Friday, September 14, 2012

ကမာရွတ်ဗုံး ကွဲမှုဖြင့် ဆက်စပ် သူများ ထောင်ဒဏ် ချမှတ်ခံရ

Posted by drmyochit Friday, September 14, 2012, under | No comments


ရန်ကုန်တိုင်း ကမာရွတ်မြို့ နယ်ကအများသုံး သန့်စင်ခန်းအတွင်း ပြီးခဲ့တဲ့နှစ်က ဗုံးပေါက်ကွဲမှုနဲ့  ဆက်စပ်ဖမ်းဆီးထားတဲ့ စိုင်းတင်မင်းကိုနဲ့စိုင်းတင်မင်းထွန်း ညီအစ်ကို ၂ ဦးကို  ရန်ကုန် အေရှ့ပိုင်းခရိုင်တရားရုံးက စက်တင်ဘာ ၁၂ ရက်နေ့မှာ ထောင်ဒဏ်စီရင်လိုက်ပါတယ်။
ညီဖြစ်သူ စိုင်းတင်မင်းထွန်းကို ဖောက်ခွဲမှုနဲ့ ထောင်ဒဏ် ၇ နှစ်၊ အစ်ကိုဖြစ်သူ စိုင်းတင်မင်းကို ကို ဖောက်ခွဲအားပေးမှုနဲ့ ထောင်ဒဏ် ၅ နှစ် ချမှတ်လိုက်တာလို့ သူတို့ကို ထောင်ဝင်စာ သွားတွေ့ ခဲ့တဲ့ ဒေါ်ရှုက ပြောပါတယ်။
“ညီလေးက မနှစ်က ဟိုဘက် (ထိုင်း) ကနေ ဒီဘက်ကို လာတည်းတယ်၊ အစ်ကို အိမ်ကို လာတည်းတာ ဖောက်ခွဲဖို့ လာတာ၊
ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အများသုံး သန့်စင် ခန်းမှာ ဗုံးပေါက်ကွဲ ခဲ့စဉ်က အစ်ကိုက မလုပ်နဲ့ လူတွေ ဒုက္ခ ရာက်မယ် ဆိုပြီး ဗုံးကို အစဖျောက် မယ်ဆိုပြီး ချောင်းထဲသွား ပစ်ပြီး ပြန်လာတော့ အဖမ်းခံ ရတာ၊ စိုင်းတင်မင်းကို အရင် အဖမ်းခံ ရတယ်။
”ပြီးခဲ့တဲ့ ၂၀၁၁ ခု ဒီဇင်ဘာ ၂၁ ရက်နေ့က ကမာရွတ်မြို့ နယ် အများသုံး သန့်စင်ခန်း အတွင်း ဗုံး ပေါက်ကွဲမှုမှာ ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာ ရရှိခဲ့ တာနဲ့ ပတ်သက်ပြီး သူတို့ကို ဖမ်းဆီး စစ်ဆေး ထောင်ချ ခဲ့တာ ဖြစ်ပါတယ်။
အစ်ကိုဖြစ်တဲ့ စိုင်းတင်မင်းကို ကို မြောက်ဥက္က လာပမြို့ နယ်က နေအိမ်မှာ ဖမ်းဆီးပြီး ညီဖြစ်သူ စိုင်းတင်မင်းထွန်း ကိုတော့ သာယာ ဝတီမြို့မှာ ဖမ်းဆီးခဲ့ တာဖြစ် ပါတယ်။ အဲဒီ ဗုံးကွဲမှုကို တိုက်ရိုက် ကျူးလွန်ခြင်း ရှိ၊မရှိနဲ့ ပတ်သက်တဲ့ တရားရုံး ဆုံးဖြတ်ချက် ကိုတော့ တိတိ ကျကျ မသိရ သေးပါဘူး။
စိုင်းတင် မင်းထွန်းဟာ ထိုင်းနိုင်ငံ နယ်စပ်ကနေ မြန်မာပြည်တွင်း မှာ ဖောက်ခွဲရေး လုပ်ဆောင်ဖို့ ပြန်သွားတဲ့ အကြောင်း ရဲ စစ်ချက်မှာ ထွက်ဆို ခဲ့တယ်လို့ သိရ ပါတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်