎င်းဘုမေရပ်ကွက်ရှိ ဘင်္ဂလီများက စစ်တွေတက္ကသိုလ်ခြံဝင်း အနီးတွင် ခဲများဖြင့် ပစ်ပေါက်ခဲ့ရာမှ ဘင်္ဂလီ အကြမ်းဖက် အရေးအခင်းသည် စစ်တွေမြို့သို့ စတင်ကူးစက်ခဲ့ ခြင်းဖြစ် သည်။ စစ်တွေမြို့ပေါ်တွင် ထုတ်ပြန်ထားသော ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ကို ယခုလ (၂၇)ရက်နေ့တွင် ရုတ်သိမ်းမည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဖြစ်လာနိုင်ခြေ ရှိသည့် ဘင်္ဂါလီအကြမ်းဖက်မှုများကို မြို့ပေါ်နေ ပြည်သူများ စိုးရိမ်ထိတ်လန့် မှုများ ဖြစ်နေကြသည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်