Friday, September 14, 2012

ကျေးရွာထဲက အိမ်တွေမှာ ရွာသားအနေနဲ့ KIA အဖွဲ့မှ ၀င်ရောက်နေထိုင်

Posted by drmyochit Friday, September 14, 2012, under | No comments


 
အောင်မြင်သာကျေးရွာမှာရှိတဲ့ အိမ်တွေမှာ ဒေသခံရွာသား အယောင်ဆောင်ကာ စက်တင်ဘာလ(၉) ရက်နေ့က စပြီး KIA အဖွဲ့မှ အဖွဲ့ဝင်(၂၀)ခန့် လာရောက်ေ နထိုင်လျက် ရှိတယ်လို့ KDN သို့ ပြောလာခဲ့ ပါတယ်။ ဗမာအစိုးရ၏ ငြိမ်းချမ်းရေးေ ဖ်ာဆောင်ရေး အဖွဲ့ရဲ့ ကမ်းလှမ်းချက်တွေကို KIO ခေါင်းဆောင်ကြီးများ အနေဖြင့် အကြောင်း အမျိုးမျိုးပြကာ ရှောင်လွှဲ ခဲ့တဲ့ေ နာက်ပိုင်း မှစပြီး ဗမာစစ်တပ်တွေ ကချင်ပြည်နယ် အတွင်း ပိုက်စိပ် တိုက် ထိုးစစ်ဆင်နေမှုကြောင့် စခန်းငယ်များ အနေဖြင့် နေထိုင်ခြင်း မပြုနိုင်တော့ဘဲ တော ထဲမှာ သေနတ်တွေ ထားပြီး ယခုလို ရွာတွေမှာ ၀င်ရောက်နေထိုင်ကာ ဗမာစစ်တပ်ရဲ့ လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေတာဘဲ ဖြစ် ပါတယ်။

``ရွာလူကြီးတွေကလည်း သူတို့လာနေတာကို မပြောရဲဘူးလေ သူတို့အုပ်ချုပ်တဲ့ နယ်မြေထဲမှာဆိုတော့ သူတို့ အလို လိုက်ရတာပေါ့ ရွာသားတွေကိုလည်း ဗမာစစ်တပ်တွေကို သတင်းသွားမပေးဖို့ မှာထားတယ်၊ သူတို့ဒီလို လာနေတာ ဗမာ စစ်တပ် တွေ သိသွားရင် တစ်ရွာလုံး မီးရှို့အသတ်ခံရမယ်လို့ ပြောထားတယ်။ 

သူတို့ စားဖို့ သောက်ဖို့ကို ရွာမှာရှိတဲ့ လူတွေအားလုံးစုပြီး တာဝန်ယူပေးရတယ်၊ ပိုက်ဆံလိုရင် ပိုက်ဆံပေါ့၊ တစ်ခါ တစ် လေ သူတို့အဖွဲ့တွေ မူးလာရင် ကျွဲတွေ နွားတွေ သေနတ်နဲ့ပစ်တာတို့ ရွာလူကြီးကို ခေါ်ခေါ် ပြီး နှိပ်စက် တာတွေ လုပ်တယ်´´ လို့ ကျေး ရွာ နေ ဒေသခံတစ်ဦးမှ ပြောပါတယ်။
  From -ကချင်နေ့စဉ်သတင်း

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်