Saturday, September 15, 2012

ပြည်သူ့သဘောထားစစ် တမ်းလေးတော့ ကောက် သင့်တယ်

Posted by drmyochit Saturday, September 15, 2012, under | No comments



လွှတ်တော်ကိုယ်စားလှယ်လည်းမဟုတ်၊ အစိုးရအဖွဲ့အစည်းမှာလည်းမပါ၊ နိုင်ငံရေးလည်း မလုပ် ပေမယ့် ပြည်သူ တစ်ယောက်အနေနဲ့တော့ အမြင်မတော်တာလေးတွေမြင်နေရတော့ ဝေဖန်ခွင့် လေးတော့ ရှိမယ် ထင်ပါရဲ့။ နိုင်ငံတော်ရဲ့ခုံရုံးအဖွဲ့ကို စုံစမ်းစစ်ဆေးရေးအဖွဲ့ထပ်ဖွဲ့တယ်ဆိုတော့ နိုင်ငံတကာ စာမျက်နှာမှာ ကျော်မကောင်း ကြားမကောင်း တွေများဖြစ်နေပြီလားမသိ။ International Image မှာ မတွေ့ဖူးပါဘူးဗျာ။ နိုင်ငံတော်ခုံရုံးဆိုတာက လမ်းကြောင်းသွေဖည်နေတာတွေ၊ အခြေခံဥပဒေနဲ့ ကိုက်ညီမှုမရှိတာတွေ၊ မှားယွင်း နေတာတွေကို ထိန်းညှိပေးဖို့အတွက် ဖွဲ့စည်းထားတာပဲမဟုတ် လား။ နိုင်ငံတော်ရဲ့ အမြင့်ဆုံး ခုံရုံးဖြစ်တဲ့ အတွက် ဘယ်သူ့ဘက်မှဘက်မလိုက်ဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီ ဆုံးဖြတ်ပေးရတဲ့အပြင် ခုံရုံးရဲ့ ဆုံးဖြတ်ချက် ဟာ အပြီးအပြတ်ပဲ ဖြစ်တယ်ဆိုတာ အားလုံးသိရှိပြီး ဖြစ်ပါတယ်။ တရားစီရင်ရေး၊ ဥပဒေပြုရေးနဲ့ စီမံခန့်ခွဲရေး ဆိုတဲ့ အာဏာကြီး ၃ ရပ်ကို အခြေခံဥပဒေမှာ သူ့ကဏ္ဍနဲ့သူ ခွဲခြားပေးထားပြီးဖြစ်တယ်။ အစိုးရရဲ့ စီမံခန့်ခွဲမှု အာဏာကို လွှတ်တော်အဖွဲ့အစည်းတွေက ၀င်ရောက် စွက်ဖက်ခြင်းမပြုနိုင်ပေမယ့် မှားယွင်းနေတာတွေ၊ လိုအပ်ချက်တွေကို အပြုသဘော နဲ့ထိန်းညှိခွင့် တော့ရှိပါလိမ့်မယ်။ တရားစီရင်ရေးအပိုင်းလည်းဒီလိုပါပဲ။ အခုတော့အပြုသဘောမဆောင် ဘဲ အကွဲအပြဲ ဘက်ကိုဦးတည်နေပြီလား လို့ မေးရမလိုဖြစ်နေပြီ။ ခုံရုံးအဖွဲ့ကို ပြန်ပြီးစုံစမ်းစစ်ဆေးရေးဖွဲ့တယ်။ ခုံရုံးအဖွဲ့ တွေကိုနုတ်ထွက်ခိုင်းတယ်။ တရားတောင်စွဲကြမလားမသိဘူး။ ကျွန်တော် တို့လို ဘေးကကြည့်နေတဲ့ပွဲ ကြည့်ပရိသတ်တွေအတွက် ပွဲကကြည့်မကောင်းဘူး။ တစ်ဖက် သတ်ကြီး ဖြစ်နေတယ်။ ခုံရုံးဥက္ကဋ္ဌပြော သလိုပဲ ဘယ်နိုင်ငံမှာမှ မကြုံဖူးပါဘူး။ သမ္မတကြီးကလည်း သ၀ဏ်လွှာ ပို့ပြီး သူ့ရဲ့သဘောထားကို ပြောပြီး သားပဲ။ ဒါကိုထပ်ပြီးအတွန့်တက်ကြ တယ်။ နိုင်ငံတော်အခြေခံ ဥပဒေခုံရုံးရဲ့ ဆုံးဖြတ်ချက်က အတည် မဖြစ်ဘူးဆိုရင်တော့ ဥပဒေရဲ့အထက်မှာတစ်ခုခုတော့ရှိနေပြီထင်တယ်။ ဥပဒေတွေ၊ စည်းမျဉ်းစည်းကမ်း တွေဆိုတာ အသက်ရောဝင်ပါဦးမလားမသိ။ နောက်တာဝန်ယူမယ့်ခုံရုံးအဖွဲ့တွေကရော ၂၀၀၈ ခုနှစ် အခြေခံဥပဒေအတိုင်း မာမာထန်ထန်ရောရပ်တည်နိုင်ပါဦး မလား။ ပြည်သူ့သဘောထား၊ စစ်တမ်းလေး တွေတော့ ကောက်သင့်တယ်ထင်ပါတယ်။ ဘယ်အရာမဆို လွှတ်တော်ကပဲ ဆုံးဖြတ်တော့မယ် ထင်တယ်။ မှားတာရှိရင် လည်း ၀န္တာမိပါဗျာ……

ဆောင်းပါးရှင် ဝေယံမိုး

0 comments:

Post a Comment

Tags

Labels

နောက်ဆုံးရ သတင်းများ

Blog Archive

Blog Archive

ဆက်သွယ်ပေးပို့ရန်

drmyochit72@gmail.com သို့ ဆက်သွယ်ပေးပို့နိုင်ပါသည်

ရှာဖွေရန်