Saturday, September 22, 2012

ကျောက်မဲမှ လူငယ်များအကြား မူးယစ်ဆေးဝါးသုံးစွဲနှုန်း မြင့်တက်နေ

Posted by drmyochit Saturday, September 22, 2012, under | No comments


 
 
 
၂၀၁၂ ခုနှစ် သြဂုတ်လဆန်းပိုင်းမှစတင်၍ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင် မူးယစ်ဆေးဝါး သုံးစွဲမှုများ သိသာစွာ များပြားလာ ကြောင်း ကျောက်မဲမြို့ခံများထံက သိရှိရသည်။
 
မူးယစ်ဆေးဝါး သုံးစွဲသူများမှာ များသောအားဖြင့် ဆယ်ကျော်သက်အရွယ်များဖြစ်နေပြီး အသက် ၁၄ နှစ် အရွယ်မှ အသက် ၃၅ အရွယ် ၀န်းကျင်အထိ သုံးစွဲသူများ ပါဝင်ကြောင်း သိရသည်။

ကျွန်တော်တွေ့ဖူးတဲ့ ကောင်လေးတစ်ယောက်ဆို (၁၄)နှစ်လောက်ပဲရှိဦးမှာ အဖြူသုံးတတ်နေပြီ  ဘယ် က ဘယ်လိုရတယ်ဆိုတာကို မပြောပြဘူး မိဘတွေကလဲ ကလေးကငယ်သေးတော့ ဘယ်လို လုပ်ရမလဲ မသိဘူးဖြစ်နေတာ '' ဟု အမှတ်(၉)ရပ်ကွက်တွင်နေထိုင်သူ ကိုမောင်(အမည်လွှဲ) ကပြောသည်။

မူးယစ်ဆေးဝါးရောင်းချသူများမှာ တိုက်ရိုက်ရောင်းချခြင်းမဟုတ်ပဲ ဖုန်းဖြင့်အချိတ်အဆက်ပြု လုပ် ရောင်း ချ ကြောင်း အသက် ၂၃ နှစ်အရွယ် ကျောက်မဲဒေသခံလူငယ်တစ်ဦးက ဆိုသည်။

'' တစ်ဆင့်ဆက်သွယ်ပေးတဲ့ လူတွေက လက်ဖက်ရည်ဆိုင်တွေမှာ ထိုင်နေတတ်တယ်၊ သုံးနေကြ လူတွေ က ဖုန်းဆက်ပြီးပြောပေးတယ်၊ သူတို့က အချိန်နဲ့နေရာကိုချိန်းပြီး တစ်ဆင့်ရောင်းတာ၊ သုံး တဲ့သူကိုယ် တိုင်က ဘယ်သူ ရောင်းပေးတယ်ဆိုတာတောင် မသိရဘူး အဲ့လိုနည်းနဲ့ပဲ လူငယ်တွေကြား ထဲ ရောက် လာ တာ'' ဟု  ၄င်းက ဆက်ပြောသည်။

ကလေးသူငယ်နာ ရင်လူးဆေးဗူးတစ်ဗူးအရွယ်အစားရှိ ဗူးတစ်ဗူးလျှင် ငွေကျပ် ရှစ်ထောင်မှ တစ်သောင်း ၀န်း ကျင်ခန့်ဖြင့် အရောင်းအ၀ယ်ပြုလုပ်နေကြကြောင်း ယခင် သုံးစွဲဖူးသူ အမည်မဖေါ်လိုသူ လူငယ်တစ် ဦးက ပြောသည်။

'' အစ်မတို့ရပ်ကွက်ထဲတော့ ဟိုတစ်လောကလာဖမ်းသွားတာတွေ့တယ် အမျိုးသမီးတစ်ယောက်ကို သူ့ အိမ်မှာအဖြူတွေနဲ့အတူမိတာ၊ ဒါပေမဲ့ ခုကနေရာတိုင်းမှာကို ကြားနေရတာ များများထပ်ဖမ်းစေ ချင် တယ်''  ဟု အမှတ်(၈)ရပ်ကွက်နေ အသက်သုံးဆယ့် တစ်နှစ်အရွယ် ဈေးသည်အမျိုးသမီး တစ်ဦး ကပြော သည်။

မူးယစ်ဆေးဝါးများမှာ ဘိန်းဖြူ ဘိန်းမဲ ရာမ(စိတ်ကြွဆေးပြား) ဆေးခြောက်နှင့် ဘိန်းဆီ ဟူ၍ အမျိုးအ စား ပေါင်းများစွာရှိပြီး သုံးစွဲမှုပမာဏပေါ်မူတည်၍ စိတ်ရောဂါအမျိုးမျိုးဖြစ်ပွားတတ်ပြီး၊ ခုခံအားကျ ဆင်း မှု ရောဂါများ  ကူးစက်ရောဂါ များ ဖြစ်ပွားတတ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်များ ၏ ပြောဆို ချက်အရ သိရသည်။

မြစ်မခ 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်