Friday, September 14, 2012

ရခိုင် ဘင်္ဂလီ ရိုဟင်ဂျာ အရေးနှင့် ပတ်သတ်ပြီး ဂျကာတာမြို့ရှိ ဗုဒ္ဓဘာသာဝင်များအား အသေခံ ဗုံးခွဲ တိုက်ခိုက် မည့်သူ ဖမ်းဆီး ရမိလူ

Posted by drmyochit Friday, September 14, 2012, under | No comments


From :သန်းဝင်းထွန်း

ဂျကာတာဆင်ခြေဖုန်းရပ်ကွက်တွင် အကြမ်းဖက်သံသယရှိသူ အင်ဒိုနီရှား အမျိုးသားတဦးလက်နက်ချ အဖမ်းခံကာ မြန်မာနိုင်ငံ တွင်ဖြစ်ပေါ်နေသော ရိုဟင်ဂျာများအားပြုမှုများကို မကျေနပ်သည့် အတွက် ဂျကာတာရှိ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲ တိုက်ခိုက် ရန်ကြံရွယ် ခဲ့သည်ကို ဝန်ခံထွက်ဆိုခဲ့ကြောင်း ရဲတပ်ဖွဲ့ တာဝန် ရှိသူမှ ပြောကြား ခဲ့သည်။

သံသယရှိသူအား Muhammad Toriq ဖြစ်ကြောင်း အမျိုးသားရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Boy Rafli Amar မှ အတည်ပြု ပြောကြား ခဲ့သည်။ ပြီးခဲ့သည့်အပါတ်ကတည်းက အသေခံဗုံးခွဲမည့်သူနေထိုင်ရာအိမ်အတွင်းမှ မသင်္ကာဖွယ်ရာ မီးခိုးများ ထွက်ရှိကြောင်းကို အိမ်းနီးချင်းတချို့၏သတင်းပေးဖို့ချက်ကိုလက္ခံရရှိခဲ့သည်။ အသေခံဗုံးခွဲမည်သူနေထိုင်ရာ အိမ်အ တွင်းမှ ဒီတိုနေတာ၊သံတိုသံစသေတ္တာနှင့် ပေါက်ကွဲစေသောအရာများကို သိမ်းဆည်းရခဲ့ပြီး ကနဦး စစ်ဆေး တွေ့ရှိ ချက်အရ အသေခံဗုံးခွဲမည့် Toriq ၏အစီအစဉ်မှာ ဗုံးပြင်ဆင်ပြီး ယနေ့တိုက်ခိုက်မည်ဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ Amar ကတနင်္လာနေ့တွင်မီဒီယာသို့ထုတ်ဖေါ်ပြောဆိုလိုက်သည်။ ဖမ်းဆီးရမိသူသည်ဘယ်အကြောင်းကြောင့် လက် နက်ချ အဖမ်းခဲ့ကြောင်းကိုမသိရှိရသေးကြောင်းနှင့် Toriq တို့၏အသေခံမှာဗုံးခွဲမည့်အစီအစဉ်မှာ ဂျကာတာရှိ ရဲဌာချုပ်၊အမှတ်၈၈ အကြမ်းဖက်ရဲတပ်ဖွဲ့ရုံး၊ရဲစခန်းတခုနှင့် ဗုဒ္ဓဘာသာအသိုင်းအဝိုင်းတို့ လက်ရွေးစင် များဖြင့် ပစ်မှတ်ထား တိုက်ခိုက် မည်ဖြစ် ကြောင်းကို ပြောရေး ဆိုခွင့်ရှိသူ Amar မှပြောဆိုခဲ့သည်။

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်