Saturday, September 22, 2012

အဝေးပြေးယာဉ်လိုင်းများတွင် ယာဉ်ကြံ့ခိုင်မှုနည်းပြီးတန်ပိုတင်နေမှုကြောင့် ခရီးသည်များဒုက္ခရောက်

Posted by drmyochit Saturday, September 22, 2012, under | No comments


 

 ရန်ကုန်မှ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ ပြေးဆွဲသည့် အဝေးပြေးယာဉ်လိုင်းများတွင် စက်ပစ္စည်း ကြံ့ခိုင်မှု အားနည်းခြင်းနှင့် တန်ပိုတင်ဆောင်မှုများကြောင့်  ခရီးစဉ်နှောင့်နှေးမှုများ မကြာခဏဖြစ်ပေါ်လျှက် ရှိကြောင်း ခရီး သွားပြည်သူများထံက သိရသည်။
 
“ ရန်ကုန်ကနေ လားရှိုးကို ညနေလေးနာရီ ထွက်တဲ့ကားနဲ့ စီးလာတာ ပုံမှန်ဆိုရင် ကျောက်မဲမြို့ကို မနက် လေးနာ ရီ  လေးနာရီခွဲလောက် ဆို ဖြတ်သွားပြီ၊ အဲ့ဒီနေ့ကဦး စီးလာတဲ့(….)ကားက လမ်းမှာ ခဏ ခဏ ရပ် ရတယ်၊ စက် ရပ် သွားရင်လည်း တစ်ခါပြန်နှိုးဖို့ကို အကြာကြီးပဲ၊ မနက်ကိုးနာရီအထိ ပြင်ဦးလွင်မှာ ရပ်ထားပြီး စက်ပြင်နေရတုန်းပဲ ရှိသေးတယ်’’ ဟု ရန်ကုန်မှလားရှိုးသို့သွားသော ခရီးသွားပြည်သူတစ်ဦးကပြောသည်။
 
လမ်းခရီးကြန့်ကြာမှုများအပြင် ခရီးသည်တင်သောအဝေးပြေး ဘတ်စ်ကားများမှာ ကားဝမ်းဗိုက်အတွင်းတွင် ကုန် စည်များ ပါဝင်မှုကြောင့် အလေးချိန်ပိုတတ်ပြီး ကတ္တားချိန်ရသော တန်ပိုဂိတ်များတွင် ခရီးသည်ဆယ်ဦးခန့် လမ်း ဆင်းလျှောက်ရခြင်းများလည်းရှိကြောင်း သိရသည်။
 
``မနက်တစ်နာရီခွဲလောက်ကြီး အိပ်ချင်မူးတူးဖြစ်နေတုန်း စပါယ်ယာက ယောက်ျားလေး ဆယ်ယောက်လောက် အောက် ကိုခဏဆင်းပြီး လမ်းလျှောက်ပေးပါ..တဲ့၊ ကတ္တားမှာအလေးချိန်ပိုရင် ဒဏ်တပ်ခံရမှာစိုးလို့တဲ့၊ အမှန် ဆို ခရီးသည်တင်ကားပဲ ကုန်ပစ္စည်းကိုလျှော့တင်သင့်တယ်´´ ဟု ခရီးသွားရင်း အလေးချိန်စစ်ဆေးသော ကတ္တားတွင် ဆင်း၍ လမ်းလျှောက်ရသူ အသက်(၃၅)နှစ်အရွယ်ရှိ ဦးကိုကိုက ပြောသည်။
 
အဝေးပြေးကားစီးနင်းရာတွင် ဆိုက်ရောက်ချိန်နောက်ကျမှုများရှိလာသဖြင့် ရောက်ရှိရာမြို့တွင် လာကြိုသော သူများနှင့် လွဲချော်မှုများ ဖြစ်လာပြီး နောက်ဆက်တွဲ လူမှုရေးပြဿနာများပါ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။
 
“ ကားသမားတွေက ကတ္တားချိန်တဲ့ နားမရောက်ခင် နည်းနည်းဝေးဝေးမှာ ခရီးသည်ကိုလမ်းဆင်းလျှောက် ခိုင်းတယ် ဂိတ်ကိုကျော်မှ ကားရပ်ပြီး ပြန်တင်တယ်၊တွေ့တော့ တွေ့နေရတာပဲ အရေးယူတာ တော့မကြားမိ သေးဘူး’’ ဟု ဂိတ်ဖြတ်သန်းခကောက်ခံသော ၀န်ထမ်းတစ်ဦးက ပြောသည်။

အဝေးပြေးယာဉ်လိုင်းများ များပြားလာသည်နှင့်အမျှ အဝေးပြေးခရီးသည်တင်ကားများ များပြားလာသော်လည်း ခရီးသည်များများတင်နိုင်ရေးသား ဦးစားပေးလျက်ရှိကြောင်း စက်ပစ္စည်းကြံ့ခိုင်မှုအပိုင်းတွင်  အားနည်းချက် များရှိနေသည့်အတွက် ရေရှည်တွင် ဆိုးကျိုးများဖြစ်ပေါ်လာနိုင်ကြောင်း ခရီးသွားလာမှုနှင့် ဆက်စပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားသည်။
 
အဝေးပြေးခရီးသည်တင်ကားများ လမ်းခရီးတွင် စက်ပစ္စည်းချို့ယွင်းမှုများအတွက် သက်ဆိုင်ရာမော်တော်ယာဉ် ဌာနများက အရေးယူဆောင်ရွက်မှုများနှင့်စည်းကမ်းသတ်မှတ်ချက်များ တိတိကျကျသတ်မှတ်ပေးခြင်းမျိုး မရှိကြောင်းကိုလည်း အ၀းပြေးကားဂိတ်များက အတည်ပြုပြောဆိုကြသည်။

From. မြစ်မခ

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်