Friday, September 14, 2012

မြန်မာပြည်အတွက် ဂြိုလ်တု လွှတ်တင်နိုင်တော့မည်

Posted by drmyochit Friday, September 14, 2012, under | No comments


 
From:သာနောင်

မြန်မာနိုင်ငံအတွက် သတင်းကဏ္ဍ၊ ဆက်သွယ်ရေး ဆိုင်ရာတွေနဲ့ တခြား ကဏ္ဍတွေ အတွက် ဂျပန်အကူအညီ ယူပြီး ဂြိုလ်တု လွှတ်တင်ရေး အစီအစဉ်ရှိနေပါပြီ။ဂြိုလ်တုလွှတ်တင်ရေး ပြင်ဆင်တဲ့ အနေနဲ့ လာမယ့် အောက်တိုဘာလ ဒုတိ ယပတ်မှာ အလုပ်ရုံ ဆွေးနွေးပွဲ တခု ဂျပန်နဲ့ မြန်မာ ပူးပေါင်းပြီး ကျင်းပဖို့ ရှိတယ်လို့ သတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။
ဂျပန်အခြေစိုက် Marubeni Aerospace Corporation မန်နေဂျင်း ဒါရိုက်တာ Hiroshi Ikuno နဲ့ မြန်မာ အစိုးရ ပို့ဆောင် ရေး ၀န်ကြီး ဦးဥာဏ်ထွန်းအောင်တို့ဟာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရေး ဆွေးနွေးခဲ့ကြတာ ကို မြန်မာ့အလင်း သတင်းစာ က ဆိုထားပါတယ်။ဂျပန်အစိုးရက သစ်တောထိမ်းသိမ်းရေး၊ စိုက်ပျိုးရေး၊ အဏ္ဏ၀ါဗေဒ၊ ရာသီဥတု စတဲ့ ကဏ္ဍတွေအတွက် မြန်မာ ကို အကူ အညီပေးရေးဆိုင်ရာ အသေးစား မြေကမ္ဘာလေ့လာရေး ဂြိုလ်တု လွှတ်တင်ရေးနဲ့ပတ်သက်ပြီး အမြင်တွေဖလှယ်ဖို့ အလုပ် ရုံ ဆွေးနွေးပွဲကို ကျင်းပမှာဖြစ်ပါတယ်တဲ့။ဒီအပြင် ဂျပန်က အာကာသ သိပ္ပံဆိုင်ရာ နည်းပညာတွေ လေ့လာသင်ယူဖို့လည်းသူတို့ တက္ကသိုလ်တွေကနေ တဆင့် အကူအညီပေးအုံးမှာဖြစ်ပါတယ်။
အစောပိုင်း သတင်းတွေအရတော့ ဂြိုလ်တုလွှတ်တင်ရေးနဲ့ပတ်သက်ပြီး မြန်မာအနေနဲ့ အဖွဲ့ဝင် ၅ ဦးပါတဲ့ ဗဟိုကော်မတီ တခုဖွဲ့စည်းထားပြီး အဖွဲ့ဝင် ၇ ဦးပါတဲ့ လုပ်ငန်းကော်မတီကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ဂျပန်နိုင်ဟာ ပြီးခဲ့တဲ့ ဧပြီလာတုန်းက မြန်မာ့ဒီမိုကရေစီအရေး အားပေးတဲ့အနေနဲ့ မြန်မာနိုင်ငံက ပေးဖို့ ရှိတဲ့ အကြွေး ဂျပန် ယန်းငွေ ဘီလျံ ၃၀၀ (အမေရိကန်ဒေါ်လာ ၃.၆၈ ဘီလျံ) ကိုလည်း လျှော်ပေးဖို့ ဆုံးဖြတ်ခဲ့ ပါသေးတယ်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်