Saturday, September 15, 2012

ဗန်းမော်နဲ့ လွယ်ဂျာသွား ကားလမ်းမှာ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲ

Posted by drmyochit Saturday, September 15, 2012, under | No comments


ကချင်ပြည်နယ် ဗန်းမော်နဲ့ လွယ်ဂျာသွား ကားလမ်း ၂၈ မိုင်းမှာ မနေ့က စက်တင်ဘာ ၁၂ ရက်နေ့မနက် ၉ နာရီ လောက်မှာ ချိန်ကိုက်ဗုံးတစ်လုံး ပေါက်ကွဲပြီး ကားသမားတစ်ဦးနဲ့ ဆိုကယ်သမားတစ်ဦး အနည်းအကျဉ်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံးတာတော့ မရှိဘူးလို့ ဗန်းမော်လွယ်ဂျယ်သွား ခရီးသည်တစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။


ဗန်းမော်မြို့နယ် တရုတ်မြန်မာနယ်စပ် လွယ်ဂျာမြို့သွား ကားလမ်းကိုတော့ မကွေးမြို့ အခြေစိုက် အမှတ် ၈၈ ခြေ မြန်တပ် မဌာနချုပ်က တပ်ရင်းတွေက ထိမ်းချုပ်ထားတယ်လို့ သိရပါတယ်။ ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင် အေနဲ့ မြန်မာ တပ်မတော်တို့ အဲဒီဒေသဘက်မှာ အပြန်အလှန် တိုက်ပွဲတွေ ဖြစ်နေတာလည်း ဖြစ်ပါတယ်။

From -DVB 

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်