Saturday, September 22, 2012

ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေးမြင့်နေ၍ပဲခူးနှင့် ဧရာဝတီတောင်သူများအခက်တွေ့

Posted by drmyochit Saturday, September 22, 2012, under | No comments


  
ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများတွင် စိုက်ပျိုးရေးသုံးဓာတ်မြေသြဇာနှင့် အခြားဆက်စပ် ပစ္စည်းဈေး နှုန်းများ  မြင့်တက်နေခြင်းကြောင့် စိုက်ပျိုးလုပ်ကိုင်သူများအနေဖြင့် လုပ်ငန်း များဆက် လက်လုပ်ကိုင်န် အခက်အခဲ များဖြစ် ပေါ်လျှက်ရှိကြောင်း သိရသည်။
 
''နှစ်စဉ် ဓာတ်မြေသြဇာဈေးက ကျတယ်ဆိုတာမရှိပါဘူး။ အချိန်တိုင်း အကြောင်းအမျိုးမျိုးကြောင့် ဈေး တက် တယ်။ ဘာကြောင့်ညာကြောင့် ဈေးကျတယ်ဆိုတာကိုမရှိဘူး။ အခုတောင်သူတွေအကုန် ကုန်လုံး လိုလို စိုက်ပျိုး ဖို့်အတွက် အခက်အခဲတွေ   ဖြစ်နေတယ်''ဟုနေပြည်တော် ရှားတောကျေးရွာ မှ တောင်သူ ဦးဝင်းမြင့်က ပြော သည်။  
 
စက်တင်ဘာ ပထမပတ်တွင် ပုလဲတံဆိပ်ဓါတ်မြေသြဇာ တစ်အိတ်(ကီလို ၅ဝ ပါ)လျှင် ကျပ် (၂ သောင်း) ဝန်းကျင်ခန့်သာရှိခဲ့ရာမှ စက်တင်ဘာလ တတိယပတ်တွင် ကျပ် (၂၃ဝဝဝ)ဝန်းကျင်ခန့်သို့ လည်းကောင်း၊ စက်တင်ဘာပထမပတ်တွင် စက်သုံးဆီ တစ်ပေပါ(ဂါလံ ၅ဝ ဝင်)လျှင်(၁၉ဝဝဝဝ ကျပ်)ဝန်းကျင်ရှိခဲ့ရာမှ တတိယပတ်တွင် စက်သုံးဆီတစ်ပေပါလျှင်(၁၉၅ဝဝဝ ကျပ်)သို့လည်းကောင်း အသီးသီးမြင့် တက်ခဲ့ခြင်းဖြစ်သည်။ 
 
''မြေသြဇာဈေးတင်တက်တာ မဟုတ်ဘူး။ လယ်ရေများလို့ မောင်းထုတ်ဖို့အတွက် ရေစုပ်စက်သုံးရတယ်။ စက်မောင်းဖို့ ဆီဈေးကလည်း တက်နေတော့ စိုက်ပျိုးရေးလုပ်ဖို့ကို တော်တော်စဉ်းစားနေရတယ်။ အခုနှစ် က သဘာဝဘေးလည်း ဆိုးဆိုးခံရတယ်။ ကုန်ပစ္စည်းကလည်း အကုန်တက်နေတယ်''ဟု ဧရာဝတီတိုင်းဒေ သကြီး၊ မအူပင်မြို့နယ်မှ ကိုအေးသိန်းက ပြောသည်။ 
 
၂ဝ၁၂-၂ဝ၁၃ ခုနှစ်သည် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့်   တောင် ယာ များရေနှစ်မြုပ်ကာ နုန်းမြေများ တင်ကျန်ခြင်း၊ ယခုနှစ်တွင် စိုက်စရိတ်ချေးငွေတိုးမြင့် ပေးသော် လည်း ဓာတ်မြေသြဇာနှင့် စက်သုံးဆီဈေး မြင့်တက်နေမှုကြောင့် စိုက်စရိတ်အတွက် အခဲများဖြစ်ပေါ်လျက်ရှိကြောင်း ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး များမှ တောင် သူများ က ပြောဆိုကြသည်။
 
နိုင်ငံတော်အနေဖြင့် စိုက်စရိတ်ချေးငွေအား ယခင်နှစ်များတွင် မိုးကာလ၌ တစ်ဧက ကျပ် (၄)သောင်း ထုတ်ချေး ပေးခဲ့ရာမှ ယခု ၂ဝ၁၂-၂ဝ၁၃ခုနှစ်တွင် ကျပ် (၅)သောင်း တိုးမြှင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
 
ကုန်စည်တင်ပို့သူများအနေဖြင့် တန်ဆာခမြင့်တက်ခြင်း၊ ကုန်တင်ယာဉ်များအနေဖြင့် စက်သုံးဆီဈေးမြင့်တက်ခြင်း၊ ရေကြီးရေ လျှံမှုများကြောင့် လမ်းပန်းဆက်သွယ်မှု ခက်ခဲခြင်း တို့ကြောင် ဒေသအသီးသီးရှိ အခြေခံလူသုံးကုန် ဈေးနူန်းများ   မြင့်တက်နေခြင်း ဖြစ်ကြောင်း ကုန်စည်တင်ပို့ရောင်းချသူများက ဆိုသည်။
 
''တန်ဆာခတွေက အရမ်းများလာတယ်။ မနှစ်က ဒီအချိန်ဆိုရင်အေးဆေးပဲ။အရောင်း အဝယ်က လဲကောင်းတယ်။ အခုကဈေးတွေတက်လာတော့ အရောင်းအဝယ်လည်းပါးတာပေါ့''ဟု မြောင်းမြမြို့နယ်၊ စိုက်ပျိုးရေးပစ္စည်း အရောင်းဆိုင်မှ ဦးမြင့်ကျော်က ပြောသည်။

စိုက်ပျိုးရေးဆက်စပ်ပစ္စည်းနှင့်ဆေးဝါးများဈေးနူန်းမြင့်တက်သကဲ့သို့ စားသုံးမူ အဓိကထွက်ကုန် ဆန်၊ စပါး ဈေးကွက်မှာ လည်း ဈေးနူန်းများ မြင့်တက်လာခဲ့ကြောင်း သိရသည်။
 
စက်တင်ဘာပထမပတ်တွင် ဆန်ဈေးနှုန်းမှာ ဆန်ကြမ်း (၂၄ပြည်)ဝင် တစ်အိတ်လျှင် (၁၂၅ဝဝ ကျပ်) ရှိခဲ့ရာမှ စက်တင်ဘာလ တတိယပတ်တွင် (၁၇ဝဝဝ ကျပ်)သို့ မြင့်တက်လာခဲ့ကြောင်း သိရသည်။

From. မြစ်မခ
 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်